လေထန်ည

in HIVE-MYANMAR4 years ago

img_0.7621092795142147.jpg

မောင်ကြီး သည် သူ့သူငယ်ချင်းရှိရာ မြို့သို့
အလုပ် လုပ်ရန်ရောက်ခဲ့သည်။ နယ်မှာတော့
မောင်ကြီးနှင့် ဇော်ဇော်က ခင်မင်သည့်သူငယ်ချင်းများ
ဖြစ်သည်။ ဇော်ဇော်က မြို့သို့ အရင်ရောက်ပြီး
ကုမ္ပဏီကားမောင်းသည်။ သူနေသည့် အဆောင်သို့
တူတူနေ၍ အလုပ်လုပ်ရန်ခေါ်သည်။

သူ့အဆောင်ပိုင်ရှင် မိသားစုက ငွေကြေး
အသင့်အတင့်ရှိသည်။ အဆောင်မှာ လူဦးရေ
မများပေ။ မောင်ကြီး၊ ဇော်ဇော် အပါအဝင်
လူ လေးငါးဦးခန့်သာရှိသည်။ အဆောင်ပိုင်ရှင်
အမျိုးသမီးက အသက်လေးဆယ်အရွယ် လှပ
သည်။ ကလေးတဦးရှိပြီး ခင်ပွန်းဖြစ်သူ
နယ်သို့ မကြာခဏ တပတ် ဆယ်ရက်ခန့်
အလုပ်သွားသည်။

ဆိုတော့ အိမ်ဝင်းအတွင်း အိမ်နှစ်အိမ်ရှိရာ
အနက် တအိမ်ကို အဆောင်သဘောထားသည်။
မောင်ကြီး သူငယ်ချင်း ဇော်ဇော်က လူသွက်၊
လူနပ် လူချောဖြစ်သည်။ အဆောင်ပိုင်ရှင်
အမျိုးသမီးကို မမ မမ နှင့် ရောရောနှောနှော
နေထိုင်သည်။ အဆောင်နေ အခြားသူများက
သူတို့ဖာသာ အေးဆေးနေသည်။

img_0.48524357149764485.jpg

မအေးဆေးသူ ဇော်ဇော်က ပိုင်ရှင်မမနှင့်
လုံးထွေးသည်။ ပိုင်ရှင်မမ ကလည်း အပြော‌
ကောင်း ရုပ်ချောဆိုတော့ ငြိချင်းချင်းဖြစ်သည်။
မောင်ကြီးက

"ဟေ့ကောင် ဖိုးဇော် ကြည့်လုပ်နော်
သူ့မှာ ကာမပိုင်နဲ့ မဖြစ်သင့်၊ မလုပ်သင့်ဘူး"

"ဟ ငါ အဲ့လောက် မမိုက်ရိုင်းပါဘူးကွ၊
မင်းမယုံရင် ငါတို့နဲ့ လိုက်ခဲ့ မင်းလည်း
အလုပ်ရသေးတာမဟုတ်ဖူး။ ငါတို့က
အေးဆေးပါကွာ ရိုးရိုးသားသား ဟိုသွား
ဒီစား အဖော်ခေါ်လို့ လိုက်ပေးရတဲ့သဘောပါ"

ဖိုးဇော် ပြောသလိုပင် သူတို့ သွားလာသည့်အခါ
မောင်ကြီး ကိုပင် အဖော်ခေါ်ကြသည်။
ဟိုဆိုင်၊ ဒီဆိုင်ဈေးဝယ် စားလိုက်သောက်လိုက်
ဖြင့် တဝါးဝါး တဟားဟား မောင်ကြီး ပင်
မသိမသာ အဆိုပါ မမနှင့် အဖော်လိုက်ပေး
ရသည်။ တခါတရံ ဖိုးဇော် နယ်သို့ သွားသည့်အခါပင်
ဖိုးဇော် မပါပဲ မောင်ကြီးနှင့် မမနှစ်ဦး
သွားတတ်‌ သေးသည်။

(ဆက်ရန်)

@htwegyi
3-4-2022

Sort:  

စိတ်ဝင်စားလာမှ ဆက်ရန်တဲ့
!LOL

My girlfriend told me to stop singing Wonderwall to her
I said mayybeee...

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @tin.aung.soe
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/8)

တဂယ်ကြီးပ 😁

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@golden.future(3/5) tipped @htwegyi (x1)

Learn more at https://hive.pizza.

Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

ဝိုး...ဇာတ်လမ်းကစိတ်ဝင်စားစရာကောင်းတယ်

ကျေးဇူးပါ ဇာတ်သိမ်းလေး အားပေးပါအုံး။