အဲဒီလေယာဉ်တွေကို Military transport aircraft ဒါမှမဟုတ် military cargo aircraft လို့ခေါ်ကြပါတယ်။ ဒီလေယာဉ်မှာ လေကြောင်းစစ်သားတွေ၊ လက်နက်တွေနဲ့ တခြားစစ်သုံးပစ္စည်း ပေါင်းများစွာကို တင်ဆောင်သွားနိုင်ပါတယ်။ ကမ္ဘာပေါ်ရှိ ဘယ်နေရာဒေသမှာမဆို ပျံသန်းဆင်းသက်နိုင်ပြီး ကန့်သတ်မှုဧရိယာသတ်မှတ်ချက်မရှိပဲ ပျံသန်းနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဒီသယ်ယူပို့ဆောင်ရေးလေယာဉ်တွေကို ဗုံးတပ်ဖွဲ့တွေအတွက် လက်နက်ပစ္စည်းတွေ ပို့ဆောင်ရာမှာ အသုံးပြုခဲ့ကြပါတယ်။

ဒါ့အပြင် လေယာဉ်လောင်စာဖြည့်တဲ့လုပ်ငန်းစဉ်တွေ၊ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ၊ နည်းဗျူဟာမြောက်လုပ်ငန်းစဉ်တွေနဲ့ ဗျူဟာကျကျစစ်လက်နက်သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ အသုံးပြုလေ့ရှိပါတယ်။ အင်ဂျင်နီယာတွေအနေနဲ့လည်း အဲဒီလို ရည်ရွယ်ချက်တွေနဲ့ ဖန်တီးတည်ဆောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေထဲမှာ fixed-wing transport aircraft လို့ခေါ်တဲ့ လေယာဉ်အမျိုးအစားတွေလည်း ရှိပါတယ်။ ဒီလေယာဉ်တွေဟာ တခြားသောစီးပွားရေးဆိုင်ရာလေယာဉ်တွေထက် ပိုမိုမြန်ဆန်စွာပျံသန်းနိုင်ပြီး မတော်တဆမှုတွေအတွက် လိုက်ပါထောက်ပံ့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

အတိုဆုံးပို့ဆောင်နိုင်မှုအကွာအဝေးကတော့ ၁၅ဝဝ ကီလိုမီတာဖြစ်ပြီး အရှည်ဆုံးပို့ဆောင်နိုင်တဲ့အကွာအဝေးကတော့ ၄ဝဝဝ ကီလိုမီတာထက်ပိုပါတယ်။ ဒါ့အပြင် အကန့်အသတ်သာသယ်ဆောင်နိုင်တဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်အမျိုးအစားတွေလည်းရှိပြီး အဲဒါတွေကိုတော့ ဖိုက်တာ၊ ဟယ်လီကော်ပတာ အစရှိသဖြင့် ခေါ်ဆိုကြပါတယ်။

ဒါ့အပြင် အသေးစားသယ်ယူပို့ဆောင်ရေးလေယာဉ်တွေလည်း ရှိပြီး အဲဒါတွေကိုတော့ smaller cargo aircraft လို့ ခေါ်ကြပါတယ်။ ဒါ့အပြင် air ambulance လို့ခေါ်တဲ့ အရေးပေါ်ကယ်ဆယ်ရေးလေယာဉ်အမျိုးအစားကလည်း သယ်ယူပို့ဆောင်ရေးလေယာဉ်အမျိုးအစားတွေထဲ ပါဝင်ပါတယ်
@kyawthihaa
Follow me