လူမိုက် ရှာပုံတော်
တချ ိန်တုန်းကပေါ့...
သူဌေးကြီးက သူ့တပည့် တစ်ယောက်ကို
လူမိုက် ၁၀ ယောက်ရှာပြီး
နာမည်တွေကို မှတ်ကာ
သူ့ဆီ ယူလာခဲ့ဖို့ ခိုင်းလိုက်သတဲ့
အဲ့ဒီတော့ သူဌေးကြီးရဲ့တပည့်ဟာ
လူမိုက် ရှာဖို့ထွက်လာခဲ့တယ်
မြစ်တစ်ခုနား အရောက်မှာ...
မြစ်ထဲကရေတွေကို ခပ်ပြီးသွန်နေတဲ့
အမျု ိးသားတစ်ယောက်ကို တွေ့တော့...
"ဟေ့လူ... ဘာဖြစ်လို့မျ ား
မြစ်ရေတွေကို ခပ်ပြီးသွန်နေတာလဲ?" လို့
သူမေးလိုက်တဲ့ အချ ိန်မှာပဲ...

"ကျ ပ်တို့ရွာရဲ့ ကွမ်းတောင်ကိုင်လေးက
ဒီမြစ်ထဲက ရေတွေကို ကုန်အောင် သွန်နိုင်ရင်
ကျု ပ်ကိုပြန်ကြို က်မယ် ဆိုလို့ပါ" လို့
ပြန်ပြောတယ်...
သူဌေးကြီးရဲ့ တပည့်လည်း
ဒီလူဟာ အလွန်မိုက်တဲ့သူပဲ လို့တွေးပြီး
နာမည် မေးကာ
လူမိုက် နံပါတ် ( ၁ ) လို့ မှတ်လိုက်တယ်၊
နောက်ထပ်လူမိုက်ရှာဖို့ ဆက်ထွက်ခဲ့ရာ...
မြစ်ထဲမှာ စုံချ ည် ဆန်ချ ည်
လှေလှော်ခပ်နေတဲ့သူကို တွေ့ပြန်တော့...
"ဟေ့လူ... မြစ်ထဲမှာ စုံချ ည် ဆန်ချ ည် နဲ့
ဘာလို့မျ ား လှေလှော်နေတာလဲ" လို့မေးတော့
"ကျု ပ် သူငယ်ချ င်းလေ...
ကျု ပ်နွားကိုယူပြီး တနေကုန် ခို်င်းနေတယ်
ဘယ်ရမလဲဗျ
ကျု ပ်ကလည်း သူ့လှေယူပြီး
တနေကုန် လှော်တာပေါ့" လို့ ပြောတယ်
ဒါကြောင့်...
ဒီလူလည်း လူမိုက်လို့ သတ်မှတ်ပြီး
နာမည် မေးကာ
လူမိုက် နံပါတ် (၂ ) လို့ မှတ်ခဲ့တယ်၊
ဒီလိုနဲ့ ဆက်ထွက်လာရာ...
သစ်ခုတ်သမားတွေခုတ်နေတဲ့ သစ်ပင်ပေါ်မှာ
လူတစ်ယောက် တွေ့တာမို့
"ဟေ့လူ... သစ်ပင်ပေါ် ဘာလုပ်နေတာလဲ
အောက်မှာ သစ်ပင်ခုတ်နေတာလေ" ဆိုတော့
"သစ်ပင်ပေါ်တက်ပြီး ပြန်မဆင်းတတ်လို့
တွေ့တဲ့သူကို သစ်ပင်ခုတ်ခိုင်းထားတာ...
အဲ့ဒါမှ အောက်ကို
အလွယ်တကူ ဆင်းလို့ရမှာလေ" လို့
ပြန်ပြောတာကြောင့်...
ဒီလူလည်း လူမိုက်ပဲ လို့ သတ်မှတ်ပြီး...
လူမိုက် နံပါတ် ( ၃ ) လို့ မှတ်ခဲ့ပြန်တယ်၊
ဒါနဲ့ တောစပ်တစ်နေရာ ရောက်ပြီး...
မြေတွင်း၀မှာ ဓားတစ်ခေျ ာင်းနဲ့
ထိုင်စောင့်နေတဲ့သူကို တွေ့ပြန်တော့...
"ဟေ့လူ... ဒါ ဘာလုပ်နေတာလဲ" ဆိုတော့
"ကြွက်တစ်ကောင် တွင်းထဲ ၀င်သွားလို့
ပြန်ထွက်အလာကို စောင့်နေတာ...
ဒီကောင် တွင်းထဲမှာ ကြာကြာမနေနိုင်ပါဘူး
ထွက်လာရင် အသေခုတ်သတ်ပြီး ချက်စားမှာ"
လို့ ဖြေတယ်...
သူဌေးကြီးရဲ့တပည့်လည်း နာမည်မေးကာ
လူမိုက် နံပါတ် ( ၄ ) လို့ မှတ်လိုက်တယ်၊
ခရီး ဆက်ခဲ့ရာမှာ...
လက်နှစ်ဖက်မြှောက်ပြီး
ထိုင်လျ က် လဲကျ နေတဲ့သူကိုတွေ့တော့...
"ဟေ့လူ... မ ထနိုင်လို့လား?
မ ထနိုင်ရင် ကျ နော်ထူပေးမယ်" ဆိုပြီး...
ပြောပြောဆိုဆိုနဲ့
လက်နှစ်ဖက်ကို ဆွဲလိုက်ရာ ထိုသူက...
"ကျ နော့်ကို ထူပေးချ င်ရင်
ချု ိင်းက မ ပြီးထူပေးပါဗျ ာ...
ကျ နော်က သေတ္တာ၀ယ်ဖို့ မြို ့တက်တာ
သေတ္တာကိုလက်နဲ့ တိုင်းလာတာ
လွဲမှာစိုးလို့
လမ်းမှာ ခလုတ်တိုက် လဲကျ တာတောင်
လက်နှစ်ဖက် မချ ရဲဘူး" လို့ပြောတာမို့
တော်တော်မိုက်တဲ့သူပဲ လို့ တွေးပြီး...
လူမိုက် အမှတ်စဉ် ( ၅ ) လို့ မှတ်ခဲ့တယ်၊
အဲ့ဒီနောက် သူဌေးကြီးရဲ့တပည့်လည်း
လူမိုက်ရှာဖို့ ဆက်ထွက်လာခဲ့ရာ...
အငြင်းအခုန် လုပ်နေတဲ့
လူနှစ်ယောက်ကို တွေ့ပြန်တော့
"ဟေ့လူတွေ...
ဘာ အငြင်းအခုန် ဖြစ်နေတာလဲ" မေးတော့
"ကောက်ရထားတဲ့ ပိုက်ဆံကို
နှစ်ယောက် အညီအမျှ ေ၀ယူရမယ့်ကိစ္စမှာ
သူက အရင်တွေ့တဲ့သူမို့ ပိုရသင့်တယ်ပြောလို့
ငြင်းနေတာပါ" လို့ ပြောတာကြောင့်
"ခင်ဗျ ားတို့ကောက်ရတဲ့ ပိုက်ဆံက
ဘယ်လောက်မို့လဲ" လို့မေးလိုက်တော့
"မဟုတ်ပါဘူးဗျ ာ...
ပိုက်ဆံက ကောက် မရသေးပါဘူး
ကောက်ရခဲ့ရင် ပြောတာပါ" လို့ပြောကြတယ်
အို... ဒီလူတွေ ဆိုပြီး နာမည်တွေ မေးကာ...
လူမိုက်နံပါတ် ( ၆ ) နဲ့ ( ၇ ) လို့ မှတ်ပြန်တယ်၊
အဲ့ဒီနောက် သူဌေးကြီးဆီ ပြန်လာပြီး...
လူမိုက် ( ၇ ) ယောက်နာမည်ကို
ဥပမာနဲ့တကွ ပြလေတယ်...
ဒီတော့ သူဌေးကြီးက...
"ဟဲ့....ငါ့တပည့်ရယ်...
ငါ ရှာခိုင်းတာက လူမိုက် ( ၁၀ )ယောက်
ခုက ( ၇ ) ယောက်တည်း ရှိသေးတယ်လေ
( ၁၀ ) ယောက်မှ မပြည်းပဲ" ဆိုတော့...
တပည့်ဖြစ်သူက...
"ပြည့်ပါတယ် သူဌေးကြီးရယ်...
ဒီစာရင်းထဲမှာက
လူမိုက် ( ၇ ) ယောက်...
ဘာမဆိုင် ညာမဆိုင်၊ အရည်မရ အဖတ်မရ
လူမိုက်ရှာခိုင်းတဲ့ သူဌေးကြီးပါရင်...
( ၈ ) ယောက်...
လူမိုက်ရှာတဲ့ ကျနော်ရယ်ဆိုတော့...
( ၉ ) ယောက်...
ဘာဗဟုသုတမှ မပါတဲ့ ဒီစာကို
ဖတ်နေတဲ့သူနဲ့ ဆိုရင်...
( ၁၀ ) ယောက်လေ..." တဲ့
(ရယ်မောပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းနိုင်ကြပါစေ...)
မေတ္တာ ဖြင့်...
စာ ဆို တော် ကိုရင်လေး..