photo credit
ဝါတွင်းကာလရောက်လုနီးပြီဖြစ်၍ ဗုဒ္ဓဘာသာ
ဝင်တို့သည် တစ်ဦးချင်းသော်လည်းကောင်း စုပေါင်း
၍သော်လည်းကောင်း သံဃာတော်များအား ဝါဆို
သင်္ကန်းကပ်လှူလေ့ရှိကြ၏။ ထိုသို့အလှူဒါနပြုလုပ်
ကြသည့်အခါမှာ...မိမိတို့လှူဒါန်းလိုက်သည့် ဒါန၏
အကျိးတရားကို သိ၍လှူဒါန်းရမည်ဟု မြတ်ဘုရား
ဟောကြားတော်မူခဲ့ပါသည်....မြတ်ဘုရား၏ ထိုအ
ဆုံးအမ ဒေသနာတော်နှင့်အညီ....မိမိတို့ ဝါဆို
သင်္ကန်းကပ်လှူ ရသည့် အကြောင်းတရား ဒါနကု
သိုလ်ကြောင့်...ကောင်းသောအကျိးတရားမည်မျှ
ရရှိမည်ကိုလည်းသိဖို့ရန်လိုပေ၏။ ထို့အတွက်
ကြောင့် ဝါဆိုသင်္ကန်းလှူရကျိုး (၇)မျိုးကို သိသာ
အောင်ဖော်ပြပေအံ့......။
ဝါဆိုသင်္ကန်းလှူရကျိုး(၇)မျိုး
(၁) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်
စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်
ကို ဆင်မြန်းရန် အဝတ်အထည်အတွက် စိုးရိမ်
သောကများမဖြစ်စေရခြင်း။
(၂) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်
စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိ၏ ခန္ဓာကိုယ်
မှ အသားအရေတို့သည် ရွှေရောင်လို ဝင်းဝါတောက်
ပနေရခြင်း။
(၃) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်
စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်
မှ နှစ်လိုဖွယ် အရောင်ထွက်ပေါ်ခြင်း။
(၄) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်
စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်
အသားအရည်တို့သည် နုညံ့ချောမွေ့နေခြင်း။
(၅) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်
စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်
မှာ မှဲ့ခြောက် တင်းတိတ် ဝတ်ခြံ စသောအညစ်အ
ကြေးတို့မရှိခြင်း။
(၆) ၁) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်
စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... ခေတ်ကာလ
အလျောက်ပေါ်ပေါက်လာသည့် အဝတ်အထည်တို့
ကို မိမိတို့စိတ်ထဲကနေ တောင်းတလိုက်ရုံဖြင့်အ
လွယ်တကူရရှိ၍ ဝတ်ဆင်နိုင်ရခြင်း။
(၇) နောင်ပွင့်တော်မူကြမည့် ဘုရားရှင်တို့နှင့် ကံ
ကောင်းထောက်မစွာ ကြုံတွေ့သည့်အခါ ထိုဘုရား
ရှင်သည် ဝါဆိုသင်္ကန်းလှူဒါန်းဘူးခဲ့သည့် ကုသိုလ်
ရှင်အား... ဧဟိ ဘိက္ခု...လာလော့ရဟန်းဟုခေါ်
လိုက်ရုံဖြင့် ခေါင်းကဆံပင် ခန္ဓာကိုယ်မှာဆင်မြန်
ထားသည့်အဝတ်အစား စသည့်လူ့အသုံးအဆောင်
များပျောက်ကွယ်၍ (၁၅၀၀)ကိလေသာကုန်ခမ်းကာ
ရဟန္တာစစ်စစ် ဧကန်ဖြစ်ရခြင်းဟူသော...ကောင်း
ကျိး(၇)မျိးကို ဝါဆိုသင်္ကန်းအလှူရှင်များ ရရှိနိုင်၏။
ထို(၇)မျိးတို့တွင် (၁)မှ(၆)သည် လောကီကောင်း
ကျိးများဖြစ်၏ ။ နံပါတ်(၇)သည် လောကုတ္တရာ
ကောင်းကျိးဖြစ်၏..။ သို့ဖြစ်၍ ဝါဆိုသင်္ကန်းအလှူ
ရှင်တို့သည် လောကီကောင်းကျိး လောကုတ္တရာ
ချမ်းသာ အဖြာဖြာတို့ကို ရရှိကြမှာဖြစ်လို့ ဤနှစ်ဝါ
တွင်းကာလ၌ သံဃာတော်များအား ဝါဆိုသင်္ကန်း
လှူ ဒါန်းဆပ်ကပ်ဖြစ်အောင်ကြိုးစားအားထုတ်ကြဖို့
တိုက်တွန်းလိုက်ရပါသတည်း......။
ဆောင်ပုဒ်
စိုးရိမ်မဲ့ကင်း၊ ရွှေဆင်းရုပ်တူ၊
ကိုယ်မူရောင်ထွက်၊ နုညံ့အသားရည်၊
မပေညစ်ကြေး၊ ကြံတွေးတောင်တအဝတ်ရရှိ၊
ဧဟိ ဘိက္ခု ခေါ်ပြုရဟန်း ကျွတ်တမ်းဝင်ရ၊
ကျိုးခုနှစ်ဝ(သတ္တ) မှတ်ကြစီဝရံ....။
မှတ်ချက်# ကာလအလျောက် ဝါဆိုသင်္ကန်းလှူဒါန်းရ
အကျိးဟု ဖွဲ့ဆိုထားဖော်လည်း ဘယ်ချိန်ဘယ်ကာလ
မှာ သင်္ကန်းလှူလှူ ထိုးကောင်းကျိး(၇)မျိးကိုရရှိနိုင်
သည်ဟု စာဖတ်သူများ သိမှတ်ကြပါလေ...။
''မင်းမဲ့တိုင်းပြည်လိုဖြစ်ကုန်ကြပြီ''...
19.5.2017 /နေ့က စစ်ကိုင်းတိုင်းအထက်ပိုင်း
ဟုမ္မလင်းမြို့နယ် နမ့်တော-ဆယ်ဇင်း ကားလမ်း
ရေကြည်ချောင်းနားမှာ ဓါးပြတိုက်လူသတ်မှုဖြစ်သွားတာပါ
ပစ္စည်းလိုချင်ရင် အေးဆေးယူမသွားပဲ လူကိုပါ
ရက်ရက်စက်စက် သေနတ်နဲ့ပစ်ပြီး မသေမချင်း
ရိုက်သတ်သွားတာပါ ။FZ ဆိုင်ကယ်အဖြူကြား
တစ်စီးပါသွားပါတယ်။ တရားခံနှစ်ယောက်လို့ 
ထွက်ပြေးလွှတ်မြောက်လာသူထံမှသိရပါတယ်။
ဆံပင်ဂုတ်ထောက် အသက်လေးဆယ်ဝန်းကျင်
တစ်ယောက်က အသက်နှစ်ဆယ်ဝန်းကျင်လို့ 
သိရပါတယ်။
ပြောချင်တာက ဒီအမှုကိုပေါ်အောင်မဖေါ်ထုတ်
နိုင်ရင် ဒေသခံနဲ့ ခရီးသွားတွေအတွက်တော့
ရင်လေးစရာပါ။
ဒီ post ကိုဖတ်မိသူများ ဝိုင်းဝန်းကူညီပေး
စေချင်ပါတယ်။ ။
World of Photography
>Visit the website<
You have earned 6.50 XP for sharing your photo!
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-27T23:37:18
Total XP: 175.50/200.00
Total Photos: 27
Total comments: 0
Total contest wins: 0
Follow:
Join the Discord channel: click!
Play and win SBD:
Daily Steem Statistics:
Learn how to program Steem-Python applications:
Developed and sponsored by: @photocontests@fairlotto@dailysteemreport@steempytutorials @juliank