ဗုံလုံသီးအ​ကြောင်း​လေး

in #busy6 years ago

image
ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးအကြောင်း သိကောင်းစရာ

ဗုံလုံသီးပင်တို့သည် တစ်နှစ်ပတ်လုံးအသီးသီးသောအပင်ဖြစ်ကာ၊ အကြီးမြန်သောနွယ်ပင်တစ်မျိုးဖြစ်၏၊ အပူပိုင်းဒေသတွင်ကောင်းစွာ ဖြစ်ထွန်းကြပြီး၊ မှန်ကူကွက် သစ်သားဘောင်ဖြင့် တိုင်ထူစိုက်ပျိုးပေးပါက အပင်ဖြစ်ထွန်းမှုမြန်ဆန်ပါသည်။ ဗုံလုံသီးတို့သည် အုပ်မိုးထားသော အရွက်များအောက်မှ တွဲလောင်းကျပီး သီးခြင်းဖြစ်ပီးတော့အမှတ်တမဲ့ကြည့်ပါက မြွေနှင့် ခပ်ဆင်ဆင်တူခြင်း၊ အလွန်အမင်းအလျားလိုက် ရှည်ထွက်ကာအသီးသီးခြင်း၊ တစ်ခါတစ်ရံတွင် အလျားလိုက်မရှည်ဘဲ အသီး၏ အဖျားစွန်းတစ်ဖက်မှ နောက်အဖျားစွန်းတစ်ဖက်ထိ မိမိကိုယ်ကို ခွေပတ်တွန့်လိမ်စွာ အသီးသီးခြင်း၊ အစိမ်းရောင်အသီးပေါ်တွင် အစိမ်းနုရောင် (သို့မဟုတ်) အဖြူရောင်အကြောင်အကျားများ ပါရှိခြင်း စသည်တို့ကြောင့် အချို့အရပ်ဒေသများတွင် ဗုံလုံသီးကို ပဲလင်းမြွေသီးစုခေါ်ဆိုကြပါသည်။။
အသီးရင့်လာပါက အထဲရှိ အစေ့များလည်း ရင့်မာလာတတ်သဖြင့်၊ နုချိန်မှာခူးဆွတ်စားသင့်ပါသည်။ အသီးသာမက အရွက်ကိုလည်း ဟင်းချက်စားနိုင်ပါသည်။ မလတ်ဆတ်သော အရွက်တွင် အလွန်စူးရှသောအနံ့အသက်ဆိုးများ ထွက်ရှိ၏။ အသီး၏အရသာမှာ ချိုပေါ့ပေါ့အရသာရှိပါတယ်။ နုပီး လတ်ဆတ်သောအသီးတွင်အရည်ဓါတ်မြောက်မြားစွာ ပါရှိသောကြောင့် အပူပေးချက်ပြုတ်ရာတွင်လျင်မြန်စွာ ကျက်လွယ်၏။ ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးကို ငါး၊ပုစွန်သော်လည်းကောင်း၊ နှပ်စားခြင်းဖြင့်သော်လည်းကောင်း၊ ကြော်ပီးသော်လည်းကောင်း၊ အသီးနှင့် အရွက်နုတို့ကို ပြုတ်ကာ ငပိရည်အတို့အမြုပ်အဖြစ်လည်းကောင်း၊ အရွက်ကို ဟင်းချို၊စွပ်ပြုတ်၊ကြော်ချက် ချက်ခြင်းသော်လည်းကောင်း အမျိုးမျိုးချက်ပြုတ်စားသောက်နိုင်ပါသည်။။
ဗုံလုံသီးနှင့် ကျန်းမာရေး။။
ဗုံလုံသီးထဲမှာ လူသားတို့အတွက် ကျန်းမာရေးကို ကောင်းကျူးပေးသော ဗွီတာမင်နှင့် သတ္တုဓါတ်တို့ အမြောက်အများပါရှိလို့ အထူးသဖြင့် အိန္ဒိယရိုးရာ ကျေးလက်ကုထုံးများတွင် ဗုံလုံသီးနှင့် အရွက်တို့ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိနေကြပါသည်။ ဆေးသုတေသီများ၏ ဓါတ်ခွဲစမ်းသပ်ချက်များအရ ၁၀၀ ဂရမ်ရှိသောဗုံလုံသီးထဲတွင် ကယ်လိုရီ ၁၈၊ အစိုဓါတ် ၉၄.၆ %၊ ပရိုတင်း ၀.၅%၊ အဆီဓါတ် ၀.၃%၊ အမျှင်ဓါတ် ၀.၈ %၊ ကစီဓါတ် ၃.၃၊ ကယ်လ်စီယမ် ၂၆ မီလီဂရမ်၊ မီးစုန်း ၂၆ မီလီဂရမ်၊ သံဓါတ် ၀.၃ မီလီဂရမ်၊ ကယ်ရိုတင်း ၉၆ မီလီဂရမ်၊ သီအာမင် ၀.၀၄မီလီဂရမ်၊ ရီဘိုဖလာဗင် ၀.၀၆ မီလီဂရမ်၊ နီအားစင် ၀.၃ မီလီဂရမ် တို့ အသီးသီး ပါရှိကြလို့ လူသားတို့ ကျန်းမာရေးကို မျာစွာ အထောက်အကူပြုစေတယ်လို့ ဆိုပါသည်။ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးအကြောင်း သိကောင်းစရာ

ဗုံလုံသီးထဲမှာ လူသားတို့အတွက် ကျန်းမာရေးကို ကောင်းကျူးပေးသော ဗွီတာမင်နှင့် သတ္တုဓါတ်တို့ အမြောက်အများပါရှိလို့ အထူးသဖြင့် အိန္ဒိယရိုးရာ ကျေးလက်ကုထုံးများတွင် ဗုံလုံသီးနှင့် အရွက်တို့ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိနေကြပါသည်။ ဆေးသုတေသီများ၏ ဓါတ်ခွဲစမ်းသပ်ချက်များအရ ၁၀၀ ဂရမ်ရှိသောဗုံလုံသီးထဲတွင် ကယ်လိုရီ ၁၈၊ အစိုဓါတ် ၉၄.၆ %၊ ပရိုတင်း ၀.၅%၊ အဆီဓါတ် ၀.၃%၊ အမျှင်ဓါတ် ၀.၈ %၊ ကစီဓါတ် ၃.၃၊ ကယ်လ်စီယမ် ၂၆ မီလီဂရမ်၊ မီးစုန်း ၂၆ မီလီဂရမ်၊ သံဓါတ် ၀.၃ မီလီဂရမ်၊ ကယ်ရိုတင်း ၉၆ မီလီဂရမ်၊ သီအာမင် ၀.၀၄မီလီဂရမ်၊ ရီဘိုဖလာဗင် ၀.၀၆ မီလီဂရမ်၊ နီအားစင် ၀.၃ မီလီဂရမ် တို့ အသီးသီး ပါရှိကြလို့ လူသားတို့ ကျန်းမာရေးကို မျာစွာ အထောက်အကူပြုစေတယ်လို့ ဆိုပါသည်။