
တလောက စာဖတ်ခြင်း အကြောင်း ရေး ဖြစ်၏။ စာဖတ်ခြင်း အကြောင်း ရေးသူက စာမဖတ် ဖြစ်တာ အတော်ကြာနေခဲ့ပြီး ဖြစ်၏။ စာအုပ်တွေလည်း ထပ်မဝယ်ဖြစ်တာ ကြာခဲ့ပြီ။ ဝယ်ထားသည့် စာအုပ်များ မရှိလို့ မဖတ်ဖြစ်ခြင်း မဟုတ်ပေ။ ဟို အရင်က ဝယ်ထားသည့် စာအုပ်တွေမှ အများကြီးရယ်။ ဖတ်စရာ စာအုပ် မရှိလို့ မဟုတ်ဘဲ ဒီအတိုင်း မဖတ် ဖြစ်နေခဲ့ခြင်းသာ။
ခု မဟုတ်တောင် တချိန် အတွက် ဆိုသည့် စိတ်နှင့် စာအုပ်များ အထိုက်အလျောက် ဝယ်ဖြစ်၏။ ခုချိန် မဖတ်ဖြစ်သေးသော်လည်း တချိန်ချိန်ဆိုပြီး တေးထား၏။ ဟိုး ယခင် ကာလတွေမှာတော့ စာ အတော်လေး ဖတ်ဖြစ်ခဲ့၏။ နည်းပညာ ဆင့်ပွား တိုးတက်လာမှု နှင့်အတူ စာဖတ်ခြင်းကား နောက်ရောက်သွားရ၏။ နည်းပညာ ဘယ်လိုပဲ ထွန်းကား ကျယ်ပြန့်လာပါစေ တခုတ်တရနှင့် အချိန်ပေးပြီး စာဖတ်သူကတော့ ရှိကို ရှိ၏။ ကျနော်ကား မိမိ စာမဖတ်ဖြစ်သည်ကို နည်းပညာတွေဖက် လွှဲချလိုက်ခြင်းသာ ဖြစ်မည်။
ယခု နောက်ပိုင်း နှစ်တွေမှာတော့ phone, computer တို့နှင့်သာ အချိန်ကုန်တာ များ၏။ အချိန် တခု ပေးပြီး ဖတ်လျှင် ရနိုင်သော်လည်း ကျနော် ကိုယ်တိုင်က အချိန် မပေး ဖြစ်နေတာ။ ကျနော့်ကို စာအုပ်တွေနဲ့ ဝေးသွား စေသူမှာ ကျနော် ကိုယ်တိုင်သာ ဖြစ်ချေ၏။ ဝယ်ထားပြီး မဖတ်ဖြစ်သေးသဖြင့် အနှီစာအုပ်တွေက ကျနော့် အား နည်းနည်းပါးပါး အဖက် လုပ်ရန် ပြောချင်ကြမည် ထင်၏။ တချိန်မှာတော့ သူတို့ကို တရင်းတနှီး ပြန်လည် ဆက်ဆံမည်ဟု ကျနော် သေချာ ပြောနိုင်၏။ ခုတော့ မတက်နိုင် သေးပေ။

တလောက ကိုဟင် ရေးထားသည့် ပိုစ့်တခုမှာ စာဖတ်ချင်လို့ အလုပ်ကနေ ခွင့်တပတ် ယူပစ်သည်ဆိုတာကိုတွေ့တော့ အားကျ ပီတိဖြစ် အံ့သြမိ၏။ ပြီး စာတွေ ပြန်ဖတ်ချင်စိတ်များလည်း တဖွားဖွား ပေါ်လာခဲ့၏။ သို့သော် စိတ်ကူးကား စိတ်ကူး သက်သက် အဖြစ်နှင့်သာ ရပ်သွားခဲ့ရ၏။ အကောင် အထည် မပေါ်လာပေ။ ဤကား ကျနော် ပြင်ရမည့် အချက် ဖြစ်ချေတော့၏။
အခြား မပြောနှင့် English စာ ပြန်လုပ်မယ် တွေးထားပြီး မလုပ်ဖြစ်နေသေးသည်ကိုသာ ကြည့်။ ကိုယ့် အဖြစ်ကား ဘုန်းကြီး တစ္ဆေ နှယ်ပင်။ သိသိနဲ့ သိသိကြီး ဖြစ်လို့၊ မဟုတ် မဟုတ် သိသိနဲ့ သိသိကြီးကို တမင် အပျင်းထူမိနေခြင်း ဖြစ်ပေလိမ့်မည်။ ကိုဟင် သိလျှင်တော့ ကဒွန်က အပျင်းထူသား၊ နို့ ဒါပေမယ့် စာ မဖတ်ဖြစ် စာဖတ်ပျင်းနေတာတော့ မကောင်းဘူး ဟု ပြောမည်ထင်၏။
ကိုယ့် အကြောင်း ကိုယ်တော့ သိပါ၏။ ကာလ တခုစာပြီးလျှင်တော့ ယခင်လို စာတွေ ပြန်ဖတ် ပါမည်။ စာဖတ်ရတာကို နှစ်သက်သူ အဖို့ အကြာကြီး စာ မဖတ်ဖြစ်ဘူးဆိုတာမျိုးက ဖြစ်လေ့ မရှိဘူး မလား။ ကိုဟင် ကိုလည်း ကျေးဇူး တင်ရပါ၏။ အလုပ်ကနေ တပတ် တိတိ ခွင့်ယူပြီး စာဖတ်ပစ်တယ်ဆိုသည့် စာကြောင်း ကလေးက ကျနော့်အား လှုပ်နှိုး လိုက်သည် မဟုတ် ပါလား။
Yay! 🤗
Your content has been boosted with Ecency Points, by @donjaun.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more
ကိုကိုဇာကို အခုထိ စွဲလန်းတုန်း အရမ်းကြိုက်ခဲ့တဲ့ ကာတွန်းလေး
aww aww စာ ကြီး ပေ ကြီး ကာတွန်းဒေဖတ်တယ်ပေါ့လေ 😂
သားကတော့ Bo Bo မှ Bo Bo ပါဘဲခင်ဗျ !lol
lolztoken.com
ERROR: Joke failed.
@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.
ပေါ့ပေါ့ပါးပါး စိတ်ဝင်စားစရာတွေကစဖတ်မယ်ဆိုရင် .... ခက်ဇော်ရဲ့ ...စာအုပ်တွေရှာဖတ်ပါလို့... ဘယ်စာအုပ်လို့ မညွန်းတော့ဘူး.. ကိုယ့်ဖာသာ ကိုယ်ရှာဖတ်ပေတော့... !LOL !PIZZA. !LUV
@kachinhenry(1/1) gave you LUV.
H-E tools | connect | <><
lolztoken.com
He always wants everything meow.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)
PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(12/15) tipped @donjaun (x1)
Join us in Discord!
!LUV
@golden.future(3/3) gave you LUV.
H-E tools | connect | <><
ဖတ်မယ်ဆို စာအုပ်ငှားပေးမယ်။
Congratulations @donjaun! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOPCheck out the last post from @hivebuzz:
Support the HiveBuzz project. Vote for our proposal!