ဒီနေ့အတွက်ပဲ မစဉ်းစားပါနဲ့

in HIVE-MYANMAR3 years ago

အားလုံးသော မိတ်ဆွေအ‌ပေါင်း မင်္ဂလာပါ.....

တလောက ဗီဒီယိုအတိုလေးတစ်ခုကြည့်လိုက်ရတယ်။ ဗဟုသုတတိုးသွားစေသလို သတိ သံဝေဂရဖွယ်ဖြစ်စေခဲ့ပါတယ်။ ဘာဗီဒီယိုလည်းဆိုတော့ တောထဲမှာ သေဆုံးသွားတဲ့ ကလေးတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ဝင်ပူးပြီးတော့ ပြောထားတဲ့ ဗီဒီယိုလေးဖြစ်ပါတယ်။ သေဆုံးသွားတဲ့ကလေးဟာ မကျွတ်မလွတ်ပဲနဲ့ အဲဒီတောထဲမှာပဲ တဝဲလယ်လယ်ဖြစ်နေရာကနေ ရုတ်တရက်ဝင်ပူးပြီးပြောလာတာက သူဘယ်လိုသေဆုံးသွားရတာဖြစ်ကြောင်း၊ သူမကျွတ်မလွတ်နဲ့ ဘယ်မှလည်း သွားလာလို့မရတဲ့အကြောင်းတွေကိုကြည့်လိုက်ရတာပဲဖြစ်ပါတယ်။ စိတ်မကောင်းဖြစ်မိပေမယ့်လည်း ဘာမှမတတ်နိုင်ကြတော့ပါဘူး။ ဒါကြောင့်လည်း ဗုဒ္ဓဘာသာတရားတော်တွေမှာ သေဆုံးသူကို ရည်စူးလှူဒါန်းမှုတွေ အမြဲရှိနေတာဖြစ်ပါတယ်။ ကွယ်လွန်သူရခြင်း မရခြင်းကိုတော့ ဘယ်သူမှ တပ်အပ်ပြောနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျန်ရစ်မိသားစုတွေအနေနဲ့ လုပ်ပေးသင့် လုပ်ပေးထိုက် လုပ်ပေးနိုင်တဲ့တစ်ခုတည်းသော နည်းလမ်းဖြစ်လို့ လုပ်ပေးကြပါတယ်။



အခြားအခြားသော တိုင်းပြည်နိုင်ငံတွေမှာ သေဆုံးသွားကြပြီဖြစ်တဲ့ ဆွေမျိုးတွေ မိသားစုဝင်တွေကို သတိရတဲ့အနေနဲ့ တစ်နှစ်တစ်ခါလောက် သင်္ချိုင်းကုန်းကို ပန်းခြင်းလေးတွေ ပန်းစည်းလေးတွေကိုင်သွားပြီးတော့ ပန်းစည်း ပန်းခြင်းတွေကို ချတတ်ကြတယ်။ အဲဒီလို ပန်းစည်း ပန်းခြင်းတွေချတာက သူတို့ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိသားစုဝင်တွေ ဆွေမျိုးတွေ သူငယ်ချင်းအပေါင်းအသင်း‌တွေကို သတိရနေကြောင်း အမှတ်ရနေကြောင်း ပြသလိုတဲ့အတွက်ဖြစ်ပါတယ်။ သင်္ချိုင်းကုန်းမှာ အဲဒီလို ပန်းစည်းတွေ ပန်းခြင်းတွေချပြီးတော့ အမှတ်ရကြောင်းပြသကြတာ သေဆုံးသူ ကွယ်လွန်သူတွေအတွက် ဘဘယ်လိုအကျိုးတရားတွေရနိုင်စေလို့လဲဆိုတာကို စဉ်းစားဖို့လိုမယ်လို့ထင်ပါတယ်။ ကွယ်လွန်သူ သေဆုံးသူအတွက် အကျိုးတစ်စုံတရာ မရရင် ဘာမမဟုတ်ပဲနဲ့ အ‌ကျိုးမဲ့လုပ်ရပ်ဖြစ်ပါလိမ့်မယ်။ ကျန်ရစ်နေတဲ့သူတွေအတွက်တော့ အလွမ်းပြေဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

စဉ်း‌စားတွေးခေါ်တတ်တဲ့ အသိဉာဏ်မရှိတဲ့သူတွေပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။ "အခုဘဝမှာ ချမ်းသာရင်ပြီးရော နောက်ဘဝဆိုတာ ကိုယ်မြင်ရတာမှမဟုတ်တာ၊ ကိုယ်မှမသိတာ"ဆိုပြီး ပြောတတ်ကြပါတယ်။ နောင်တမလွန်အရေးဆိုတာကို စကားနောက်တရားပါဆိုသလိုပဲ မသိလို့ မမြင်ရလို့ဆိုတဲ့စကားနဲ့ မကောင်းမှုတွေကိုလုပ်တတ်ကြပါတယ်။ မြတ်စွာဘုရားကတော့ မျက်မှောက်ဘဝမှာရော နောင်တမလွန်ဘဝမှာရော အကျိုးရှိစေနိုင်တဲ့အလုပ်ကို လုပ်နိုင်တဲ့သူကိုမှာ ပညာရှိလို့ခေါ်ဆိုနိုင်ပါသတဲ့။ လက်ရှိဘဝကောင်းစားရေးကိုရော နောင်တမလွန်ဘဝကောင်းစားရေးကိုရော ပြုလုပ်နိုင်သူကို ပညာရှိလို့ခေါ်နိုင်မှာပါ။ လက်ရှိဘဝကောင်းစားရေးတစ်ခုတည်းကိုသာ လုပ်ကိုင်နေတဲ့သူတွေကိုတော့ ပညာရှိလို့မခေါ်ဆိုပါဘူး။

ကျွန်တော်ဉာဏ်မှီသလောက်တွေးကြည့်ရရင် နေ့စဉ်လှုပ်ရှားရုန်းကန်နေကြရတဲ့ လူသားတွေအနေနဲ့ ဒီနေ့တစ်ရက်တည်း အဆင်ပြေဖို့တွေးပြီး အလုပ်လုပ်တဲ့သူတွေ ရှိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုလူမျိုးတွေဟာ ဘယ်တော့မှ အဆင်ပြေမှာမဟုတ်ဘူးလို့လည်း ယူဆပါတယ်။ ဒီနေ့အတွက် စဉ်းစားပြီးလုပ်ကိုင်သလို မနက်ဖြန်အတွက်ကိုပါ စဉ်းစားပြီးလုပ်ကိုင်ကြတဲ့သူတွေကတော့ အဆင်ပြေကြလိမ့်မယ်လို့လည်း ယူဆပါတယ်။ ချက်ချင်းလက်ငင်း အဆင်ပြေမယ်လို့တော့ မဆိုလိုပါဘူး။ ဒီနေ့အတွက်ပဲကြည့်ပြီးလုပ်တဲ့သူတွေကို ဘူအများက "ရိုက်စားသမားတွေ"လို့ သမုတ်တတ်ကြပါတယ်။ "ရိုက်စား"ဆိုတာ တစ်နပ်စားဉာဏ်နဲ့ အလုပ်လုပ်တဲ့သူတွေပဲဖြစ်ပါတယ်။ နေရာဌာနအသီးအသီးမှာ အဲဒီလို ရိုက်စားသမားတွေ အများအပြားရှိနေကြဆဲပါပဲ။ ငွေကြေးတော့ အဆင်ပြေကောင်း အဆင်ပြေကြမှာဖြစ်ပေမယ့် လူအများရဲ့ ယုံကြည်မှုကိုတော့ သေချာပေါက် ဆုံးရှုံးသွားတတ်ပါတယ်။

သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။


အားလုံးကို လေးစားလျှက် -


@ansoe

Sort:  

ဒီနေ့အတွက်တောင် မနည်းလုပ်နေရတာ !LOL

I'm glad I know sign language
It's pretty handy.

Credit: reddit
@ansoe, I sent you an $LOLZ on behalf of @golden.future

(2/8)

PLAY & EARN $DOOM

!hiqvote

@ansoe, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @ansoe gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

!hivebits

Success! You mined 1.0 HBIT on Wusang: Isle of Blaq. Sorry, but you didn't find a bonus treasure token today. Try again tomorrow...they're out there! | tools | wallet | discord | community | daily <><

Check for bonus treasure tokens by entering your username at an H-E explorer or take a look at your wallet.
Read about Hivebits (HBIT) or read the story of Wusang: Isle of Blaq.