မြဲအောင်

in #art3 years ago

လက်တွဲမြဲအောင် ညှိယူကြတဲ့နေရာမှာ မာန်ကလေးတွေ ၊ မာနကလေးတွေ ၊ တကိုယ်ကောင်းဆန်မှုတွေ ၊ အတ္တတွေဆိုတာကို ကိုယ္စီ လျှော့ချသွားကြဖို့ လိုပါတယ်။ ကိုယ့်ပဲအမြဲလိုက်လျောရမယ် သူ့တော့ လိုက်လျောစရာမလိုဘူးဆိုတာတွေ ၊ ကိုယ့်ဘက်ပဲ အမြဲကြည့်တတ်ပြီး သူ့ဘက်တွေးကြည့်ပေးဖို့ မေ့လျော့တတ်သူတွေ ၊ သူများအချိန်ပေးဖို့ တွန့်တိုပြီး အကျင့်ပါသွားလိမ့်မယ်ဆိုတဲ့ အတွေးတွေ ၊ နှစ်ဦးအကြားက မေတ္တာတရားခိုင်မာဖို့ထက် ကိုယ်စိတ်သန်ရာဘက် ဦးစားပေးနေသူတွေ ၊ သစ္စာမစောင့်သိတတ်သူတွေက ညှိယူနေတဲ့ကာလမှာတင် သူတင်း ၊ ကိုယ်တင်းနဲ့ ပြတ်သွားကြတာတွေလည်း ရှိပါတယ်။