
မင်္ဂလာပါ။ ကျွန်တော်တို့တွေ steemit မှာစာတွေရေးကြတယ်။ သုတရသတွေ ရေးသားတင်ပြကြတယ်။ မိမိရဲ့ အရပ်ဒေသအကြောင်းတွေ မိမိ သွားရောက်လည်ပတ်ပီးတော့ တွေ့မြင်တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေ အမှတ်တရတွေကို စာပေအမှတ်တရအဖြစ်ပြောင်းလဲပီးတော့ steemit မှာရေးသားတင်ပြကြပါတယ်။ တစ်နည်းအားဖြင့် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ ဓါတ်ပုံရိုက်တာဝါသနာပါသူအနေနဲ့ မိမိ ရိုက်ကူး မှတ်တမ်းတင် သိမ်းဆည်းထားတဲ့ပုံလေးတွေကို တင်ပြရင်း ဘာကြောင့် ဘယ်လိုရိုက်ဖြစ်သွားတယ်ဆိုတဲ့အကြောင်းတွေပါ တင်ပြကြပါတယ်။ အသိပညာ တစ်ခုခု နည်းပညာတစ်ခုခုကို ဆိုရင်လည်း မိမိအနေနဲ့ ဘယ်လိုသင်ကြားခဲ့တယ် ဘာအကြောင်းဖြစ်တယ်ဆိုတာကို ရေးသားတင်ပြကြပါတယ်။ ဟုတ်ပါတယ် steemit မှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ မိမိတို့ရဲ့ အတွေ့အကြုံ ဗဟုသုတတွေကို မျှဝေကြပါတယ်။ ကျွန်တော်ကတော့ ကိုယ်တွေ့အဖြစ်အပျက်လေးတွေ ကိုယ်တိုင်ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ဓါတ်ပုံလေးတွေ ကိုယ်တိုင်သင်ကြားထားတဲ့ပညာလေးတွေကို မျှဝေရေးသားဖြစ်တာများပါတယ်။ ခုလည်း ကိုယ်တိုင် တွေ့ကြုံခဲ့တဲ့ကိစ္စလေးတစ်ခုကို ရေးသားဖို့ဖြစ်လာပါတယ်။
မော်တော်ကားတွေ ဆိုင်ကယ်တွေ အသုံးပြုမောင်းနှင်တဲ့သူတွေများလာတဲ့ မန္တလေးမြို့ကြီးမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို စည်းကမ်းတကျ လိုက်နာတဲ့ ယာဉ်မောင်းတွေရှိသလို မလိုက်နာတဲ့ယာဉ်မောင်းတွေလည်းရှိပါတယ်။ လိုက်နာတဲ့လူကို စည်းကမ်းလည်းရှိ ဝိရိယလည်းရှိတဲ့လူလို့ အကြမ်းအားဖြင့် သတ်မှတ်ပါမယ်။ စည်းကမ်းမရှိသူကိုတော့ စည်းကမ်းမရှိတဲ့အပြင် ဝိရိယမရှိညံ့ဖျင်းတဲ့လူလို့သတ်မှတ်ပါမယ်။ ကျွန်တော်တစ်ဦးတည်းရဲ့ အမြင်သတ်မှတ်ချက်ဖြစ်ပါတယ်ဗျ။ ဘာလို့လည်းဆိုရင် စည်းကမ်းရှိတဲ့လူက မီးနီနေတဲ့မီးပွိုင့်မှာ အေးအေးဆေးဆေး အန္တရာယ်မဖြစ်အောင် မိမိရဲ့ ယာဉ်ကို ရပ်စောင့်ပါတယ်။ စည်းကမ်းမရှိတဲ့လူကတော့ မီးနီနေလည်း လူရှင်းရင်ဖြတ်မောင်းတော့တာပါပဲ။ သူဘာလို့ဖြတ်မောင်းတာလည်းဆိုရင် စည်းကမ်းမရှိတာရယ် သူ့လုပ်ဆောင်ရမဲ့အလုပ်နောက်ကျတာရယ်ကြောင့်ပါ။ ဘာလို့နောက်ကျတာလည်းဆိုရင်တော့ သူကိုယ်တိုင် ဝိရိယမရှိလို့ပါ။
ဒီကိစ္စက ကျွန်တော့်ကိုယ်တိုင်ဖြစ်သွားတာပါ။ အရမ်းလည်း စိတ်ညစ်ရပါတယ်။ ပြောပြပါ့မယ်။ မနက်ဆိုရင် ကျွန်တော်နဲ့အတူ အရာရှိ တစ်ယောက် ရုံးကို အတူတူ ကားနဲ့ သွားရပါတယ်။ အဲ့ဒါကို လာကြိုမဲ့ကားသမားက နောက်ကျမှလာကြိုပါတယ်။ ပီးတော့ ရုံးချိန်နောက်ကျမှဆိုးလို့ ကားကို တရကြမ်းမောင်းပါတယ်။ မီးပွိုင်တွေရော ဘေးကလာတဲ့ကားတွေရော ဟွန်းတွေတီးပီး တစ်လမ်းလုံး ဒီလိုကြားခဲ့ရပါတယ်။ ဟုတ်ကဲ့ပါ အလုပ်ကို အချိန်မှီရောက်ပါတယ်။ အချိန်မှီမရောက်ခဲ့ဘူးဆိုရင်လည်း တစ်သက်လုံးစာအတွက် ရောက်တော့မှာမဟုတ်ပါဘူး။ လမ်းမှာ ကားတိုက်ပီး တစ်ခါတည်းသေသွားလောက်တယ်။ အဲ့ဒါပြောချင်တာပါ။ သူကိုယ်တိုင် ဝိရိယရှိရှိ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ရင် ဒါမျိုးတွေဖြစ်စရာမလိုပါဘူး။ အေးအေးဆေးဆေး အလုပ်ကိုသွားလို့ရပါတယ်။ နောက်တစ်ခုက သူနောက်ကျတာကို ဟိုဘက်က ကြိုရတဲ့အထက်လူကြီးက သူရောက်နေတာကို မထွက်လာလို့ကြာနေတာလို့လည်း ဆင်ခြေပေးသေးတယ်။ အထက်လူကြီးကတော့ ဖုန်းတစ်ဂွမ်ဂွမ်ဆက်ပီး ရောက်ပီလား ရောက်ပီလားမေးနေရမဲ့အခြေအနေမဟုတ်ဘူးလေ။ ကိုယ်က ကားသမား ကိုယ်ရောက်မှသူထွက်လာလို့ရမှာ ကိုယ်အကြောင်းကြားမှ သူထွက်လာလို့ရမှာလေ။ သူကိုယ်တိုင်ကျတော့လည်း ရောက်ကြောင်း ဖုန်းဆက်အကြောင်းမကြားဘူး။ နောက်ကျတဲ့အခါကျတော့လည်း ဟိုဘက်လူကြီးကထွက်မလာလို့တဲ့။ စကားကို ပြောချင်တာပြောနေတာ လူကြီးတွေက ငအများထင်နေလား။ စဉ်းစားဥာဏ်ရှိတယ်လေ။ ရှေ့တစ်မျိုး နောက်တစ်မျိုးပြောနေတဲ့ကားသမား။ အလုပ်ကို အလုပ်နဲ့တူအောင်မလုပ်တဲ့ကားသမား ခုမှပဲတွေ့ဖူးတော့တယ်။
နောက်ပီး marketing ဆင်းဖို့အတွက် ကားနဲ့သူလိုက်ပို့ရတဲ့အခါ။ marketing လမ်းကြောင်းတွေက တောင်တစ်ကြောင်း မြောက်တစ်ကြောင်းဆွဲထားတယ်တဲ့။ သွားရတာ တောင်နဲ့မြောက်နဲ့တဲ့။ ဒါသူပြောရမဲ့အလုပ်လား။ သူ့အလုပ်က ကားမောင်းရမှာလေ ဒါတွေဝင်ပြောပိုင်ခွင့်မရှိဘူး။ သူ့အနေနဲ့ marketing ဝန်ထမ်းတွေလို company မန်နေဂျာနဲ့ တိုက်ရိုက်ဖုန်းပြောရလား၊ company ပိုင်ရှင်နဲ့တိုက်ရိုက်ဖုန်းပြောရလား။ အဲ့ဒါတွေမလုပ်ရဘူးလေ။ ပိုင်ရှင် မန်နေဂျာက ဒီနေ့ဒီအချိန်ပဲလာ နောက်နေ့မရှိဘူး အလုပ်မအားဘူး နိုင်ငံခြားကို ၂ လလောက်သွားရမှာ ဒီနေ့ပီးချင်တယ်ဆိုရင် အချိန်မှီ marketing တွေက လမ်းကြောင်းဆွဲပီး ကိုယ့်ရုံးနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့လုပ်ငန်းရှင်တွေ မိတ်မပျက်အောင် လုပ်ပေးရတာတွေနားမလည်ဘူး မသိဘူးလေ။ သူ့မှာ လုပ်ပေးနိုင်တဲ့အရည်အချင်းလည်းမရှိဘူး။ အဲ့ဒါကို တောင်တစ်လမ်း မြောက်တစ်လမ်းလာပြောနေလို့မရဘူး။ ကားသမားက ကားမောင်းနေရင်ရပီ။ ဘယ်သွားဆိုသွားလိုက်ရုံပဲ။ ဘာမှထပ်ပြောနေစရာမလိုဘူး။
ကားသမားက သူတစ်ယောက်တည်းရှိတာတော့မဟုတ်ပါဘူး။ ၃ ယောက်ရှိတယ်။ ကျန်တဲ့၂ယောက်နဲ့ ဘယ်လိုမှမဖြစ်ဘူး။ ပြောစကားနားထောင်တယ် အလကားနေရင်း မောင်းခိုင်းနေတာမဟုတ်ဘူး။ ကိုယ့်ကျိုးအတွက်လည်း မောင်းခိုင်းနေတာမဟုတ်ဘူး။ ကိုယ့်လုပ်ငန်းအတွက်ပဲကိုယ်လုပ်နေတာ။ ဥာဏ်ရည်နိမ့်တဲ့အပြင် အတွေးအခေါ် စိတ်ဓါတ်ကပါ ညံ့ဖျင်းတဲ့ကားသမားနဲ့ခုမှတွေ့ဖူးတာပဲ။ တစ်ဖက်သားကို ပုပ်ခတ်ပြောတားလည်းမဟုတ်ရပါဘူး။ ဒါမျိုးဖြစ်တာ တစ်ခါမဟုတ် နှစ်ခါမဟုတ်နဲ့။ ကြာတော့ ပေါက်ကွဲလာရော။ ဟီး စာတစ်ပုဒ်တော့ဖြစ်သွားသား။

Writer caesarsupaimin
MSC-025
ကိုယ်တွေ့လေးတွေက ကောင်းပါတယ်
တော်တော်စိတ်လေသွားတယ်အကိုရေ
ကိုယ်တွေ့အဖြစ်အပျက်ကလေးပေါ့နော်။
ကိုယ်တွေ့ ဗျ အရေ
သတိထား ဆင်ခြင်ရမှာပါလား
ကိုယ် ဆင်ခြင်ပေမဲ့ သူတော့ စည်းကမ်းမဲ့
စည်းကမ်းမရှိတဲ့ ကားသမားတွေနဲ့ ကြုံရတာ စိတ်ပျက်စရာပဲ။
စိတ်ညစ် ရပါတယ် ။ ဥာဏ် နိမ့်  တဲ့ တွေကြာ င့်
hr ဆီ report တင်ပေါ့
Hr ကိုယ် တိုင် ဘာမှ ပြော ဘူလေ အလကား ရုံးက hr က
ဟုတ်သား
စည်းကမ်းမရှိတာနဲ့ ဝီရိယ မရှိတာ မကွာမှန်း ခုမှသိတော့တယ်
ဟုတ် ခပ် ဆင် ဆင် တူတယ် ရလဒ် ကောင်း တာ တူ တယ်
ထုတ်ခိုင်းလိုက်ဗျာ hee hee
ထုတ်လည်းထွက်မှာမဟုတ်ဘူး သူတို့ကိုယ်တိုင်ထည့်ထားတာလေ။ သူတို့ထည့်ထားတဲ့လူက အသုံးမကျတဲ့လူဖြစ်နေတာ
စိတ်လေစရာပါတကား
ဟုတ်ပဗျာ
This post has received a 0.39 % upvote from @drotto thanks to: @caesarsupaimin.
ဟင်းးးး😩😩😩😩
ဟူး
Congratulations @caesarsupaimin! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP