ပညာရေး၊ ဆယ်ကျော်သက်နှင့် အင်တာနက်၏ ပြဿာနာ။

in HIVE-MYANMAR16 days ago

ပညာရေး အဲ့သဟာကြီးက အတော်ကို
အရေးပါတာကလား။ မှန်ပါသည် ယခုခေတ်
ကာလကြီးမှာ အဆိုပါ ပညာရေး ဆိုတာကြီးက
အရေးကြီးသော ကဏ္ဍတခုဖြစ်သည်။
ပညာ ကို မြှင့်တင်သော၊ မြောက်စားသော
အရေးတယူပြုသော နိုင်ငံများက တိုးတက်
ကြီးပွားသည်။

ပညာရဲရင့် ပွဲလယ်တင့် ဆိုသည်ကား
အလကား ပြောဆိုထားခြင်းမဟုတ်ပေ။
အများတကာနှင့်တန်းတူ ရင်ဘောင်တန်း
နိုင်ပါမှ အများတကာ၏ ကဲ့ရဲ့ပြစ်တင်
ပြောဆိုခြင်းမှ ကင်းမည်။ ယခုအချိန်
ကျွန်တော်တို့ နိုင်ငံ၏ အခြေအနေကို
မြင်တွေ့နိုင်သည်။

ပညာဖြင့်အုပ်ချုပ်သူနှင့် အာဏာဖြင့်အုပ်ချုပ်သူ
နိုင်ငံများကို ယှဉ်တွဲကြည့်ပါက ပို၍သိသာ
ထင်ရှား မြင်သာစေသည်။ ပညာ ရှိသူက
ပြောဆို ပြုမူပုံနှင့် ပညာမဲ့သူ ပြောဆိုပြုမူပုံက
အင်မတန်ကွာခြားလှသည်။

အဝေးကိုကြည့်စရာမလိုပါ။ ကျွန်တော်များ၏
Hive Myanmar group မှာပင် အင်္ဂလိပ်
ဘာသာဖြင့်ရေးသားသူက ပို၍ အဆင်ပြေသည်။
မြန်မာစာဖြင့်ရေးသူက နောက်ကောက်ကျနေ
သည်။ နောင်တချိန် အေအိုင် နည်းပညာများ
တိုးတက်လာပါမူ မပြောတတ်ပါ။ သို့သော်ငြား
ယခုလောလောဆယ်မှာ ပညာရှိသူက ပို၍
သာစမြဲပါ။

ပညာရေးအကြောင်းရေးဖို့ အဲ့သလို အစချီ
နေတာ တော်သင့်ပေသည်။ ယခုငါးလပိုင်း
ကုန်ပါလျှင် ကျောင်းများဖွင့်ပေတော့မည်။
ကျောင်းနေအရွယ် ကလေးများအတွက်
ခက်ခဲသည့်ပြဿနာ ကြုံကြပြန်သည်။
ပြဿနာက ယခုနှစ်ဆိုပါမူ သုံးနှစ်ရှိပေသည်။

ကျောင်းသား၊ မိဘနှစ်ဦး စလုံး ခက်ခဲသည့်
ပြဿနာကို ရင်ဆိုင်ကြရပြန်သည်။ ထိုအချိန်အခါ
ကို ရောက်ရှိလို လာပြန်ပါပေသည်။ ပြဿနာ
ဆိုသည်က အစိုးရကျောင်းမှာ ထားမလား၊
ကိုပိုင်ကျောင်းမှာထားမလား။ အစိုးရကျောင်း
လည်းမထားချင်၊ ပြင်ပကျောင်းလည်း မထားနိုင်။

ဆိုတော့ ခေါင်းခဲစရာဖြစ်သည်။ ဒါများဗျာ
အင်တာနက်ကနေ ကျောင်းပညာရေးတွေ
သင်ပေနေတဲ့ဟာ သင်စမ်းပါလေ။
အင်တာနက်ကနေ သင်ယူစရာတွေ ပေါမှပေါ။
မှန်ပါသည်။ ဟုတ်ပါသည်။ သင်ယူတတ်သူ၊
သင်ယူချင်စိတ် ရှိသများအတွက် မှန်ပါသည်။

ဆယ်ကျော်သက်မိဘအချို့အတွက် ခေါင်းခဲစရာ
များလည်းရှိသည်။ ပညာရေးသည် ဟိုမရောက်
ဒီမရောက်ဖြစ်နေသည်။ လူကလည်း ဟိုမရောက်
ဒီမရောင်အရွယ်များဆိုတော့ ကိုယ်တိုင်ကြုံသူ
များသာ အဆိုပါပြဿနာအတွက် ခေါင်းခဲစေသည်။
ပညာရေးအတွက် အင်တာနက်ဝိုင်ဖိုင် တပ်သည်။
သားသမီးကို ဂရုမစိုက်နိုင်သူ မိဘအတွက်
အင်တာနက်မှာ ဘာတွေကြည့်ရှုနေသည်ကို
မကြည့်နိုင်ပေ။ ပညာရေး၊ ဆယ်ကျော်သက်နှင့်
အင်တာနက်၏ ပြဿာနာပေါင်းများစွာ အပြင်
အခြားမည်သည့်အရာများ ရှိနေအုံးမည်
မသိသေးတော့‌ ပေ။

@htwegyi
May 17, 2024

Sort:  

!pizza
!hug

Dear @htwegyi, you just got hugged.
I sent 1.0 HUG on behalf of @tin.aung.soe.
(2/3)

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !HUG from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

@hiq.smartbot, sorry!

You are out of hugs for today.

You can call the HUG bot a maximum of 2 per day.

The current call limits are:

HUG in walletcalls per day
01
12
103