တိမ်လွှာဓား

in #photography3 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ

တစ်နေ့က ရွာတစ်ရွာ မှ အပြန် အနောက်ရပ် ကို
မျှော်ကြည့်မိခဲ့ပါတယ်။
ညနေခင်း နေဝင်ချိန် ဖြစ်လေတော့ Sunset View
လှလှလေးများ မြင်တွေ့ရ မလားလို့ပေါ့။
နေဝင်ချိန်အလှ ထူးထူးခြားခြား မတွေ့မြင်ရပေမယ့်
တိမ်တွေကို ဓာတ်ဖမ်းခဲ့မိပါသေးတယ်။

img_0.29070431248652234.jpg

ခု ပုံထဲမှာ မြင်ရတဲ့ တိမ်လွှာများကို တိမ်လွှာဓား ဟု
အမည်ပေးချင် မိပါတယ်။
ဘာကြောင့်လဲ ဆိုတော့ တိမ်လွှာတွေ ဖွဲ့တည်ထားပုံမှာ
ဓားမချွန်း ပုံစံ မြင်တွေ့ရလို့ ပါပဲ။

ဒီ တိမ်လွှာဓား ကို တိမ်လွှာနဂါး သူရဲကောင်းတွေ လက်
ပေးအပ်လိုက်လို့ ကတော့ သိုင်းလောက ဘုရင်
ဖြစ်သွားလောက်တယ်ဗျ။

ဟဲ ဟဲ တိမ်လွှာ ကို ဓား အမည်ပေးလိုက်တော့
သိုင်းလောက သွားသတိရ မိတာပါပဲ။

မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

Sort:  

ငါး ပုံနဲ့လည်း ဆင်သလို ပါပဲ

ငါးလေး အစာဟပ်ဖို့ ပါးစပ်ဟနေ