ပဲပြုတ်ဆီဆမ်း။

in HIVE-MYANMAR3 years ago

img_0.7621092795142147.jpg

ကျွန်တော်တို့က အညာသားမျိုးဆက်ဆိုတော့
ပဲ ကြိုက်တယ်။ အညာသားမျိုးဆက်ဆိုတိုင်း
ပဲမကြိုက်ကြပါဘူး။ သို့ပေသိ ကျွန်တော်တို့က
ပဲနဲ့ မစိမ်းခဲ့ပါ။ ထိုကြောင့် ပဲကို ကြိုက်ခြင်းဖြစ်
သည်။ အမေ့ရွာမှ အမေ့ဆွေမျိုးများလာတိုင်း
အမေ့ရွာထွက် စွန်တာနီပဲနီလုံးများ ယူလာ
တတ်သည်။

စွန်တာနီပဲက အလုံးနှင့်အပြားရှိသည်။ အလုံက
ခါးသောအရသာရှိသည်။ အပြားက မခါးပေ။
ကျွန်တော်တို့က ခါးသော စွန်တာနီပဲအလုံးများသာ
စားတာများသည်။ ငယ်စဉ်က ရွာသွားသည့်အခါ
အမေ့ဆွေမျိုးများက စွန်တာနီပဲလုံးများကို
နှစ်ပေါက်စားရအောင် လက်ဆောင်ပေးလိုက်သည်။

ထိုစွန်တာနီပဲနှင့် ပတ်သက်၍ ငယ်စဉ်က
အမှတ်တရတခုရှိခဲ့သည်။ ကျွန်တော်ငါးတန်း
ကျောင်းသားအရွယ် အမေ့ရွာသို့ အလှူသွားသည်။
အလှူပြီးလို့ မန္တလေးအပြန် ရွာက ထန်းလျှက်၊
နှမ်းဆီ၊ သနပ်ခါးနှင့် ပဲများ လက်ဆောင်ပေး
လိုက်သည်။ ရွာမှ အထွက် ကားပေါ်သို့
လက်ဆောင် ပစ္စည်းများတင်ပေးလိုက်ကြ၍
ပြဿနာမရှိပေ။

အဲ ကားပေါ်မှ အဆင်း မုံရွာဘူတာသို့
လက်ဆောင်ပစ္စည်များ သယ်ယူရာမှာတော့
ဒုက္ခရောက်သည်။ ပဲအိတ်ထုပ်ကြီးထမ်းပြီး
မုံရွာဘူတာသို့အလာ ရထားကထွက်ခါနီး
ခရာတုတ်ပြီးဖြစ်သည်။ အမေ့ကလည်း
သူ့ပစ္စည်းနှင့်သူ ကျွန်တော်ကလည်း ပဲအိတ်ကြီနဲ့
ရထားက ဘီးလိမ့်နေပြီဖြစ်သည်။

ကံကောင်းသည်ပြောရမည် ကျွန်တော်တို့က
ရထားစက်ခေါင်းဖက်မှ တွဲရှိရာသို့ လာကြခြင်းဖြစ်သည်။
စက်ဗိုလ်ကြီးက သဘောကောင်းသည်။
ကျွန်တော်တို့ သားအမိ အထုပ်များရွက်၍ အပြေး
လာသည်ကို မြင်သည်။ ထိုကြောင့် ရထားကို
အရှိန်မမြင့်ပဲ ဘီးလိမ့်ရုံလေးမောင်းပေး၍
ရထားတွဲပေါ်သို့ အမေနဲ့ကျွန်တော်အပြေးအလွှား
တက်လိုက်နိုင်ကြသည်။

စွန်တာနီပဲလုံးကိုပြုတ်၍ ကြက်သွန်နီ၊ ဆား၊
ဆီလေးဆမ်း၍ စားပါက စိမ့်၍ အရသာရှိလှ
သည်။ စွန်တာနီပဲကို ပြုတ်ရာတွင် ရေနှစ်ခါ
လဲပေးရသည်။ သို့မှ ပဲ မှ အခါးဓာတ်များလျော့
သွားသည်။ ပဲကို ခါးကျိုးအောင်ပြုတ်မှ
စားရတာ ပိုအရသာရှိသည်။ အမေက ပဲပါမှ ထမင်းစား
မြိန်သည်ဟုပြောသည်။ ထိုကြောင့်
အမေ ထမင်းစားတိုင်း ပဲတခုခုတော့ ပါရမြဲ
ဖြစ်သည်။ စွန်တာနီပဲမရှိပါက မြေပဲ၊ လက်ဖက်နှင့်
စားရသော ပဲကြော်စုံ စသဖြင့် တခုခုထဲ့
ပေးရလေသည်။

@htwegyi
30-4-2023

Sort:  

!LUV
!LOL

Why do bees have sticky hair?
Because they use Honeycombs.

Credit: mimismartypants
@htwegyi, I sent you an $LOLZ on behalf of @tin.aung.soe

(2/8)

PLAY & EARN $DOOM

!PIZZA
!LOL

I was in the Post Office queue yesterday when Diana Ross tried to push in.
I said “You can't hurry love, you'll just have to wait...”

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @golden.future

(1/8)
Are You Ready for some $FUN? Learn about LOLZ's new FUN tribe!

PIZZA!

$PIZZA slices delivered:
@golden.future(2/5) tipped @htwegyi