အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
နွေရာသီအပူချိန်နဲ့အတူ လေပြင်းတိုက်ခတ်မှုတွေပါလာနေတယ်။ မိုးရွာစေချင်ပေမယ့် မိုးကိုမျှော်လင့်နေကြပေမယ့် မိုးနတ်မင်းကြီးက မင်းတို့အတွက်ခွဲတမ်းမပါဘူးတဲ့ 😂 အလှည့်ကျ မီး ခွဲတမ်းမီးလို အလှည့်ကျ မိုး ခွဲတမ်းမိုး ပေးနေတာလားလို့ မိုးနတ်မင်းဆီ မေးလ်ပို့ပြီး မေးရအုံးမယ် 😁 လေတိုက်စေချင်ပေမယ့် လေပြင်းတွေတော့ မတိုက်ပါနဲ့။ မိုးရွာစေချင်တယ်ဆိုပေမယ့် သီးနှံတွေပျက်စီးအောင်တော့ မရွာစေချင်ပါဘူး မိုးနတ်မင်းကြီးရယ်။

မကြာခင်ရက်မှာ မိုးခွဲတမ်းနဲနဲ ပိစိညှောင့်တောင့်လေး ရွာချပေးမယ်လို့ မိုးနတ်မင်းကြီးပြောလာလေရဲ့။ အဲဒါက ပြဿနာပဲ။ ဒါလောက်ပူပြင်းနေတဲ့အချိန် မိုးနဲနဲလေးပဲ ခွဲတမ်းချရင် အပူရှိန်တက်နေတဲ့ မြေထု ရေထု လေထုတွေက အခိုးအငွေ့တွေပျံလာလိမ့်မယ်။ လူတွေ ပေါင်းအိုးထဲထည့်ထားသလိုတော့ ဖြစ်တော့မှာပဲ။ နဂိုကမှ ပူလွန်းလို့ စွတ်ကျယ်တောင်မကပ်ချင်တဲ့ခန္ဓာကိုယ်တော့ ကိုယ်တုံးလုံးလေးဖြစ်တော့မှာပဲ 😂
တိုးတက်ရေးတွေ အောင်မြင်ရေးတွေ သဘောတရားရေးရာတွေ ဘာသာတရားတွေ အတည်ပေါက်နဲ့ရေးနေပေမယ့် စိတ်ဝင်စားသူမရှိသလောက်ပဲဆိုတော့ ရောက်တိရောက်ရာ ရေးချင်ရာရေး တွေးချင်သလိုသာတွေး အစီအစဉ်နဲ့ ရေးချင်ရာတွေ ရေးနေမိတာပဲ။ ရေးချင်ရာရေးအစီအစဉ်လည်း အောင်မြင်လိမ့်မယ် မထင်ဘူး။ ဒီတော့ ဘာအစီအစဉ်နဲ့ ရေးရင် ကောင်းမလဲဆိုတာ အကြံပေးပါအုံးလား မိုးနတ်မင်းကြီးရယ်😁
ကဲ-မိုးနတ်မင်းကြီးဆီကို မိုးခွဲတမ်းများများရဖို့ မေးလ်ပို့လိုက်ကြအုံး။ မကြာခင်မှာ မိုးသေး မိုးမွှားလေးတွေတော့ ခွဲတမ်းရတော့မယ်ဆိုတော့ အပြင်သွားကြမယ်ဆိုရင် လျှော်ဖွတ်ထားတဲ့ အဝ်တွေကိုတော့ သိမ်းဆည်းပြီးမှ အပြင်ထွက်ကြပေါ့။ မိုးနတ်မင်းကြီးကတော့ မုသာဝါဒကံကို မကျူးလွန်လောက်ပါဘူး 😂 လျှော်ဖွတ်ထားတဲ့အဝတ်တွေက မိုးလေးမဖြစ်စလောက် ထိရင် အနံ့အသက်က မကောင်းဘူးဖြစ်တတ်တယ် မဟုတ်လား။ ရတဲ့မိုးခွဲတမ်းလေးနဲ့ပဲ လောလောဆယ် ကျေနပ်လိုက်ရမှာပဲ။
အားလုံးကိုလေးစားလျှက် -
!LUV
@ansoe, @golden.future(1/10) sent you LUV. | tools | discord | community |
HiveWiki |
NFT | <>< daily
Congratulations @ansoe! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOPCheck out our last posts:
Congratulations @ansoe! You received a personal badge!
Wait until the end of Power Up Day to find out the size of your Power-Bee.
May the Hive Power be with you!
You can view your badges on your board and compare yourself to others in the Ranking
Check out our last posts:
!hiqvote
!hivebits
Success! You mined 1.0 HBIT on Wusang: Isle of Blaq. Sorry, but you didn't find a bonus treasure token today. Try again tomorrow...they're out there! | tools | wallet | discord | community | daily <><
Check for bonus treasure tokens by entering your username at an H-E explorer or take a look at your wallet.
Read about Hivebits (HBIT) or read the story of Wusang: Isle of Blaq.
@ansoe, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.
In addition, @ansoe gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
$PIZZA slices delivered:
@hiq.smartbot(3/5) tipped @ansoe