ငါတို့နှစ်ယောက် ဝေးသွားခဲ့တာ အချိန်တွေကြာခဲ့ပြီချစ်သူ
အတိတ်တွေရဲ့ စည်းချက်ညီသော ရင်ခုန်သံတွေက မရပ်ဆဲနိုင်သေးပါ
အလွမ်းတွေက ရှင်သန်နေတုန်းဘဲ လွမ်းနေတုန်းဘဲ
တကယ်တော့ ကိုယ်က မင်းကို ထားခဲ့တာမဟုတ်ပါဘူး မင်းကသာကို့ကို ထားရစ်ခဲ့တာပါ
တစ်ယောက်နဲ့တစ်ယောက်က ဘာမှ မသက်ဆိုင်တော့ဘူးလား
ပါတ်သက်ခဲ့တာတွေက ပုံပြင်ဖြစ်သွားပြီလားချစ်သူ
တကယ်လို့ တစ်ခုခုအခက်အခဲ ဖြေရှင်းမရရင် ကိုယ့်ကိုတော့ သတိရလိုက်ပါ
မင်းဘေးကလူအတွက် စိတ်မညစ်ပါနဲ့ နောက်ကြောင်းပြန်လှည့်ချင်တယ်ဆိုရင်
အမြဲတမ်း ကြိုဆိုနေမှာပါ မင်းအတွက် တစ်ကွက်ကျန်တဲ့ ကစားပွဲလို့ ဆိုရင်လည်းရတယ်လေ
ဘယ်အချိန်ဖြစ်ဖြစ်ပါ မင်းပြန်လာနိုင်ပါတယ်
ဝေးသွားလည်း မင်းအတွက်က အိမ်အပြန်လမ်းလေး ရှိနေတုန်းဘဲ
မင်းမငိုလိုက်ပါနဲ့ မင်းအတွက် နွေးထွေးတဲ့ ရင်ခွင်တစ်စုံ ရှိနေတုန်းဘဲ
ဘာလိုလိုပါချစ်သူရေ ပေးအပ်ရန်အသင့်ပါ
Sort: Trending