နန်းမြို့ရိုးနှင့်ကျုံးထောင့်မှာလေ

in #art4 years ago

မင်္ဂလာပါ

ဒီနေ့လည်း VIVO phone camera လေးနှင့် Panorama Affect
သုံးကာ ဓာတ်ပုံ ရိုက်ယူထားတာလေး တင်ပါဦးမယ်ဗျ။
lutqr2.jpg
ဒီပုံလေးက မန္တလေး နန်းမြို့ရိုးနှင့်ကျုံး ပါ။ နန်းမြို့ရိုးနှင့်ကျုံး အရှေ့မြောက်ထောင့်
မှ ရိုက်ယူထားခြင်း ဖြစ်ပါတယ်။
ဒါကတော့ မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် မင်းထိုင်ခဲ့သော နောက်ဆုံး
အမွေအနှစ် တစ်ခုပါပဲ။
နန်မြို့ရိုးထဲမှာတော့ မြန်မာ့အမွေအနှစ်ကို မထိန်းသိမ်းကြပါဘဲ နေထိုင်ကြသော
တပ်မိသားစုတွေ ရှိကြပါတယ်။ လုံခြုံရေး ကာကွယ်ရေး တာဝန်ယူကြရမယ့်
သူတို့တွေက မြို့တွင်း နန်းတွင်းထဲ လုံလုံခြုံခြုံ နေထိုင်နေကြတာတော့
ရှက်စရာ မကောင်းပေဘူးလားဗျာ။

ကဲ ထားလိုက်ပါတော့ နိုင်ငံရေးတွေ...
ခုက နန်းမြို့ရိုးအလှ ကျုံးသဘာဝ အလှဓာတ်ပုံ တင်တာ မဟုတ်လား။
အဲဒါတွေ ပြောနေလိူ့ အာရုံနောက်တာပဲ အဖက်တင်နေဦးမယ်။
08ebsv.jpg
ဒီပုံလေးတွေကို မိတ်ဆွေကြီး ကသက် အိမ်မှာ ညအိပ်ခဲ့ပြီး နောက်မနက်
အပြန်မှာ နန်းရှေ့က ဖြတ်သွားရင်း ရိုက်ယူခဲ့တာပါ။

မိတ်ဆွေများ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေဗျာ။

@golden.future

Sort:  

မကောင်းမှု လုပ်ထားတော့ ကြောက်ကြတာပေါ့လေ။
ကိုယ်တွေ ကျုံးထဲမရောက်ခင်က အရမ်းကြီးမျှော်လင့်ထားတာ။ တကယ်ကိုလှပပြီး
သိပ်ကို ခမ်းနားလိမ့်မယ်ပေါ့။ တကယ်လည်းရောက်ရော။
မှန်းချက်နဲ့နှမ်းထွက် တခြားစီ။

ပြောရရင်လည်း အောင်မင်း လွန်ရာကျမယ် ဒီကောင်တွေကို

အော် ကိုယ့်မန္တလေး ဆိုတော့ အတော်လှတာပါလား။

လှရမယ်လေဗျာ