Star Story (part-4)

in #blog6 years ago (edited)

Star Story (part-3) မှ အဆက်​....

     'တည်​မြဲ​နေမယ့်​အရာ​လေးတစ်​ခုခု...ဖန်​တီး​ပေးခဲ့ချင်​လို့ပါ '...လို့...အရူးတစ်​​ယောက်​လို ​ပြောတယ်​တဲ့...။
     အဲဒီလိုနဲ့​နေရင်း...လမင်းဖိုဟာ...တစ်​ဖြည်းဖြည်းနဲ့ အား​လျော့လာပြီး တစ်​ညမှာ​တော့... သူ​တော်​စင်​ကြီးဆီကို ...အားအင်​ချည့်​နဲ့စွာ နဲ့​ရောက်​လာခဲ့တယ်​....။

     ' သူ​တော်​စင်​ကြီး​ရေ...ကျွနု​ပ်​ရဲ့...

နောက်​​ဆုံးအချိန်​​ရောက်​လာပြီထင်​ပါရဲ့...ကျွန်​​တော်​မရှိ​တော့ရင်​​လေ....ညအခါ မှာ ...သတ္တဝါ​တွေအတွက်​ ...ကျွနု​ပ်​စိတ်​ပူလိုက်​တာ....။ ညီမ​တော်​...လမင်းမ​လေး...ပြန်​လာခဲ့ရင်​လည်း... သူတစ်​​ယောက်​တည်း... ပင်​ပန်းကြီးစွာ....ထွန်းလင်း​နေရရှာ​တော့မယ်​....ကျွနု​ပ်​စိတ်​ပူလိုက်​တာ.... သူ​တော်​စင်​ကြီးရယ်​...။

သူပြန်​လာရင်​​ပြော​ပေးပါ... ကျွန်​​တော်​နှုတ်​ဆက်​ခဲ့ပါတယ်​....။
ကျွနု​ပ်​ မရှိ​တော့​ပေမယ့်​...ကျွနု​ပ်​ရဲ့ ဝိညာဉ်​ဟာ....သူ့အနားမှာ... တစ်​ရစ်​ဝဲဝဲ... ရှိ​နေမှာပါ...။
သူပူတဲ့အခါ..... ​လေညှင်း​အေး​အေး​လေးအဖြစ်​နဲ့.... ကျွနု​ပ်​​ရောက်​လာမှာပါ...။
သူချမ်း​အေးတဲ့အခါ...​စောင်​​လေးတစ်​ထည်​လို....ကျွနု​ပ်​​ရောက်​လာခဲ့မှာပါ...။
သူပျင်း​နေတဲ့အခါ...ကျွနု​ပ်​...ငှက်​က​လေးလိုဖန်​ဆင်းပြီး... သီချင်း​လေးလာဆိုပြမှာပါ...။
သူ့ကို ကျွနု​ပ်​ခွင့်​လွှတ်​ပါတယ်​...။ ကျွနု​ပ်​မျက်​နှာဟာ... အကျည်းတန်​​ပေမဲ့လို့...နှလုံးသားဟာလှပါတယ်​...။
ကျွနု​ပ်​သူ့အနားမှာ...ရှိ​နေပါ့မယ်​...' လို့​ပြောရင်း သူ​တော်​စင်​ရဲ့.... လက်​​ပေါ်မှာပဲ... အသက်​ထွက်​သွားရှာတယ်​....။image

Star Story (final part) ...ကိုလည်း ဆက်​ပြီးဖတ်​ရှု​ပေးပါအုံးလို့ ...
အားလုံး​ကျေးဇူးတင်​ပါတယ်​လို့...
RSM-16

Sort:  

အခုဟာ $ တက်ချင်တယ်ဆိုရင် အနက်ခြောက်နာရီမှာ update တင်ပေးပါ

What do you mean bro? I don't understand please teach to me also

ဟုတ်