အရှုံးမပေးပါနဲ့။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ စိတ်ပိုင်းဆိုင်ရာ အရမ်းကြိုးစားဖ ...

in #appics5 years ago

...ို့လိုပါသေးတယ်။ နည်းနည်းလေး မအောင်မြင်တာ...နည်းနည်းလေး ရှုံးနှိမ့်တာ...စတာတွေကို..ခံစားချက်ပြင်ပြင်းတွေဖြစ်ပီးတော့...လက်လျှော့အရှုံးပေးတတ်လေ့ ရှိကြတယ်။ မိမိကိုယ်တိုင်ကလည်း အဲ့လိုလူစားထဲကပါပဲ။ သို့ပေမဲ့ သတိရတဲ့အချိန်...စိတ်ကိုတင်းပီး ကြိုးစားတဲ့အခိုက်အတန့်တွေ ခဏခဏဖြစ်ပါတယ်။ သတိရပီး မကြိုးစားတဲ့လူဆိုရင်တော့...ကိုယ့်ခြေကိုယ့်လက်နဲ့ အောင်မြင်တဲ့ အခိုက်အတန့်လေးတောင်ရှိမှာမဟုတ်ပါဘူး။

လူဆိုတာလည်း အမြဲ ကျရှုံးနေတာမဟုတ်သလို အမြဲလည်းမအောင်မြင်ပါဘူး။ ဒီလိုပြောတဲ့အခါ အမြဲအောင်မြင်နေသူရှိတယ်...သူတို့ကျတော့ဘာလို့ အမြဲအောင်မြင်နေတာလည်းလို့မေးစရာဖြစ်လာပါတယ်။ မှန်ပါတယ်..သူတို့ကအမြဲအောင်မြင်နေသူတွေ...သမိုင်းတွင်သူတွေဖြစ်ကြပါတယ်။ အဲ့လိုအမြဲအောင်မြင်သူ သမိုင်းတွင်သူတွေဖြစ်အောင်လည်း..သူတို့တွေက အခြားလူသားတွေနဲ့မတူ...တစ်မူထူးခြားစွာပဲ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ကြလို့ပါပဲ။ ကျွန်တော်တို့လည်း မိမိရည်မှန်းချက်တွေ မိမိဖြစ်ချင်တာတွေ ရှိကြတာပဲမဟုတ်လား။ အဲ့ဒီရည်မှန်းချက်တွေကို ဖြစ်မြောက်အောင် လုပ်ဆောင်ဖို့ပဲလိုပါတယ်။ ရည်မှန်းချက်တွေ ဖြစ်လာတဲ့အခါ အပျော်ဆုံးလူက မိမိကိုယ်တိုင်ပါပဲ။

သင်ဘာဖြစ်ချင်ပါသလည်း။ ယခုရော သင်ဘာတွေလုပ်နေပီလည်း။ဘာတွေဆက်လုပ်မှာလည်းဆိုတာမိမိကိုယ်ကို ပြန်လည်မေးခွန်းထုတ်ရင်း မိမိရည်မှန်းချက်တွေကို အကောင်အထည်ဖော်ကြပါ။ ရည်မှန်းချက်ပျောက်တယ်ဆိုတာမဟုတ်ပါဘူး။ ရည်မှန်းချက်ကို မလုပ်ဆောင်တာပါ။ အားလုံးလည်း ရည်မှန်းချက်ကိုယ်စီနဲ့အောင်မြင်ကြပါစေဗျာ။

06f3577a3285dbec6c0b57ffebd2fc70

Powered by APPICS - visit us at appics.com

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here

အမ် ကျေးဇူးတင်ပါတယ်ဗျ။

Posted using Partiko Android

Appics က ခေါင်းစဉ်နဲ့ စာကိုယ် ခွဲရေးရ ခက်ပါ့နော်😁

Posted using Partiko Android

ဟုပ ဂျင်းကောင်ကြီး 😁

Posted using Partiko Android