ကျွန်တော်ပြန်လာပြီ ( Henry Aung )

in HIVE-MYANMAR4 months ago

မင်္ဂလာပါ။ တနှစ်ကျော်နီးပါးပျောက်နေခဲ့သော ကျွန်တော် Hive သို့ စိတ်သာရောက်နိုင်ပြီး လက်မရောက်နိုင်ခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် အကြောင်း ကြောင်း ကြောင့်ဟုသာ ဆိုကြပါစို့။ ကုန်လွန်ခဲ့သော ခုနှစ်များတွင် ကျွန်တော် ခရီးသွားနေခဲ့သည့်အချိန်က ပို၍ များပါသည်။

ထိုအချိန်ကာလအတောအတွင်း မိတ်ဆွေများလည်း သိကြသည့်အတိုင်း မြန်မာပြည်တွင် ပြေလည်နေသည်ဟူသော သူမှာ လိမ်ညာ ဟန်ဆောင်နေသူသာ ဖြစ်သည်ကို အားလုံးသိပြီး ဖြစ်ပါသည်။

အချို့က မိမိမပြေလည်မှုများအား Social Media ပေါ်တွင် အားလုံးကောင်း ပါသည်ဟု ပျော်ရွှင်ဟန်ဆောင်ပြနေကြသလို အချို့ကလည်း Social media ပေါ်မှ လုံးဝပျောက်သွားကြပါသည်။

လွန်ခဲ့သော နှစ်များတွင် မည်သူကတော့ တံတားပေါ်မှ ခုန်ချသွားသည် မည်သူမည်ဝါကတော့ မိမိကိုယ်မိမိ အဆုံးစီရင်သွားသည်ဟူသော သတင်းများ မကြာခဏကြားခဲ့ကြရပါသည်။ ထိုအဖြစ်အပျက်များ၏ အကြောင်းရင်းအား လေ့လာလိုက်လျင် မိမိမပြေလည်မှု / အဆင်မပြေမှု / အခြေအနေအရပ်ရပ်ကြောင့် ကြုံတွေ့နေသော ပြသနာများအား အရှုံးပေးသွားကြခြင်းဖြစ်ပါသည်။

ကျွန်တော် ပြန်စဉ်းစားကြည့်ပါသည်။ ဤကဲ့သို့သော ပြသနာများအတွက် မိမိကိုယ်မိမိ အဆုံးစီရင်း ခြင်း ထွက်ပေါက် အပြင် အခြားထွက်ပေါက် ရှိပါသေးသလော ဟူ၍။ ဟုတ်ကဲ့ ထိုအခြင်းအရာက ကျွန်တော့အား Hive နှင့် ကာလအတန်ကြာ ဝေးကွာနေစေခြင်း၏ အကြောင်းအရာ ဖြစ်ပါသည်။

ယခင်က ကျွန်တော့ အနေဖြင့် Steemit / Hive Platform ဟူသော သီးသန့်နေရာများတွင်သာ ကြယ်ငါး ကောက်နေခဲ့သော်လည်း ယခုတော့ ပြင်ပကမ္ဘာတွင် ကြယ်ငါး ကောက်နေပါသည်။ ကမ်းစပ်တွင် ကြယ်ငါးများစွာ သောင်တင်နေပါသည်။ အားလုံးအား ကယ်တင်ရန် ကျွန်တော်မတတ်နိုင်ပါ။

သို့သော် ကျွန်တော် ကောက်လိုက်နိုင်သည့် ကြယ်ငါး တကောင် အတွက်တော့ ပင်လယ်ရေနက်သို့ နောက်တဖန် ပြန်ရောက်သွား၍ အသက်ရှင်ခြင်း ဟူသော ထွက်ပေါက် ရသွားလျင် ကျွန်တော် ဝမ်းသာလှပါသည်။ ကျွန်တော် Hive သို့ ပြန်လာပါပြီ။

Henry Aung ( Kachin )

08/02/2024 - Thursday - 08;42 Am

Sort:  

Warmly welcome 🤗
!hiqvote

Xie Xie,😀

အရင်လိုစာတွေပြန်ရေးကြတာပေါ့အစ်ကို
အစ်ကို့ဆောင်းပါးတွေကနေအတုယူစရာတွေ ဗဟုသုတတွေယူချင်ပါသေးတယ်

နေ့တိုင်းမဟုတ်တောင် ရက်ခြား ရေးသွားဖို့ စိတ်ကူးထားပါတယ်။ ရေးစရာတွေက ရှိပေမယ့် လက်ကမသွက်ဘူး။

"ငါ ပြန်လာပြီ ရှေ့မှာ ရောက်နေပြီ။ မင်းတို့ လက်တွေ လေထဲကို မြှောက်ထားလိုက်။"
ဟီးဟီး

Welcome back ပါ ကိုဟင်ဗျ။
!pizza

အရင်လို အခြေအနေ တိုင်းပေါ့....😀😀

မျှော်နေတာကြာပြီ။
ကိုဟင့် စာများဖတ်ပြီး ကိုယ်တွေအတွက်
စာရေးဖို့ အတွေးများရသည်။
ဗဟုသုတများရသည်။
မျှော်နေတာကြာပြီ။
!LOLZ
!MEME

What is black and white and red all over?
A penguin with a sunburn.

Credit: captaincryptic
@kachinhenry, I sent you an $LOLZ on behalf of htwegyi

(1/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

ရေးချင်ပေမယ့် စိတ်သွားတိုင်း ကိုယ်မပါဘူး ဖြစ်နေတာရယ် 😃

ပြန်လည်ကြိုဆိုရတာပေါ့။
Warmly Welcome 🤗
ဂုဏ်ယူစရာတွေ လုပ်ဆောင်နိုင်သူကို ချီးကြူးလေးစားမိပါတယ်

အရင်လို အခြေအနေ တိုင်းပေါ့....

ကြိုဆို​နေပါတယ် ကိုဟင် အရင်လို ဗဟုသုတရစရာ အတွေ့အကြုံ ​ဆောင်းပါး​တွေကို ပြန်ဖတ်ရ​တော့မှာမို့ ​ပျော်ရွှင်မိပါတယ်
!PGM
!MEME

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO - 0.005 SCRAP - 0.001 INK tokens

remaining commands 4

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


ကျေးဇူးတင်ပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီးရေးပါ့မယ်။

@ansoe, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @kachinhenry gets !PIMP from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻


You must be killin' it out here!
@hiq.smartbot just slapped you with 1.000 PIMP, @kachinhenry.
You earned 1.000 PIMP for the strong hand.
They're getting a workout and slapped 1/1 possible people today.

pimp_logo


Read about some PIMP Shit or Look for the PIMP District

Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!