အဝေးရောက်ဘ၀များ(2)

in #myanmar9 years ago

galericin-jpg_219046517_1434275795.jpg
ရွှေလီမှ မူဆယ်သို့ ခန့်မှန်းခြေ ခြောက်မိုင်ခန့်သာဝေးသည် မူဆယ်နှင့်ရွှေလီကို ပိုင်းခြားထားသောေ၇ွှလီမြစ် ရှိလေသည်၊
မူဆယ်သည်ကုန်းမြင့်ပိုင်းတွင်တည်ရှိပြီး ရွှေလီမြို့သည် လွင်ပြင်ပိုင်းတွင်တည်ရှိကာေ၇ွှလီမှ လှမ်းကြည့်လျှင် မူဆယ်မြို့ကို မှုန်ဝါးဝါးမြင်တွေ့နိုင်သည်၊
မူဆယ်ဘက်သို့ရောက်ရန် ကားစီးချိန် နာရီဝက်ခန့်တော့ကြာပေမည်၊ ရောင်းရင်းများတစ်ယောက်တစ်မျိုးရောက်တက်ရာရာပြောနေကြသော်လည်း မောင်ဇော်သည် နှုတ်ဆိတ်လို့သာနေမိသည်၊
ကားမှတ်တိုင် နားမှာ သေဆုံးနေသော ဘိန်းစား ရဲ့အဖြစ်အပျက်က အတွေးထဲမထွက်နိုင်သေး ကားလမ်းဘေးတစ်လျှောက်မြင်ကွင်းများကိုသာ ငေးမောရင်လိုက်ပါလာခဲ့သည်။

China-Border-2.jpg

ကားသည်အရှိန်အတော်နှေးသွားသည်ကိုသတိထားမိလိုက်သည် ရှေ့နားမှာရှောင်တခင် စစ်ဆေးရေးလုပ်နေခြင်းဖြစ်မည် ကားများကိုတားက အထောက်အထား
စာရွက်စာတမ်းများတောင်းယူကြည့်ရှုနေကြသည် ဒီလိုမကြာခဏကြုံတက်သည် ရုတ်တရက်ဆိုတော့ရင်ထဲထိတ်ခနဲဖြစ်သွားကာ
လက်ကအလိုလိုပင်လွယ်အိတ်ထဲရောက်သွားပြီး တစ်စုံတစ်ခုကိုရှာဖွေစမ်းယူနေသည် တော်ပါသေးသည် နေထိုင်ခွင့်စာအုပ်လေးပါလာခဲ့သည်
သူငယ်ချင်းများကို သတိရကာ လှည့်မေးတော့ သူတို့လဲ စာအုပ်လေးတွေကိုယ်စီကိုင်ကာ ပါသည် စုံသည် ဟုသိရပြီဆိုမှ စိတ်သက်သာရာရလေသည်
ကိုယ်တွေကားအလှည့်ရောက်တော့ စစ်ဆေးသူက ကားအတွင်းသေချာငုံကြည့်ပြီး မြန်မာစကားမပီတပီဖြင့် "နေထိုင်ခွင့် စာအုပ်ပြပါ" ဟုဆိုလေသည်
ကားမှန်တံခါးဘေးမှ စာအုပ်များလှမ်းပေးလိုက်သည် စာအုပ်ထဲမှဓါတ်ပုံနှင့်ကျွန်တော်တို့မျက်နှာများကို အသေချာစိုက်ကြည့်ပြီး စာအုပ်များကိုပြန်ပေးလေသည်
တော်ပါသေးသည် သည်လိုအချိန် စာအုပ်သာမေ့ပြီးမပါခဲ့လျှင် တော်တော်အခက်အခဲဖြစ်ရပေတော့မည် သူ့စကားကိုယ်မသိ ကိုယ့်စကားသူမသိဖြင့် အခက်ကြုံရနိုင်ပေသည်။

musal2.jpg

ယခုတလော အဖမ်းအဆီးစစ်ဆေးရေးက မကြာခဏတွေ့နေ ကြားနေ ကြုံနေရသည် ပြီးခဲ့သော တစ်ပါတ်က ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်ကြောင့်ထင်မိသည်
ရွှေလီညဈေးတန်းဘက်မှာ လူသတ်မှုတစ်ခု ဖြစ်သွားခဲ့သည် စားသောက်ဆိုင်တစ်ခုမှာ တရုတ်ရဲအရာရှိတစ်ဦးအသက်ခံရလေသည် စားသောက်ဆိုင်ရှေ့
လူအချို့စကားများရန်ဖြစ်ထိုးကြိတ်နေသည်ကို ထိုရဲအရာရှိက ၀င်ရောက်တားဆီးသည် ရဲယူနီဖေါင်းနှင့် မဟုတ်လို့ ရဲမှန်းမည်သူမျှမသိ အုပ်စုနှစ်စုအကြား
ထိုရဲအရာရှိ ဓါးဒဏ်ရာဖြင့်သေဆုံးလေသည် လက်လွန်ကာ လူသေပြီဟုသိသည်နှင့် ထိုရန်ဖြစ်နေသော လူများ ချက်ချင်းကြက်ပျောက်ငှက်ပျောက်
ပျောက်လေတော့သည် သိပ်မကြာလိုက် သေဆုံးသူဟာ ရဲအရာရှိဖြစ်သည် ရန်ဖြစ်နေသူများသည် မြန်မာအလုပ်သမားများ သို့မဟုတ် မြန်မာလူမိုက်များဖြစ်သည်ဟု
သိရလေကာ အမှုကကြီးလေပြီ ထိုလမ်းတစ်လျှောက်နှင့် မြန်မာလုပ်သားများ နေထိုင်ရာ နေရာတိုင်းကို ၀င်ရောက်စစ်ဆေး ဖမ်းဆီးလေတော့သည်
သံသယရှိသူ အထောက်အထားမပြနိုင်သူ မည်သူ့ကိုမဆို အမေးအမြန်းမရှိ ဖမ်းဆီးခေါ်ဆောင်လေတော့သည်။

tt.jpg

လူသတ်တရားခံကိုမမိသေး အဖမ်းအဆီးများလေသည် နေထိုင်ခွင့်အထောက်အထားမစုံလျှင် ဖမ်းသည် လမ်းပေါ်မထွက်ရဲ
အိမ်ထဲမှာနေလျှင် အတော်အတန်လုံခြုံသည် တခါတစ်ရံ အိမ်ထဲအထိပင်ဝင်ရောက်ဖမ်းဆီးတက်သေးသည်
အဖမ်းအဆီးများသည့်အချိန်များဆိုလျှင်တော့ အပြင်သို့ အရမ်းကာရောမထွက်ဝံ့ကြပေ အဖမ်းခံရလျှင် အလုပ်ရှင်မှလိုက်ရွေးပေးသည်လဲရှိသည်
ပြီးလျှင်မိမိလစာထဲမှာဖြတ်လေတော့သည် တစ်ယောက်လျှင် ယွမ်ငွေ3000 5000အစားစား ဒဏ်ကြေးပေးဆောင်မှ ပြန်လွှတ်ပေးသည်
အာမခံပြီးလိုက်ရွေးပေးတတ်သောလောပန်းဆီမှာ အလုပ်လုပ်ရသူသည် အင်မတန်ကံကောင်းသူသာဖြစ်သည်
သဘောထားပြည့်သော ကိုယ်ချင်းစာတက်သော လောပန်း ကခပ်ရှားရှား သူတစ်ပါးတိုင်းပြည်မှာကိုယ်ကဘာမှမတက်နိုင် ခံဘက်ကချည့်ဖြစ်လေသည်။

shweli rivert17.jpg

ကားပေါ်ပါသူများနှင့် ကားတစ်စီးလုံးအား စိတ်ကျေနပ်အောင် စစ်ဆေးကြသည် ကားသမားကိုလည်း မေးခွန်းများမေးလေသည်
ဘာတွေမေးနေသည်ဆိုတာကိုတော့ မောင်ဇော်မသိ တရုတ်စကားကို စားမယ် သွားမယ် ဆိုတာလောက်သာတက်သည်
စစ်ဆေးသူအရာရှိနှင့် ကားသမား စကားအမေးအဖြေ လေးငါးခွန်းခန့် အပြန်အလှန်ပြောဆိုကြပြီးနောက် ထိုနေရာမှထွက်ခွါခွင့်ပေးလိုက်လေသည်
စစ်ဆေးသောနေရာမှ ခမ်းလှမ်းလှမ်းသို့ရောက်သည်ရှိသော် ကားသမားသည် ပါစပ်မှတတွတ်တွတ်ပြောဆိုလျှက် မြည်တွန်တောက်တီးလျှက်ရှိချေသည်
မောင်ဇော်တို့လည်း ယခုမှပင် သက်ပြင်းတွေကိုယ်စီချရင်း ပြုံးနိုင်လေတော့သည် စစ်ဆေးရေးနေရာမှာအချိန်လင့်သွားသောကြောင့်ဖြစ်ပေမည်
ကားသမားသည် ကားကိုအရှိန်ကောင်းစွာမောင်းနှင်လျှက်ရှိလေသည်။

a1.jpg

ကားမှန်တံခါးပေါက်မှ တိုးဝင်လာသောလေအေးများကြောင့် အတွေးအာရုဏ်အပူပင်များ ချက်ချင်းဆိုသလိုပင် လွင့်ပျောက်လျှက်သွားလေသည်
စိတ်များကြည်လင်လန်းဆန်းလာသည် အသက်ကိုတ၀ကြီးရှိုက်ကာ ရူလိုက်သည် ကားတံခါးပေါက်မှခေါင်းပြူကာ ရှေ့သို့လှမ်းကြည့်လိုက်သည်
ရွှေလီမြစ်ကို လှမ်းတွေ့ရသည် မြစ်အထက်တောင်ကုန်းမြင့်အပေါ်မှာတော့ မောင်ဇော်တို့ ဦးတည်သွားနေသော မူဆယ်မြို့ကိုမြင်ရပေပြီ
တရုတ်ပြည်ရွှေလီမြို့နှင့်မြန်မာပြည်မူဆယ်မြို့ကိုရွှေလီမြစ်သည် ပိုင်းခြားထားလျှက်ရှိပါသည်
တောင်ကြောတစ်လျှောက် ကွေ့ဝိုက်ကာ တသွင်သွင်စီးဆင်းနေသောမြစ်ရွှေလီ မြစ်အထက်က မှိုင်းညို့ညို့တောင်တန်းရှည်ကြီး
တိမ်တောင်ဖြူတွေထနေတဲ့ ပြာလဲ့လဲ့မိုးကောင်းကောင်ကြီးကို နောက်ခံထားလို့ တောင်တန်းပေါ်မှာ လှေကားထစ်ခွင်ကာ တည်ထားသောမူဆယ်မြို့
ပြီးပြည့်စုံသောပန်းချီကားတစ်ချပ်လိုပင် အလွန်ကိုလှပလို့နေသည် လွမ်းမောဖွယ်ကောင်းသောမြင်ကွင်းပေတည်း။

ဆက်ပါဦးမည်
@bobokyaw
photo : google image

Sort:  

Great post . very beautiful china country.

ပြည့်​စုံပါ​ပေတယ်

ဟုတ် ကြိုးစားထားပါတယ်