
နဂါး၊ မြင်းပျံ၊ ရေသူမ စတဲ့စကားလုံးတွေကို ကြားဖူးကြမှာပါ။ စင်စစ်အားဖြင့် ဒီသတ္တဝါတွေဟာ ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းပုံပြင်တွေမှာ ပါလေ့ရှိတဲ့ သတ္တဝါတွေဖြစ်ပြီး အပြင်လောကမှာ ရှိသယောင်ယောင်၊ မရှိသယောင်ယောင် ဇဝေဇဝါဖြစ်ကြလေ့ရှိပါတယ်။ အမှန်ကတော့ ဒီသတ္တဝါတွေဟာ စိတ်ကူးယဉ်ဒဏ္ဍာရီတွေထဲမှာသာ ဖော်ပြကြလေ့ရှိတဲ့ သတ္တဝါအမျိုးအစားတွေဖြစ်ပါတယ်။ ဒါကြောင့် ဒဏ္ဍာရီလာတွေထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်းတင်ပြချင်ပါတယ်။
၁။ Loch Ness Monster

ကျော်ကြားတဲ့ဒဏ္ဍာရီလာသတ္တဝါတစ်မျိုးဖြစ်ပါတယ်။ စကော့တလန်တောင်ပေါ်မှာရှိတဲ့ကန်တစ်ကန်အတွင်းနေထိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ၆ ရာစုကာလအတွင်းတည်ရှိခဲ့တယ်လို့ ဆိုကြပြီး မှတ်တမ်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီသတ္တဝါတည်ရှိမှုနဲ့ပတ်သက်လို့ ငြင်းဆိုခဲ့ကြပါတယ်။
၂။ Dragons

နဂါးဟာ ကမ္ဘာပေါ်မှာ ကျော်ကြားတဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ အာရှနဲ့ ဥရောပဒေသတို့မှာလည်း နဂါးရဲ့ ပုံပန်းသွင်ပြင်ဖန်တီးမှုတွေ ကွဲပြားပါတယ်။ အာရှနဂါးတွေကတော့ မြေကိုယ်လုံးနဲ့ ဖွတ်ပုတက်ရဲ့ ခြေထောက်တို့ တပ်ဆင်ဖန်တီးပေးထားပြီး ပါးစပ်ကနေ မီးမှုတ်လေရှိပါတယ်။ ဥရောပနဂါးတွေကတော့ တောင်ပံတွေပါ အပိုပါပါတယ်။ အာရှနဂါးတွေဟာရဲစွမ်းသတ္တိရှိဟန်ပြလေ့ရှိပြီး ဥရောပနဂါးတွေကတော့ ခက်ထန်တဲ့ပုံစံပြပါတယ်။
၃။ Yeti

Yeti လို့ခေါ်တဲ့ နှင်းလူတွေကလည်း အပြင်လောကမှာ တကယ်ရှိမရှိ သက်သေမပြနိုင်သေးတဲ့ ဒဏ္ဍာရီလာသတ္တဝါဖြစ်ပါတယ်။ ပုံစံကတော့ လူနဲ့ပုံပန်းသွင်ပြင်ဆင်တူပြီး တစ်ကိုယ်လုံးအမွှေးအမျှင်တွေနဲ့ ဖုံးအုပ်ထားပါတယ်။ ပစိဖိတ်ဒေသ အရှေ့မြောက်ပိုင်းက တောအုပ်တွေထဲမှာ နေထိုင်ကြတယ်လို့ ယုံကြည်ကြပါတယ်။
၎။ Sirens

ရေသူမတွေဟာ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါလေ့ရှိတဲ့ ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ ရေထဲမှာ နေလေ့ရှိတဲ့ သတ္တဝါဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက အမျိုးသမီးခန္ဓာကိုယ်ပုံသွင်ပြင်ရှိပြီး ခန္ဓာကိုယ်အောက်ပိုင်းက ငါးအမြီးပုံစံရှိပါတယ်။ ဂရိဒဏ္ဍာရီတွေနဲ့ ဆက်စပ်နေတဲ့သတ္တဝါဖြစ်ပြီး သဘောင်္သားတွေကို ခြောက်လန့်လေ့ရှိတယ်လို့လည်း သိရပါတယ်။
၅။ Unicorn

Unicorn ကို ချိုရှိတဲ့မြင်းလို့ ခေါ်ဆိုကြပြီး ဂရိဒဏ္ဍာရီလာသတ္တဝါတစ်ကောင်ဖြစ်ပါတယ်။ ပုံပြင်တွေအရ Unicorn တွေဟာ အလွန်စွမ်းတဲ့သတ္တဝါဖြစ်ပြီး သူ့ကို အပျိုစင်ရဲ့ အကူအညီနဲ့သာ ဖမ်းနိုင်တယ်လို့လည်း ဆိုကြပါတယ်။
Ref: KHANT HEIN THU
Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!
good post.
thanks bro