အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
အရာတစ်ခုဖြစ်တည်လာဖို့ဆိုတာ မလွယ်ကူပေမယ့် ပျက်စီးဖို့ ဖျက်ဆီးဖို့ကတော့ အင်မတန်လွယ်ကူပါတယ်။ အရာတစ်ခုဖြစ်လာဖို့ အချိန်များစွာယူရပေမယ့် ဖျက်ဆီးပစ်ဖို့ ပျက်စီးသွားဖို့ဆိုတာ မိနစ်ပိုင်းအတွင်းမှာဖြစ်နိုင်ပါတယ်။ လူတစ်ယောက် အသက်ရှင်သန်ဖို့ သေဆုံးမသွားဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေထိုင်ခဲ့ပေမယ့် အချိန်ကျပြီဆိုတာနဲ့ စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်းမှာ သေဆုံးသွားရတယ်။

ငယ်ငယ်က ဂွတွေ ကျောက်လှည့်(ဝက်အူလှည့်)တွေနဲ့ စက်ဘီးတစ်စီးလုံးကို အတည်ပေါက်နဲ့ဖြုတ်ကြည့်တယ်။ စက်ဘီးကို သန့်ရှင်းရေးတွေလုပ် ဘောတွေလဲ အမဲဆီတွေထညိ့ပြီး ပြန်လည်းတပ်ရော ရွာလယ်နေတော့တာပဲ။ မြင်သာထင်သာတွေမှာရှိတဲ့ နတ်တွေကို အလွယ်တကူ တပ်နိုင်ပေမယ့် ဖရီးဝှီးတွေလို အတွင်းပိုင်းပစ္စည်းလေးတွေကို ဘယ်လိုတပ်ရမှန်း မသိတော့ စက်ဘီးဆိုင်သွားလုပ်ခိုင်းရတော့တာပဲ။
လုပ်ငန်းတစ်ခုကို တည်ထောင်ဖို့ဆိုတာလည်း အချိန်အတော်ယူရတယ်။ ထူထောင်ပြီးတော့လည်း အောင်မြင်တဲ့လုပ်ငန်းဖြစ်ဖို့ ကျားကုတ် ကျားခဲအားထုပ်ရပြန်တယ်။ အောင်မြင်လာတဲ့အချိန်ကျပြန်တော့ မကျရှုံးအောင် ထိန်းသိမ်းရပြန်တယ်။ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာ နှစ်ပေါင်းများစွာကြိုးစားတည်ထောင်ကြရတယ်။ အောင်မြင်ဖို့လည်းခက်လဲတယ်။ အဲ-လုပ်ငန်းတစ်ခု ကျရှုံးသွားဖို့အတွက်ကတော့ အတော်လွယ်ကူသလို အချိန်အများကြီးလည်းမလိုဘူး။
ဖောက်သည်တွေနဲ့ ရောင်းအားကောင်းနေတဲ့ဆိုင်တစ်ဆိုင်က အရောင်းဝန်ထမ်းပဲဖြစ်ဖြစ် ဆိုင်ရှင်ကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်ဆံရေး ဝန်ဆောင်မှု ညံ့ဖျင်းတာနဲ့ ဖောက်သည်တွေကို ဆုံးရှုံးသွားမှာပဲ။ ဆုံးရှုံးသွားတဲ့ ဖောက်သည်နဲ့အတူ ဆိုင်ရဲ့နာမည်ပျက်ပါ တခါတည်းပါသွားလို့ အဲဒီဖောက်သည် ဆိုင်ကို ပြန်ရောက်လာဖို့မလွယ်တော့ဘူး။ ဆုံးရှုံးပြီးမှ နာမည်ပျက်ပြီးမှ ဖောက်သည်မရှိတော့မှ ပြန်ထူထောင်ဖို့ ပြန်လည်အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -
!hiqvote
!hivebits
Success! You mined 1.0 HBIT on Wusang: Isle of Blaq. | tools | wallet | discord | community | daily <><

And, you found a BLAQ pearl (BLAQ)!
Check your bonus treasure tokens by entering your username at an H-E explorer or take a look at your wallet.
Read about Hivebits (HBIT) or read the story of Wusang: Isle of Blaq.
@ansoe, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.
In addition, @ansoe gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
!PIZZA
!LUV
!LOL
@ansoe, @myanmarkoko(1/4) sent you LUV. | tools | discord | community |
HiveWiki |
NFT | <>< daily
lolztoken.com
Because they make up literally everything.
Credit: marshmellowman
@ansoe, I sent you an $LOLZ on behalf of @myanmarkoko
(1/4)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
$PIZZA slices delivered:
@myanmarkoko(1/5) tipped @ansoe