ဘယ် ipad ကိုရွေးရမလဲ

in #apple7 years ago

Apple က 2017 နှစ်လယ်လောက်ကစပြီး iPad တွေကို Lineup (4)ခုခွဲပြီး ထုတ်ပေးလိုက်ပါတယ်။
(1) 9.7-inch 2017 iPad (Apple Tablet တစ်လုံးကို ဈေးတန်တန်နဲ့ စတင်သုံးချင်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ Model)
(2) 10.5-inch 2017 iPad Pro (Size အရကော၊ လုပ်ဆောင်နိုင်စွမ်းပိုင်းကော အကောင်းဆုံးဖြစ်တဲ့ Model, best option for artists and power users)
(3) 12.9-inch iPad Pro (အပေါ်က iPad Pro ထက် စကရင် ပိုကြီးသွားပါမယ်။ ဈေးပိုကြီးပါမယ်။ ကျန်တာ အတူတူပါပဲ။)
(4) iPad Mini 4 (၇လက်မ၊ ၈လက်မ အရွယ်အစား Tablet အမျိုးအစားကိုကြိုက်သူတွေအတွက် ရွေးချယ်စရာ မော်ဒယ်ပါ။ စွမ်းဆောင်ရည်ကတော့ ယခုဖော်ပြတဲ့ iPad တွေထဲမှာ အနည်းဆုံး Model)
======================================
(1) 9.7-inch 2017 iPad (တိုတိုပဲတစ်ကြောင်းထဲပြောရရင် Good for everyone ပါ။)
Entry-Level iPad တစ်မျိုးဖြစ်ပြီး… iPad လို့ပဲ Apple က နာမည်ပြန်ပေးလိုက်ပါတယ်။ 32Gb နဲ့ 128Gb ဆိုပြီး storage (၂)မျိုးနဲ့ ဝယ်ယူနိုင်ပါမယ်။ iPad Air 2 နေရာကို အစားထိုးဝင်ရောက်တာပါ။ iPad Air 2 ထက်ပိုကောင်းပါတယ်၊ ဈေးတောင် ပိုသက်သာပါသေးတယ်။ Display က iPad Pro ထက် အလင်းပိုပြန်ပါတယ်။ ဈေးအရတော့ iPad တွေထဲမှာ အတန်ဆုံး ဖြစ်ပါတယ်။ This is the basic “Get an iPad” iPad.
ဘယ်သူတွေဝယ်သင့်သလဲ…

  • Budget ချိန်ပြီး iPad ဝယ်မယ့်သူတွေ
  • ကလေး အတွက် ဝယ်ပေးမယ့် မိဘတွေ
  • Email, Internet သုံး, Game ဆော့ရုံရည်ရွယ်ချက်ရှိသူတွေ
  • Apple Pen အသုံးပြုပြီး စာရေး၊ ပုံဆွဲ မလုပ်မယ့်သူတွေ
  • Apple Original iPad Keyboard မလိုသူတွေ
    ======================================
    (2) 10.5-inch iPad Pro (iPad Pro 10.5) [အကြိုက်ဆုံး iPad အမျိုးအစားပါ။]
    iPad Pro 9.7 နေရာကို အစားထိုးဝင်ရောက်လာပါတယ်။ ထူးခြားတာက 64Gb, 256Gb, 512Gb ဆိုပြီး Storage သုံးမျိုးနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
    စကရင်အတွက် နေရာပိုပေးလိုက်တဲ့အတွက် ဘေးဘောင်တွေ ပါးသွားပါတယ်။ Superfast A10X processor ကို သုံးထားတယ်။ Superfast ဖြစ်တဲ့အတွက် တကယ်လည်းမြန်တဲ့ iPad အမျိုးအစားပါ။ ရှေ့ကင်မရာ၊ နောက်ကင်မရာ iPhone 7 ကင်မရာတွေကို သုံးပေးထားပါတယ်။
    Display ကလည်း အလင်းမပြန်တဲ့ Display, Color အရည်အသွေးကလည်း မပြောပြတတ်အောင်ကောင်းတာ၊ refresh rate တွေလည်းမြန်လာတဲ့အတွက် သင့်မျက်စိအတွက် ပိုသက်သာစေပါတယ်။
    Apple က အမွှန်းတင်သွားတာကတော့ fantastic pressure-sensitive တဲ့။ $99 နဲ့ ရောင်းမယ့် APPLE PENCIL အတွက် ပိုကောင်းသွားစေတာပါ။ APPLE PENCIL မသုံးတဲ့သူဆိုရင် ဘာမှထူးခြားမှာ မဟုတ်ပါဘူး။
    APPLE ORIGINAL KEYBOARD တပ်ဆင်ဖို့အတွက်လည်း Smart Connector ပါဝင်ပါတယ်။ Keyboard အတွက်လည်း တန်ရာတန်ကြေးလေးတော့ ပေးဝယ်ရပါမယ်။ (လိုချင်ရင်ပြောတာ။)
    ရူးသွပ်မယ်ဆိုရင်တော့ . . .
  • APPLE ဆိုရင် ကောင့်ပေ့ဆိုမှ ကိုင်ချင်သူတွေ
  • PENCIL အသုံးပြုတတ်တဲ့ Artist တွေ
  • ရုပ်ရှင်တွေ၊ ဂိမ်းတွေကို Display Quality, Color Quality, Audio Quality ကောင်းကောင်းနဲ့ ခံစားချင်သူတွေ
    ======================================
    (3) 12.9-inch iPad Pro!
    iPad Pro 12.9 ယခင် version ကိုပဲ upgrade လုပ်ပေးလိုက်တာပါ။ 10.5 နဲ့ အကုန် အတူတူပါပဲ။ သူများတွေတော့ မသိဘူး . . ကျွန်တော်အဲ့ 12.9 ကို မြင်ကတည်းက Laptop တစ်ခုကိုလေ LCD ချည်းပဲ ဖြုတ်ကိုင်ထားသလိုခံစားရတယ်။ မျက်နှာပြင်ကျယ်တဲ့အတွက် တစ်ချို့ Pencil နဲ့ ပုံဆွဲရတဲ့ Artists တွေတော့ ကြိုက်ကြတယ်။
    သွားလေရာသယ်သွားဖို့ကျတော့ . . . ပြောတတ်ဘူး . . . iPad Pro 10.5 လောက်အဆင်မပြေဘူး။ တစ်ခုတော့ကြိုက်တာရှိတယ် . . ဘာလဲဆိုတော့ Split Screen သုံးရတာ မိုက်တယ်။ App နှစ်ခုကို ဘယ်တစ်ခု၊ ညာတစ်ခု သုံးရတာ . . . Display ကြီးတော့ စိတ်ကြိုက်နှစ်ခြမ်းခွဲသုံး . . အားရတယ်။
    ဝယ်မယ်ဆိုရင်တော့ …
  • APPLE ဆိုရင် အကောင်းဆုံးမှ ကိုင်ချင်သူတွေ
  • ဒေါ်လာ ၁၀၀၀ တန် TABLET တစ်လုံးကို မျက်စိမှိတ်ပြီး ဝယ်နိုင်တဲ့သူတွေ (အသုံးဝင်ဝင်၊ မဝင်ဝင်။)
  • MOVIE တွေ၊ ဂိမ်းတွေကို ၁၃လက်မ လောက်နဲ့မှ ကြည့်ရတာ၊ ဆော့ရတာ အားရတဲ့ သူ
  • Screen နှစ်ခြမ်းခွဲပြီး အလုပ်နှစ်ခုကို မျက်စိအားမစိုက်ရပဲ မြန်မြန်ဆန်ဆန် လုပ်ချင်တဲ့သူ
    ======================================
    (4) iPad Mini 4 (Oldest iPad in iPad Lineup – Most portable iPad)
    iPad ကို 10 လက်မ ထက်သေးတာလိုချင်တယ်ဆိုရင်တော့ ဘာမှ မစဉ်းစားပါနဲ့။ ရွေးစရာမရှိပါဘူး။ သူ့ပဲ ဝယ်ရပါမယ်။
    အသေးဆုံး iPad ဝယ်ချင်သူများ အတွက် သင့်လျော်တဲ့ model ပါ။ မဟုတ်ရင်တော့ 9.7inch iPad ကိုပဲ စဉ်းစားစေချင်ပါတယ်။ (ပိုပျော်ရပါလိမ့်မယ်။)
    ======================================
    တစ်ခြားစဉ်းစားစရာများ
  • APPLE Pencil သုံးကို သုံးချင်သူများ . . . မစဉ်းစားနဲ့ iPad Pro 10.5
  • APPLE Keyboard သုံးကို သုံးချင်သူများ . . . မစဉ်းစားနဲ့ iPad Pro 10.5
  • Photo Editing, Video Editing, Sketch Drawing အတွက် iPad Pro 10.5 or 12.9
  • Video ကြည့်၊ Internet သုံးရုံ၊ ဂိမ်းဆော့ရုံ၊ Budget limit . . . iPad 9.7 2017
  • သေးတာပဲလိုချင်သူများ . . . iPad Mini 4
  • လက်ရှိ iPad Air 2 ကို upgrade လုပ်လိုလျှင် iPad Pro 10.5 ကိုပဲစဉ်းစား၊ iPad 9.7 2017 ဆိုရင်တော့ လက်ရှိ iPad Air 2 ပဲ ဆက်သုံးပါလို့
  • iPad Pro 9.7 ကို 10.5 သို့ upgrade လုပ်ချင်သပဆိုရင်တော့ . . ကျွန်တော်ကတော့ “No” ပါ။
  • iPad Pro 12.9 ကို ဝယ်ချင်တယ်ဆိုရင်တော့ . . . ဟိုစကားပုံလေးသတိရ “မခုန်ခင်အရင်ကြည့်” ..
  • iPad Mini 4 ကတော့ Mini to Mini upgrade လုပ်လိုက လုပ်စေ . .
    ======================================
    #creditIMG_0288.JPG