Steemit ကနေ မြန်မာကျပ်ငွေထုတ်ဖို့ Bitcoin ထုတ်ရာမှာ လိုအပ်တဲ့ Coinbase Wallet အကောင့်ဖွင့်နည်း

in #bitcoin7 years ago

Steemit ကနေ မြန်မာကျပ်ငွေထုတ်ဖို့ Bitcoin ထုတ်ရာမှာ လိုအပ်တဲ့ Coinbase Wallet အကောင့်ဖွင့်နည်း

ပထမဦးစွာမိမိကွန်ပျူတာ သို့ ဖုန်းပေါ်မှ Browser မှ တစ်ဆင့် www.coinbase.com သို့ ဝင်ပါ။ ထို့နောက်ထောင့်ရှိလေးထောင့်ကွက်တွင်ပြထားသော Sign Up ကိုနှိပ်ပါ။

1.jpeg

ထို့နောက်တွင် အောက်ပါ အတိုင်းထပ်မံပေါ်လာပါလိမ့်မည်။ ထိုအခါ မိမိ အမည် Email လိပ်စာ နှင့် မိမိထားလိုသော စကားဝှက်ကိုဖြည့်ပြီး 'I'm not a robot' ဆိုသောနေရာနှင့် 'I agree to the user 'agreement and privacy policy' ဆိုတဲ့နေရာမှာ အမှတ်လေးတွေခြစ်ရပါမယ်။ ထို့နောက် ' 'CREATE ACCOUNT' ဆိုသော အပြာရောင်ခလုတ်အားနှိပ်ပါ။

3.jpeg

4.jpeg

ထိုအခါ မိမိ Email Account ထဲ သို့ Verification Link ပို့ပေးပြီးကြောင်းအကြောင်းကြားပါလိမ့်မည်။ ထို့နောက်တွင်မိမိ၏ Gmail ဖွင့်ကြည့်ရပါမည်။ ထိုအခါ Coinbase မှပို့လိုက်သော email အားအောက်ပါအတိုင်းတွေ့ရပါလိမ့်မည်။ ထို email အားဖွင့်ပါ။

5.jpeg

Email အားဖွင့်ပြီးနောက်တွင်အောက်ပါပုံအတိုင်းတွေ့ရမည်ဖြစ်ပြီး မိမိ email အား verify လုပ်ရန် 'Verify Email Addres' ဆိုသောအပြာရောင်ခလုတ်အားနှိပ်ရပါမည်။ ထို့နောက်တွင် မိမိ အား Email နှင့်စကားဝှက်ထည့်ရန် ထပ်မံပြောပါလိမ့်မည်။

6.jpeg

7.jpeg

မိမိ Email နှင့် စကားဝှက်ထည့်ပြီး Sign In လုပ်ပါ။ ထိုအခါ အောက်ပါအတိုင်း မိမိ Email ထဲသို့သွား ၍ Verify Log In လုပ်ရန်ပြောပါလိမ့်မည်။

8.jpeg

ထိုအခါ မိမိ၏ Gmail ထဲသို့ပြန်သွားပြီး Coinbase မှနောက်ဆုံးဝင်လာသော Email အားပြန်ဖွင့်ကာ 'I Authorise This Computer' ဆိုသော အပြာရောက်ခလုတ်နှိပ်ပြီး Access လုပ်ပေးရပါမည်။

9.jpeg

10.jpeg

11.jpeg

ထို့နောက်တွင် မိမိအကောင့်ထဲသို့ရောက်ရှိပြီ ဖြစ်ပြီး Bitcoin ပေါက်ဈေးများအား Real Time ကြည့်ရှု့လိုပါက အောက်တွင် ဝိုင်းပြထားသော Dashboard ဆိုသောခလုတ်အားနှိတ်ကြည့်နိုင်ပါသည်။

12.jpeg

တစ်ဦးတစ်ယောက်ဆီမှ မိမိတို့ အကြောင်းအမျိုးမျိုးကြောင့် Bitcoin ဝယ်ယူလိုသောအခါအောက်ပါအတိုင်းမိမိအကောင့်လိပ်စာကိုရယူ၍ မိမိအားရောင်းမည့်သူထံပို့ပေးရပါမည်။ Bitcoin ဖြင့် Steemit တွင် သာမက အခြားသောOnline ငွေရှာဆိုဒ်များနှင့် Exchange များတွင်လည်း လွယ်ကူစွာပေးချေနိုင်သည်။

13.jpeg

14.jpeg

တစ်ဦးတစ်ယောက်ဆီမှ Bitcoin ဝယ်ယူသည့် အခါသင်သည် အောက်ဆုံးပုံပါ ဝိုင်းပြထားသော ကုဒ် ၃၄ လုံးကိုသာပေးရန်လိုအပ်ပါသည်။ တစ်ဖက်လူမှ ထိုလိပ်စာအတိုင်းပို့လိုက်သောအခါ သင့် အကောင့်ထဲသို့ Bitcoin ရောက်လာပါမည်။ သင့်အကောင့် ထဲ သို့ သင်သည် သင်၏ ကိုယ်ပိုင် Email နှင့် Password ဖြင့် အချိန်မရွေး ဝင်ရောက်နိုင်ပါသည်။ ဖုန်းပေါ်တွင် သုံးလိုသူများလည်း Android သို့ iOS ပေါ်တွင် Coinbase Wallet Application အားလွယ်ကူစွာ Download ပြုလုပ်ရယူနိုင်ပါသည်။

နောက်တင်မည့် Post များတွင် မိမိ ဝယ်ယူထားသော Bitcoin များအား Steem Power ဝယ်ယူရန် Steemit Account ထဲသို့ပို့ခြင်း Steemit မှ တစ်ဆင့် Bitcoin Wallet ထဲသို့တိုက်ရိုက်ငွေထုတ်နည်းများ အပါအဝင် အခြားသိသင့်သောအကြောင်းအရာများအား လည်းထပ်မံရေးသားပေးသွားမည် ဖြစ်သော ကြောင့် ယခုကျွန်ုပ်၏ အကောင့်အား Follow လုပ်ထားကြပါ။အဆင်ပြေပါစေ။

Written By : Michael @ That Paing Aung

Sort:  

done sir

Thank, I voted and followed you too.

done

I voted and followed you too.