Life And Death

in #myanmarlifestoryblog8 years ago (edited)

22.1.2018
(ည ၁၀းနာရီ ဝန်းကျင်ခန့် …)
" ဗျာ …ဘယ်လို အကို…
အခုပဲကားနဲ့ ဆိုင်ကယ်တိုက်လို့ 
ဆုံးပြီဟုတ်လား…
တစ်ကယ်ပြောနေတာလားဗျ…"

မေ့ လို့ မရနိုင်သေးတဲ့စကားတွေကို…နားထဲကြားယောင်မိတာဟာ…
အိပ်မက်တစ်ခုကို…ခဏခဏမက်နေသလိုပါပဲ…မယုံချင်ဘူး…
ဘယ်လိုဖြေရမလဲဗျာ…" သူ လောကကြီးမှာ…မရှိတော့ဘူး"09a0bc99af58821714f0bb260e4dbb26--quotes-death-cheer-quotes.jpg

တစ်ကယ်တော့"သူ"ဆိုတာက…ကျွန်တော့်ငယ်ပေါင်းသူငယ်ချင်းပါ…
အိမ်နီးချင်းတွေ…ပြောမနာ…ဆိုမနာ…တွေပေါ့…စိတ်ဆိုး(တင်း)လည်း…
ခဏပဲ…ပြီးရင် မှားမှားမှန်မှန် စိတ်ဆိုးတဲ့ ကိစ္စမေ့ထားပြီးတော့…ပြန်ခေါ်ကြတာ…
သူက,လူကောင်ကြီးတာလေ…ကျွန်တော့်သုံးကိုယ်စာလောက်ရှိတယ်
ပေါင်၂၀၀ ဝန်းကျင်လောက်လောက်နဲ့ လူ ထွားကြီပေါ့…
လူကောင်သာကြီးတာ…သရဲကျကြောက်တတ်တယ်…
သူများထက်ကို…ပိုကြောက်တာ…ဒါ့ပေမယ့်…အပေါင်း အသင်းဆံ့တယ်.…
တော်ကီ ( Talking) ကတော့ကောင်းတယ်…တစ်ချို့ အဆင်မပြေ…
ညှိလို့ မရတဲ့ကိစ္စတွေ…သူ ကြောင့်( ဝိတ်နဲ့ တော်ကီ နဲ့ ဖြဲ( ပြော) )ပြေလည်ရတာ
ရတာများတယ်…ဘာပဲဖြစ်ဖြစ်ဘော်ဒါစိတ်ပြည့်တယ်လို့ …ပြောလို့ ရတာပေါ့လေ…

ဟာသအနေနဲ့ တစ်ခုလောက်တင်ပြချင်တယ်…
ကျွန်တော်Tattoos စ,(ရေး)ထိုးတော့…သူအံ့သြသွားတယ်…
ကျွန်တော့်လိုငပိန်က…ထိုးရဲမှာမဟုတ်ဘူး…ထိုးမယ်လည်းမထင်ထားဘူးလေ…
သူလည်းထိုးမှာတဲ့…ကျောအပြည့်တဲ့…အဲ့လိုနဲ့ ကျွန်တော်သာ
Tattoosတွေ…ပြည့်(များ)လာတယ်…
သူလည်းထိုးမယ်ဆိုတဲ့Tattoos …မထိုးဖြစ်ခဲ့ဘူး…
အသားနာမှာလည်းအသေကြောက်တာ…စုတ်လေးတစ်ချက်စမ်းထိုးကြည့်တယ်…
နာလို့ ထအော်တယ်…ဟား…ဟားးး
( မှတ်ချက်။ Tattoosရေးခြင်းသည်.…လူမှုရေးနှင့်လုပ်ငန်းခွင်နယ်ပယ်တွင်…
များစွာထိခိုက်စေနိုင်ပါသည်။အတုယူ…အားကျရန်မသင့်ပါ။)
သူနဲ့ ကျွန်တော်က…သွားအတူ လာအတူ မဟုတ်ပေမယ့်…
အမြဲလိုလိုတော့…တွေ့ ဖြစ်ကြတယ်…လုပ်ငန်းခွင်မတူကြတော့လည်း……
အလုပ်ပိတ်ရက်မှတွေ့ ကြတာများပါတယ်…ဒါပေမယ့်…
ညနေတိုင်းတိုင်းလိုလိုဆုံဖြစ်ကြတယ်…သူ…ကျွန်တော်အိမ်လာတယ်…
ကော်ဖီသောက်တယ်…(ကျွန်တော်လည်း…သောက်တယ်…)
စကားတွေပြော…ဟာသတွေပြောနဲ့ ပေါ့…သူ့ ဆီက ဇာတ်လမ်းတွေ
ZAPYA နဲ့ ကူး/Share…ဒီလိုပဲ…ဖြတ်သန်းနေကြတာ…
အခုတော့ မထင်မှတ်တာတွေက…ဖြစ်ခဲ့ကြရပြီလေ…
တစ်ချိန်ချိန်ခွဲရမှာတော့သိကြပါတယ်…ဒါပေမယ့်……အသက်အရွယ်ကြီးလာမှ…
စွန့် ခွာသွားတာမျိုးမဟုတ်တော့…ထူးဆန်းနေသလိုတော့ခံစားမိတယ်လေ…
အမှန်တော့…ဒါဟာ…မထူးဆန်းတဲ့ လောကပြယုဒ်တစ်ခုပါ…
သေခြင်းတရားဟာ…အချိန်မရွေး…နေရာမရွေး…
အသက်အပိုင်းအခြားမရွေး…သေဆုံးနိုင်တယ်ဆိုတာ…သိနေရက်နဲ့ …
မသိ,နေတတ်သလို…နေလာမိတဲ့…ကျွန်တော်တို့ တွေအဖို့ …
သတိသံဝေဂတရားတွေ…နှလုံးသွင်းဆင်ခြင်ရပါတော့မယ်…

Death-Creative-Life.jpg
ကံ စီ မံရာ လို့ …ဆိုပေမယ့်လည်း
(ဘယ်လိုပဲဖြစ်ဖြစ်)
ဆိုင်ကယ်စီးရင်…ဦးထုပ်ဆောင်းကြပါ…
အရက် အလွန်အကျွံ…မသောက်မိပါစေနဲ့ …
အလျင်,မလိုပါနဲ့ …
ဆုံးဖြတ်ချက်တွေ…အလွယ်တကူ…မချမိပါနဲ့ …

22.1.2018 ရက်နေ့ …ည ၁၀ နာရီတွင်…ဘဝတစ်ပါးသို့ …
ပြောင်းရွေ့ ထွက်ခွာသွားသော…သူငယ်ချင်းအတွက်…( အမှတ်တရ…)
ရေးသားနှုတ်ဆက်လိုက်ရပါသည်။
သူငယ်ချင်း…ကောင်းရာ…သုဂတိလားပါစေ…
Rest In Peace…Friend !!!!!!

အားလုံးကျေးဇူးတင်ပါသည်
ကိုယ်စိတ်နှစ်ဖြာ…ကျန်းမာချမ်းသာကြပါစေ…

Criditsး Images from Google.

Author >>>>>@winko

MSC : 234

Sort:  

V %=100% $0.124 V n C done. @thiha/poe

ကောင်းရာမွန်​ရာ​ရောက်​မှာပါ ကို ဂျူး ဂျူးက

အေးပါ ရွေးရယ်…

ကိုယ်တို့ …ဆုတောင်းပေးကြတာပေါ့

ဥစ္စာကို ကံစောင့် အသက်ကိုဥာဏ်စောင့်ရမှာပါ။

ဟုတ် ကိုထွေးရေ
သံဝေဂ ရမိပါတယ်

‌ကောင်းရာသုဂတိ ‌ရောက်‌ပါ‌စေ။

ဟုတ်ကဲ့အကို
ဆုတောင်းပေးကြပါ

nice post

Thank ko soe !

စိတ်​မ​ကောင်းဖြစ်​ရပါတယ်

ဟုတ်တယ်
ညီမရေ

စိတ်မကောင်းဖြစ်မိပါတယ် အစ်ကို

ဟတ်တယ် broရေ
အကြွေစောသော ပန်းတစ်ပွင့်ပါပဲဗျာ

Yes အမ ဖေဖေလဲ ဆိုင်ကယ်စီး ဦးထုတိမပါလို့ မျက်လုံးတစ်ဖက် ဆုံးရှုံးရတယ်😞😞အခု ဘယ်သွားသွားဦးထုပ်စောင်းတယ်

ဟုတ် Ma Kyi Pyar ရေ

မောင်လေးလည်း အခု
ဦးထုပ်ကို တန်ဖိုးထားတတ်နေပြီ
ဘယ်သွားသွား ဦးထုပ်ဆောင်းဖြစ်ပါတယ်

Sad

Me too " ! same to you.

ကဗျာတွေ ထပ်ရေးပါဗျ ကိုမိုးည

အင်း ရေးမယ်
အခုက Drama ဘက် အလည်ရောက်နေလို့ 

Nice post ပါ

ကျေးဇူး Broရေ

so sad

Me too ! same to you.

အန္တရာယ်အမြဲတမ်းလက်တစ်ကမ်းမှာပါ သတိဆောင်ထားတာတောင် ခံရတတ်ပါတယ် စိတ်မကောင်းပါ

နှစ်သိမ့်ပေးတာကျေးဇူးပါဗျာ

ထပ်တူပါညီရေ

ဟုတ်အကို

နားလည်ခံစားပေးတာကျေးဇူးပါ

စိတ်မကောင်းဖြစ်ရပါတယ်ဗျာ

ဟုတ်တယ်ဗျ
သေသွားတာမယုံချင်သေးဘူးလေ

SO sad.

me too bro

စိတ်မကောင်းလိုက်တာကွယ်။

ဟုတ်တယ် အကိုရေ

စိတ်မကောင်းပါဘူးဗျာ

ဟုတ်အကိ
ထပ်တူ ထပ်မျှ ပါပဲ

ဖတ်ပြီးစိတ်မကောင်းမိဘူးအကိုရေ
ကောင်းရာသုဂတိလားပါစေဗျာ

ဟုတ်တယ်အကို
ဆုတောင်းပေးကြပါဗျာ

Congratulations @winko! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes
Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!