ရုရှား ယူကရိန်း စစ်ပွဲ -အပိုင်း (၂ )( Henry Aung )

မင်္ဂလာပါ။ ကျွန်တော်ရေးသားနေသော ရုရှား နှင့် ယူကရိန် တို့၏ စစ်ပွဲအကြောင်း ဆက်လက်ဖေါ်ပြပေးပါမည်။ ယူကရိန်း အရှေ့ဘက် ဒေသ လက်ရှိ ရုရှားတို့ ထိန်းချုပ်ထားရာ ဒေသများသည် အများအား ဖြင့် စိုက်ပျိုး ရေးတွင် အရေးပါသော ဒေသများ ဖြစ်ပါသည်။

ယူကရိန်း အနေဖြင့် ဥရောပတွင် ဂျုံနှင့် အခြားသီးနှံများ အများဆုံး တင်ပို့သော နိုင်ငံဖြစ်ရာ လက်ရှိအခြေအနေ တွင် ထို စိုက်ခင်းတို့မှာ ဗလာဟင်းလင်း ဖြင့် စစ်မြေပြင် ဖြစ်နေပြီ ဖြစ်ပါသည်။ စိုက်ခင်း နေရာအနှံ့အပြား တွင် အမြောက်ဆန် ကျရောက်ပေါက်ကွဲ ထားသဖြင့် ကျင်းများ ချိုင့်များ ဖြင့် ပြည့်နှက်နေပါတော့သည်။

ဤ ရုရှား၏ ယူကရိန်းကျူးကျော်စစ် သည်ပူတင်အနေဖြင့် ယူကရိန်း အား နေတိုး နိုင်ငံများသို့ ဝင်ရောက်သွားလျင် ရုရှားအနေဖြင့် နေတိုးနိုင်ငံများ၏ တိုက်ရိုက် တိုက်ခိုက်ခံရနိုင်သောကြောင့် ယူကရိန်းအား ကြားနေနိုင်ငံအဖြစ်ထားရန် တိုက်ခိုက်သည်ဟု အကြောင်းပြထားခဲ့ပါသည်။ ဤသည်မှာ အကြောင်းပြ ချက်သာ ဖြစ်ပါသည်။

ပူတင်အနေဖြင့် ယူကရိန်းအား သိမ်းပိုက်ပြီး ရုရှားအလိုကျ အမည်ခံခေါင်းဆောင် တယောက်တင်ထားကာ နေတိုးနိုင်ငံများအား အနီးကပ် ခြိမ်းခြောက်နိုင်မည် ဖြစ်ပါသည်။ ဤ ရုရှား၏ ယူကရိန်းနိုင်ငံကျူးကျော် စစ်အပေါ် အစပိုင်းတွင် နေတိုးနိုင်ငံများက အဘယ့်ကြောင့် စစ်လက်နက်များ ထောက်ပံ့ပေးနေကြသည်ကို နားမလည်နိုင်ခဲ့ပါ။

အမေရိကန် ကတော့ ရုရှား၏ ပြိုင်ဘက် အနေဖြင့် ယူကရိန်းအား စစ်လက်နက် ပစ္စည်း ထောက်ပံ့ပေးသည်ကို သဘောပေါက်ပါသည်။ သို့သော် ယူကရိန်းဖြင့် နယ်နမိတ်ချင်း ထိစပ်နေသော ပိုလန်က ဤ ကျူးကျော်စစ်အား လုံးဝကန့်ကွက်ကာ ဥရောပနိုင်ငံများတွင် ယူကရိန်းအား စစ်လက်နက် ပထမဆုံး ပေးပို့သည်မှာ အမေရိကန်ပြီးလျင် ပိုလန် ဖြစ်ပါသည်။

စစ်ပွဲစပြီး တလအတွင်း ပိုလန်နိုင်ငံက သူ့တွင် ရှိသော ဟောင်ဝင်ဇာ အမြောက်ကြီးများ နှင့် MIG တိုက်လေယဉ် ၁၄ စင်းအား ယူကရိန်းသို့ တရားဝင်ပေးပို့လိုက်သည့် အပြင် အခြားသော ခဲယမ်း များနှင့် စစ်သုံး မော်တော်ယာဉ် အမြောက်အများလည်း ပေးပို့လိုက်ပါသည်။

အစပိုင်းတွင် ကျွန်တော့အနေဖြင့် နေတိုးနိုင်ငံများဤသို့ စစ်လက်နက် ထောက်ပံ့ ပေးခြင်းသည် စစ်မီးအား ပိုမို တောက်လောင်အောင် လောင်စာ လောင်းပေးသည်ဟူ၍သာ ထင်ထားခဲ့ပါသည်။ သို့သော် စစ်ပွဲ ကြာလာသည်နှင့် အမျှ ပထဝီနိုင်ငံရေး အရ ပူတင် မည်သို့ ခြေလှမ်းကျဲ လှမ်းနေသည်ကို သတိထား မိခဲ့ပါသည်။ ဤသည်မှာ ကျွန်တော်နားလည်လာသည်ကို ဆိုလိုခြင်း ဖြစ်ပါသည်။

ဥရောပ နိုင်ငံ့ ခေါင်းဆောင် များကတော့ ပူတင်ရွှေ့မည့် အကွက်အား ကြိုမြင်နေပုံရသဖြင့် ယူကရိန်း စစ်မရှုံးစေရန် ဘောင် အတွင်းမှ ထောက်ပံ့ ပေးနေကြခြင်း ဖြစ်ပါသည်။ ဤတွင် ကျွန်တော် အထက်တွင် ဖေါ်ပြခဲ့သော ပိုလန် နိုင်ငံ အကြောင်း အနည်းငယ်ဖေါ်ပြလိုပါသည်။

ပိုလန်သည် အဘယ့်ကြောင့် ဤ စစ်ပွဲတွင် ယူကရိန်း ဘက်မှ နေ၍ ရုရှားအား ဆန့်ကျင်နေရသနည်းဆိုသော် ယူကရိန်း ပြီးလျင် ဒုတိယကျူးကျော် ခံရမည့် နိုင်ငံမှာ ပိုလန် ဖြစ်နေသော ကြောင့် ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် သမိုင်း နောက်ခံကြောင့် ဖြစ်ပါသည်။

ဒုတိယ ကမ္ဘာစစ် ပြီးနောက်ပိုင်းတွင် အမေရိကန်က နေတိုး ဟူ၍ မဟာမိတ် နိုင်ငံ များဖွဲ့စည်းသလို ဆိုဗီယက် ရုရှားကလည်း ဝါဆော ဟူသော အမည်ဖြင့် မဟာမိတ်ဖွဲ့ခဲ့ပါသည်။ ယခု လက်ရှိ ဥရောပ နိုင်ငံငယ် ( ယူကရိန်း အပါအဝင် ) များမှာ ဝါဆော အဖွဲ့ ဝင်များ ဖြစ်ပါသည်။

သို့သော် ထိုနိုင်ငံများထဲတွင် ပိုလန် မပါဝင်ခဲ့ပါ။ ဂျာ မနီကတော့ ဒုတိယ ကမ္ဘာစစ်ပြီးသည်နှင့် နှစ်ပိုင်း ခွဲကာ အရှေ့ ဘာလင် / အနောက်ဘာလင် ဟူ၍ အမေရိကန် တဖက် / ရုရှားကဖက် ခွဲဝေ အုပ်ချုပ်ခဲ့ကြပါသည်။ ထို့အပြင် ပိုလန် သည် ဒုတိယ ကမ္ဘာ စစ်မစမှီ ကပင် ရုရှား အာဏာရှင် စတာလင် ၏ နှိပ်စက်ခြင်းကို ခံခဲ့ရသော တိုင်းပြည် ဖြစ်ပါသည်။

ဤ ဆိုဗီယက်ခေတ် ပထဝီ နိုင်ငံရေး အကြောင်း ရေးရလျင် ဆောင်းပါးရှည်မည် စိုးသော ကြောင့် ချန်လှပ်ထားခဲ့ပါမည်။ ဆိုခဲ့သည့် အတိုင်း ပိုလန်သည် ယူကရိန်း အား အဓိက စစ်ရေး အကူအညီ ပေးနေသည့် အပြင် လွန်ခဲ့သော ဇန်နဝါရီ လတွင် နေတိုးနိုင်ငံများ သဘောတူထားခဲ့သည့် အနောက်နိုင်ငံများ၏ တင့်ကား များ ပေးပို့ မှုသည်လည်း ပိုလန်သည် အဓိက အခန်းမှ ကူညီနေပါသည်။

ယူကရိန်း သည် ဆိုဗီယက် ယူနီယံမှ ခွဲထွက်ခဲ့ ပြီးနောက်ပိုင်းတွင် ရုရှား ထုတ် T စီးရီး တင့်ကားများသာ ပိုင်ဆိုင်ခဲ့ပါသည်။ ယခု နေတို့နှင့် အမေရိကန် အင်္ဂလန် တို့ ထောက်ပံ့ပေးသည့် တင့်ကား နည်းပညာများ အသုံးပြုပုံများ ပြင်ဆင်ခြင်း တပ်ဆင်ခြင်းများအား အချိန်ယူ၍ သင်ကြားရမည် ဖြစ်ပါသည်။

ဤ တင့်ကား နည်းပညာ များ အား အဓိကသင်ကြားပေးနေသော နေရာ တနည်းအားဖြင့် ယူကရိန်း စစ်တပ်အား ထရိန်နင်ပေးနေသော နေရာမှာ ပိုလန် နိုင်ငံဖြစ်ပါသည်။ ဤ နေရာတွင် အဘယ့်ကြောင့် ပူတင် ယူကရိန်းအား ကျူးကျော် ရသနည်း ဆိုသည်ကို ဖေါ်ပြပေးရန် လိုအပ်လာပါသည်။

ဟုတ်ပါသည်။ ပူတင်သည် တချိန်က အမေရိကန်အား ခြိမ်းခြောက်နိုင်ခဲ့သည့် ဝါဆော အင်ပါယာအား ပြန်လည် အသက်သွင်းလိုခြင်း ဖြစ်ပါသည်။ ရုရှား ၏ စစ်လက်နက် အင်အားကြီးထွားလာသည်နှင့် အမျှ ပူတင်အနေဖြင့် ယူကရိန်းအား အလွယ်တကူ သိမ်းပိုက်နိုင်လျင် တချိန်က ဝါဆော အဖွဲ့ဝင် နိုင်ငံများအား သူ၏ ရုရှား စစ်ပါဝါဖြင့် သိမ်းသွင်း နိုင်မည် ဟုယူဆထားခဲ့သော ကြောင့် ယူကရိန်းအား အခြေအမြစ် မရှိသော အကြောင်းပြချက်ကြောင့် ကျူးကျော်ခဲ့ခြင်း ပင်ဖြစ်ပါသည်။

တချိန်က အမေရိကန် နှင့် ရုရှား ဆိုဗီယက်တို့ အင်အား ပြိုင်ရာတွင် အမေရိကန် က ဒီမိုကရေစီ စနစ်နှင့် ဆိုဗီယက် ၏ ကွန်မြူနစ် စနစ်တို့ အားပြိုင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဤ သို့ဖြင့် ဆိုဗီယက် ကွန်မြူနစ် စနစ်သို့ ဝင်ရောက်လိုသော နိုင်ငံများတွင် မြန်မာနိုင်ငံသည်လည်း ပါဝင်ခဲ့သလို မလေးရှား / အင်ဒို နီးရှား အပါအဝင် စင်္ကပူ လည်း ပါဝင်ခဲ့ပါသည်။

အ​ရှေ့တောင်အာရှတွင်တော့ ကွန်မြူနစ် ဟူ၍ အောင်ပွဲရခဲ့သည်မှာ ဗီယက်နမ် တနိုင်ငံတည်းသာ ရှိပါသည်။ ဤ အကြောင်းအရာများ ရေးသားရလျင် ရုရှား ယူကရိန်း စစ် အကြောင်းမှ လမ်းလွှဲ သွားမည် စိုးသောကြောင့် ချန်လှပ်ထားခဲ့ပါမည်။ တချိန်က နာမည်ကြီး ဆိုဗီယက် ယူနီယံ ဝါဆော အဖွဲ့ ဝင် နိုင်ငံများအား ဖေါ်ပြပေးလိုက်ပါသည်။

အာမေးနီးယား / အဇာဘိုင်ဂျန် / လောရုပ်စ် / အက်စတိုးနီးယား / ဂျော်ဂျီယာ / ကာဇက်စတန် / ကာဂျစ်စတန် /လတ်ဗီယာ / လစ်တူနီယား / မောလ်ဒိုဗာ / တာဂျစ်ကစ်တန် / တာခ်မေနီစတန် / ယူကရိန်း /အူဘက်ကစ်တန် နိုင်ငံတို့ ဖြစ်ပါသည်။ ဤ ဝါဆော အဖွဲ့ဝင် နိုင်ငံများတွင် ကာဇက်စတန် နိုင်ငံသည် စိတ်ဝင်စားစရာ ကောင်းပါသည်။

အဘယ့်ကြောင့် စိတ်ဝင်စားစရာ ကောင်းသနည်း ဆိုသော် ကာဇက်စတန် သည် တချိန်က ဆိုဗီယက် ယူနီယံ ၏ အာကာသ ဒုံးပျံများ လွှတ်တင်ရာ ဒေသ ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဤနေရာတွင် ဆိုဗီယက်တို့ ယနေ့ နာမည်ကြီးနေသော အဖဂန်နစတန် အားလည်း ကျူးကျော်စစ် နွဲခဲ့ပါသည်။ သို့သော် အောင်မြင်မှု မရခဲ့ပါ။

အဖဂန်နစတန် သည် သမိုင်းခေတ် အဆက်ဆက် မည်သည့် စစ်ဘုရင် မှ ကျူးကျော်၍ မရခဲ့သည့် နိုင်ငံ ဖြစ်ပါသည်။ ယနေ့ခေတ် ရုရှား မှ မဟုတ် အမေရိကန် ပင်လျင် အရှုံးဖြင့် ဆုတ်ခွာ ခဲ့ရသည့် နိုင်ငံ ဖြစ်ပါသည်။ အလျဉ်းသင့်လျင် အဖဂန် စစ်မြေပြင် အကြောင်း ဖေါ်ပြပေးပါမည်။

တချိန်က ရွှေထီးဆောင်းခဲ့သည့် အိမ်မက်အား ပူတင် အနေဖြင့် အကောင်အထည်ဖေါ်လိုသောကြောင့်သာ ဤ ယူကရိန်း ကျူးကျော်စစ် ဖြစ်လာခဲ့ခြင်း ဖြစ်ပါသည်။ နောက်ဆောင်းပါးတွင် ရုရှားတို့၏ အားနည်းချက် / အဘယ့်ကြောင့် ပူတင် ယူကရိန်းမြို့တော်အား မသိမ်း နိုင်သည့် အကြောင်းနှင့် အနောက်နိုင်ငံ တို့၏ နိုင်ငံရေး ကစားကွက်များအကြောင်း ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

09/03/2023 - Thursday - 19;12 Pm

Sort:  

ကြိုက်ပြီဗျို့ ဖတ်လို့ကောင်း ဖတ်ရှိန်လည်းမြင့်
လာပြီ နောက်အပိုင်းတွေ စောင့်မျှော်ပေါပြီ။
!PIZZA
!MEME

အတတ်နိုင်ဆုံး ဖေါ်ပြပေးပါ့မယ်။ !PIZZA

အတော်လေ့လာထားတာပဲ
ဆက်ဖတ်မယ်ဗျို့။
!PIZZA

အတတ်နိုင်ဆုံး ဖေါ်ပြပေးပါ့မယ်။ !PIZZA

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
uthantzin tipped kachinhenry (x1)
golden.future tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
htwegyi tipped kachinhenry (x1)
@kachinhenry(3/10) tipped @uthantzin (x1)
kachinhenry tipped golden.future (x1)

You can now send $PIZZA tips in Discord via tip.cc!