Key

in #ananda8 years ago

အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်သူ TCL အနေနဲ့ လက်ရှိအ
ချိန်မှာ BlackBerry စမတ်ဖုန်းတွေကို ထုတ်လုပ်နေပါတယ်။ ကု
မ္ပဏီအနေနဲ့ BlackBerry Key2 ဖုန်းကို ပြီးခဲ့တဲ့ ၇ရက်နေ့က
တရားဝင်မိတ်ဆက်ခဲ့ပြီး သူ့မှာ Snapdragon 660 ပရိုဆက်ဆာ
ကို သုံးထားပါတယ်။ ဒီနေ့မှာတော့ စမတ်ဖုန်းနဲ့ပတ်သတ်တဲ့ သ
တင်းပေါက်ကြားမှုတွေကို အမြဲတင်နေတဲ့ Evan Blass ကနေ
BlackBerry အနေနဲ့ Key2 Lite ဖုန်းကိုထုတ်လုပ်ဖို့အတွက် ပြ
င်ဆင်နေတယ်ဆိုတဲ့ tweet တစ်ခုကို သူရဲ့ အကောင့်ကနေတင်
လိုက်ပါတယ်။IMG_20180417_201640.jpg
BlackBerry အနေနဲ့ အဲဒီဖုန်းကိုနောက်လ ဘာလင်မှာကျင်းပမ
ယ် IFA ပွဲမှာ မိတ်ဆက်သွားနိုင်တယ်လို့ ၎င်းကပြောထားပါတ
ယ်။ ဖုန်းကို ပလပ်စတစ်ကိုယ်ထည်နဲ့ဖြစ်ပြီး အရောင်အနေနဲ့
အနီ၊အပြာ၊ ကြေးနီ ရောင်တွေသုံးလာလိမ့်မယ်လို့ သိရပါတယ်။
ဖုန်းရဲ့ codenamed ကိုတော့ BlackBerry Luna လို့ပေးထားပြီး
Key2 ဖုန်းရဲ့ "Mini" version ဖုန်းဖြစ်လာမှာပါ။ သူ့မှာ 4.5
Inches FHD ပါဝင်နိုင်ပြီး ပရိုဆက်ဆာပိုင်းမှာတော့ Hello P60
ကိုသာ သုံးလာနိုင်ပါတယ်။ ဈေးနှုန်းပိုင်းမှာတော့ အလွန်သက်
သာနိုင်ပြီး Key2 ထက်စရင် အချို့ Hardware ပိုင်းတွေမှာ ထပ်
မံလျော့ချလာနိုင်ပါတယ်။
IMG_20180719_220941.jpg

ပြီးခဲ့တဲ့လကထွက်ထားတဲ့ BlackBerry KEY2 မှာ လေးထောင့်
ကျတဲ့ ဒီဇိုင်းကို သုံးထားပြီး Physical Keyboard ထည့်သွင်းထား
ပါတယ်။ 12MP ကင်မရာနှစ်လုံး ဖြစ်ပြီး Optical Zooming နဲ့
Portrait Photos များကို ဖန်တီးပေးနိုင်ပါတယ်။ ၄.၅ လက်မ
1080x1620p IPS LCD Display တပ်ဆင်ထားပါတယ်။
Chipset ကတော့ Snapdragon 660 ဖြစ်ပါတယ်။ 6GB RAM
ပါပါတယ်။ အနောက်ဘက်ကို Series 7 Aluminium ဖြင့် ဖုံးအုပ်
ထားပြီး အနက်နဲ့ ငွေရောင်များ ထုတ်လုပ်ပေးထားပါတယ်။
Source

Sort:  

Congratulations @kcs-token! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published
Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes

Do you like SteemitBoard's project? Then Vote for its witness and get one more award!