
တနှစ်တခေါက်တော့ အရောက်လာပါ။
အရောက်လာပါသည် တနှစ်ကို တခေါက် မကပါ။
သုံးလေးငါးကြိမ် ပင် လာတတ်ပါသည်။
တခါတလေ သင်္ကြန်မိုးနဲ့အတူပင် လာတတ်သည်။
ယခုနှစ်တော့ သင်္ကြန်မိုး မလာပေ။ သင်္ကြန်မိုး
မလာတော့ သူလည်း လာဖို့ ပျက်ကွက်သည်။

တနေ့က ပင်လုံးကျွတ်ပွင့်နေသော ပိတောက်ပင်
ကို မော့ကြည့်၍ စိတ်ကြည်နူးရသည်။
ပိတောက်နံ့ သင်းပျံ့ပျံ့က ရှုလိုက်တိုင်း
လေနဲ့အတူ နှာဝကို သင်းပျံ့မွှေးစေသည်။
ပိတောက်ရနံ့က သင်းသင်းလေးနဲ့ မွှေးသည်။

ပိတောက်ပွင့်သည့်နေ့က မနက်အိပ်ရာထ
ငါးနာရီမှာ အမ၏ အသံကြားရသည်။
အဲ ပိတောက်ပန်းတွေ ပွင့်နေတယ်တော့။
အမ အသံကြား၍ ကျွန်တော်က တူမဖြစ်သူကို
ဆက်လက် သတင်းပို့သည်။ ထိုအခါ တူမသည်
အိပ်ရာမှ ကဗျာကယာထသည်။ မျက်နှာပင်
မသစ်ပဲ ပိတောက်ပင်အောက်သွား၍ ပိတောက်
ပန်းများခူးလေသည်။
ပန်းချစ်သူတို့အတွက် ပိတောက်ပန်းကို မြင်သူ
တိုင်းက လိုချင်မက်မောသည်။ အထူးသဖြင့်
အမျိုးသမီးများက သဲသဲလှုပ်သည်။
တပင်လုံး ဝါဝါထိန်နေသော ပိတောက်ပင်
ကြီးသည် လာသမျှကို ခူးပါလှည့်ဟု ခေါ်နေ
သယောင်။

အနီးအပါးမှ လူများက ဝါးလုံးများဖြင့်
အပြိုင်ခူးသည်။ အဝေးအရပ်မှ ဆိုင်ကယ်များ
ရပ်၍ ခူးသည်။ ဝါးလုံးဖြင့်ခူးသူက ခူးသည်။
အပင်ပေါ်တက်၍ ကိုင်ချိုးခူးသူက ခူးသည်။
မနက် ငါးနာရီမှ နေ့လယ်အထိ တဦးချင်း၊
အုပ်စုလိုက် ခူးကြခြင်းဖြင့် ပိတောက်ပင်
အောက်မှာ ပိတောက်ပွင့်တို့က ဝါဝါထိန်နေ
ပေသည်။

မနက်ငါးနာရီမှာ ဝါထိန်ခဲ၍ မွှေးပျံ့နေသော
ပိတောက်ပင်ကြီးသည် တနေကုန်အောင်ပင်
အနီးအပါးကို မွှေးနေစေသည်။ ညနေနေဝင်ချိန်
မှာတော့ အပွင်တို့က မြေသို့ အကုန်နီးပါး
ကြွေကျရှာသည်။ အပွင့်များကြား ပိတောက်
ကိုင်ကျိုးများက နေရာအနှံ့ ကျဲပြန့်နေသည်။
နေ့တနေ့၏ အစမှာ လှပမွှေးပျံ့စေပြီး
နေ့တနေ့၏ ကုန်ဆုံးချိန်မှာ သူ၏ လှပမှုနှင့်
မွှေးရနံ့များလည်း ကုန်ဆုံးသွားပေတော့သည်။
@htwegyi
28-4-2023
အင်း တရားသဘောနဲ့ ကြည့်ရင်တော့
ဖြစ်ပြီးရင် ပျက်ရတာ ကြီးပါပဲလေ...
!PIZZA
!LUV
!LOL
lolztoken.com
It is slowly coming back to me.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @myanmarkoko
(1/4)
Have you tried the !gif !lolz !meme combo? It is a wall of fun!
Via Tenor
Credit: elgatomayor
Earn Crypto for your Memes @ HiveMe.me!
$PIZZA slices delivered:
myanmarkoko tipped htwegyi
@walarhein(2/5) tipped @htwegyi
!PIZZA
!LUV
@htwegyi, @walarhein(2/5) sent you LUV. | tools | discord | community |
HiveWiki |
NFT | <>< daily
!LOL
!MEME
lolztoken.com
Those who understand Roman numerals and those who don't
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @golden.future
(3/8)
Use the !LOL or !LOLZ command to share a joke and an $LOLZ
Credit: drpanayiothss
Earn Crypto for your Memes @ HiveMe.me!