တရားနဲ့နေစေချင်

in HIVE-MYANMAR4 years ago

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ကြီးကြီးကျယ်ကျယ်ပို့စ်လေးတစ်ခုလောက် ရေးတင်ပါရစေ 😁

ကျွန်တော်တို့တစ်‌တွေ ရယ်စရာလိုလို ပြောတတ်တဲ့စကားလေးတစ်ခွန်းကို သတိရသွားမိတယ်... ငါတို့က ဘုရား နဲ့ တရားနဲ့ နေတာဆိုသောစကားလေးပဲဖြစ်ပါတယ်... အဲ-ရယ်စရာအဖြစ်ပြောကြတာလား အမှန်တကယ် ဘုရားနဲ့ တရားနဲ့ နေတာလားဆိုတာကတော့ ပြောတဲ့သူကိုယ်တိုင်ပဲသိကြပါလိမ့်မယ်... လောကကြီးမှာ ဘုရားမရှိတော့ပေမယ့် **တရားကတော့ရှိနေပါတယ်... **ဘုရားနဲ့ နေတာ မနေတာထက် တရားနဲ့ နေတာ မနေတာက ပိုပြီးတော့ အရေးကြီးတယ်လို့ပဲ ယူဆမိပါတယ်... ဆိုလိုချင်တာက တရားဆိုတာက အရေးကြီးတယ်လို့ ထင်မိပါတယ်... ကျွန်တော့်ရဲ့ ယူဆချက် ထင်မြင်ချက်သာဖြစ်လို့ မှားချင်လည်း မှားနိုင်ပါတယ်...


lotus_copy.png


ဘာ့ကြောင့် တရားက အရေးကြီးတယ်လို့ပြောရသလိုဆိုရင် ဘုရားဆိုတာ တရားတွေ့သွားလို့ ဘုရားအဖြစ်ကိုရောက်သွားတာပဲဖြစ်ပါတယ်... တရားကိုသာ မတွေ့သေးဘူးဆိုခဲ့ရင် ဘုရားအဖြစ်ကို ရောက်မှာမဟုတ်သေးလို့ပါပဲ... အဲဒါအပြင် ဘုရားနဲ့နေပြီး ဘာ တရားမသိ တရားမရှိခဲ့ရင် ဘုရားက ကယ်နိုင်မယ်မထင်ပါဘူး... ဒါကြောင့် တရားက အရေးကြီးတယ်လို့ ထင်ပါတယ်... ဒါကိုလည်း ဗုဒ္ဓမြတ်စွာက "အကြင်သူသည် ငါဘုရား၏ သင်္ကန်းကို ဆွဲ၍လိုက်၏။ ငါဘုရား၏ ခြေရာနောက်၌ ထပ်ချပ်မကွာလိုက်၏။ သို့သော် ငါဘုရားဟောသော တရားကိုကား မမြင်။ ထိုသူသည် ငါနဲ့ ယူဇနာကွာ၏။ အကြင်သူသည် ငါဘုရားနဲ့ ယူဇနာကွာ၏။ သို့သော် ငါဘုရားဟောသော တရားကိုကား လိုက်နာကျင့်သုံး၏။ ထိုသူသည် ငါဘုရား၏ သင်္ကန်းစွန်းကိုဆွဲ၍ ဖဝါးခြေထပ် ထပ်ချပ်မကွာ လိုက်သောသူနှင့် တူ၏။" လို့ဟောကြားထားခဲ့ပါတယ်...

လူတစ်ဦး တစ်ယောက်က တရားသိနေခဲ့ရင် သိတဲ့တရားအတိုင်း လိုက်နာကျင့်သုံးနေထိုင်နေတယ်ဆိုရင် လူကောင်းတစ်ယောက်အနေနဲ့ ဘဝကို ရပ်တည်သွားနိုင်ပါလိမ့်မယ်... ဘုရားနဲ့အတူနေတယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်... တရားကိုတော့ သိပါရက်နဲ့ သိတဲ့တရားအတိုင်း မကျင့်သုံးမလိုက်နာရင်တော့ ဘုရားနဲ့အတူနေတယ်လို့ ပြောလို့မရတော့ပါဘူး... ဒီတော့ တရားဆိုတာ အ‌ရေးကြီးတယ်ဆိုတာ သိသာနိုင်ပါလိမ့်မယ်... တရားကိုမကျင့်သုံးနိုင်သမျှ မတရားမှုဆိုတာကတော့ ရှိနေအုံးမှာပါပဲ...

တရားကို ဘယ်နေရာမှာ ကျင့်သုံးရမလဲ တောထဲကို တစ်ယောက်တည်းသွား သစ်ပင်အောက်မှာထိုင်လို့ မျက်စိမှိတ်ကာ သမထ ဘာဝနာဆိုတာတွေကို လုပ်နေရမှာလားဆိုတာကို စဉ်းစားမယ်ဆိုရင်တော့ ကျွန်တော်တို့တစ်တွေ လူ့လောကကြီးထဲမှာ မသေမချင်းကျင်လည်နေသမျှကာလပတ်လုံး လူနဲ့ လူချင်း ဆက်ဆံတဲ့နေရာမှာ တရားသဖြင့်ကျင့်သုံးရမှာပဲဖြစ်တယ်လို့ မြင်ပါတယ်... လူနဲ့လူချင်း ဆက်ဆံတဲ့နေရာမှာ တရားသဖြင့် မကျင့်သုံး မတည်ဆောက်သေးသမျှတော့ မတရားမှုဆိုတာ ဖြစ်နေအုံးမှာ အမှန်ပဲဖြစ်ပါတယ်...

ကိုယ်တိုင် တရားသဖြင့်နေနိုင်အောင် ကြိုးစားနေထိုင်နေရပါတယ်... ခုချိန်ထိလည်း တစ်ခါတစ်ခါမှာ မတရားမှုလေးက လုပ်ချင်စိတ်က မကုန်သေးဘူးဖြစ်နေတယ်... သိပင်သိပေသော်ငြားလည်း ကိုယ့်အတ္တကို ဘေးတွန်းမဖယ်နိုင်ဘူးဖြစ်နေတုံးပါပဲ... ဒါပေမယ့်လည်း ကြိုးစားပြီးတော့ တရားတဲ့လမ်းကို လျောက်လှမ်းနေတာ ဖြစ်တဲ့အတွက် မသွားတဲ့သူထက်စာရင်တော့ နဲနဲ ပိစိညှောက်တောက်လေးလောက်တော့ တိုးတက်သလားပဲ 😁 အချိန်တစ်ချိန်မှာတော့ တရားလမ်းကို လုံးဝ ရောက်ရှိနိုင်မယ်လို့လည်း ထင်မိပါရဲ့... တရားကိုမြင် လို့ တရားကို ခင်ပြီး တရားလမ်းကို လျှောက်လှမ်းနိုင်ကြပါစေသော်ဝ်...


အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png

Sort:  

တစ်ချို့ကျတော့လဲ ပါးစပ်ကသာ ဘုရားတရား ယားနေကြတာ အလှူငွေတွေကို ဘုန်းတဲ့သူကတစ်မျိုး ၊ဝိပဿနာထိုင်ပြီး မကောင်းမြင်စိတ်နဲ့တစ်ဖက်သားကို ချိုးနှိမ်တဲ့သူကတစ်မျိုး၊ ဝေယျာဝစ္စဆိုတဲ့ ခေါင်းစဉ်နဲ့ ဘုန်းကြီးကျောင်းမှာပဲ ကပ်စားပြီး ကိုယ်ပိုင်ငွေစုတဲ့သူက တစ်မျိုး ၊မပြောတော့ပါဘူး ဆိုပေမယ့် လွတ်ကနဲထွက်သွားပြီ

အမှန်ဆိုတာကတော့ အမှန်ပဲ အဲသလို ဘာသာရေးဗန်းပြ တရားမရှိတဲ့သူတွေ များလာလို့လည်း ပျက်စီးလာရတာပါပဲ

အရင်က ပြသ၁နာဖြစ်ရင် တနုံ့နုံ့နဲ့ ခံစား​နေရ​ရော အခုဆို အဲ့လိုအ​တွေးဝင်လာတာနဲ့ ​မေတ္တာပို့​နေလိုက်တယ် 🙂

နီးလာဘီ တရားနဲ့ 👍

တတ်နိုင်သမျှတော့ တရားနဲ့နေနိုင်အောင်ကြိုးစားပါတယ်။

အတိုးချေးပြီး အမြတ်ကြီးစားတာ နဲနဲလျော့ပေါ့ 😁

မချေးဘူးဆို။ တခါလေးကူညီမိတာတောင် ပြန်မရလို့စိတ်ညစ်

မတရားနဲ့ နေနေတယ်။
!PIZZA

မတရာနဲ့နေရင် ဘာဖစ်သွားမယ်ထင်လဲ 😁

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(3/5) tipped @ansoe (x1)

Learn more at https://hive.pizza.

Yay! 🤗
Your content has been boosted with Ecency Points, by @ansoe.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more