တွေဝေနေသူ

in #archon5 years ago

တွေဝေနေတဲ့သူကို
တစ်ချက်ပြုံးပြပါ။
အဲ့ဒါထောက်ခံခြင်းပါ။

မျှော်လင့်ခြင်းကင်းတဲ့သူကို
တစ်ချက်ပြုံးပြပါ။
အဲ့ဒါအားဖြည့်ပေးခြင်းပါ။

လမ်းပျောက်နေတဲ့သူကို
တစ်ချက်ပြုံးပြပါ။
အဲ့ဒါလမ်းစဖေါ်ပေးခြင်းပါ။

အားပျော့နေတဲ့သူကို
တစ်ချက်ပြုံးပြပါ။
အဲ့ဒါသတ္တိမွေးပေးခြင်းပါ။