Apple's OLED Display 2018 phone

in #ananda8 years ago

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က LG အနေနဲ့ Apple ရဲ့ အသစ် ထွက်ရှိလာမယ့် iPhone မော်ဒယ် အသစ်တွေမှာ အသုံးပြုသွားမယ့် OLED Display Panel တွေကို ထုတ်လုပ် ပေးသွားမှာ ဖြစ်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။
IMG_20180626_194622.jpg
လက်ရှိ အချိန်မှာ LG အနေနဲ့ Apple အတွက် လုံလောက်တဲ့ Display ပမာဏ ကို ထုတ်လုပ် ပေးနိုင်ခြင်း မရှိသေးတာကြောင့် Samsung နဲ့ တွဲဖက်ပြီး Apple အတွက် OLED Display Panel များကို ပူးတွဲ ထုတ်လုပ် ပေးနေရအုံးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် LG အနေနဲ့ တရုတ်နိုင်ငံမှာ OLED Panel သီးသန့် ထုတ်လုပ်ဖို့ အတွက် စက်ရုံသစ် ဆောက်လုပ်ဖို့ အတွက် ခွင့်ပြုမိန့်လည်း ရရှိသွားပြီ ဖြစ်တာကြောင့် Apple ရဲ့ အသစ် ထွက်ရှိလာမယ့် iPhone မော်ဒယ် အသစ်တွေမှာ LG ရဲ့ OLED Display Panel သီးသန့်ကိုသာ မြင်တွေ့ရတော့မှာ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။

ကြည့်ရတာ LG အနေနဲ့ အသစ် ထွက်ရှိလာမယ့် iPhone မော်ဒယ် အသစ်တွေ အတွက် OLED Display Panel သီးသန့် ထုတ်လုပ် ပေးရတာ သိပ်ပြီးတော့ အားမရဘူး နဲ့ တူပါတယ်။ ဒါ့ကြောင့် ယခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ မိတ်ဆက်သွားမယ့် Apple ရဲ့ Budget iPhone မှာ အသုံးပြုသွားမယ့် ၆.၁ လက်မ အရွယ်အစား ရှိ LCD Display Panel တွေကိုပါ ထုတ်လုပ် ပေးသွားဖို့ ကြံရွယ်နေတဲ့ ပုံပါပဲ။

တောင်ကိုရီးယား သတင်း မီဒီယာ တစ်ခုရဲ့ ဖော်ပြချက်များအရ Apple ရဲ့ အသစ်ထွက်ရှိလာမယ့် ၆.၁ လက်မ အရွယ်အစားရှိ 2018 iPhone တွေမှာ အသုံးပြုသွားမယ့် LCD Display တွေကို ထုတ်လုပ်ပေးဖို့ အတွက် LG အနေနဲ့ တစ်ဉီးတည်း ကိုယ်စားလှယ် ရရှိ သွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် LG အနေနဲ့ Apple အတွက် LCD Display Panel သန်း ၂၀ နီးပါး ထုတ်လုပ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာ Apple ရဲ့ အသစ် ထွက်ရှိလာမယ့် iPhone မော်ဒယ် အသစ် သုံးမျိုးဟာ iOS ရဲ့ ပရိသတ်တွေ ရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတာကြောင့် OLED Display အသုံးပြုထားတဲ့ High-End စမတ်ဖုန်း မော်ဒယ် နှစ်မျိုး နဲ့ LCD Display အသုံးပြုထားတဲ့ Budget စမတ်ဖုန်း မော်ဒယ် အသစ်တွေ ကို ဘယ်လို ပုံစံ၊ ဘယ်လို ဈေးနှုန်းတွေနဲ့ မိတ်ဆက်သွားမယ် ဆိုတာကို ဆက်လက် စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။
SOURCE
PHOTO- GOOGLE

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.macrumors.com/2017/07/03/apple-lg-display-oled-iphones/