သာယာလှတဲ့လပြည့်ညတစ်ညမှာ အေးချမ်းမှု့ကိုမခံစားနိုင်သူ။ ဝတ်ရည်မဲ့နေတဲ့ပန်းပွင့်တွေ သူ့အနားမှာ ပြန့်လို့ကျဲလို့။ အချစ်ရဲ့ဘာသာစကားကိုသင်ကြားရင်းနှလုံးသားကွဲကြေနေသူ။ သူ့ကိုကြည့်ပြီးလူအများက ခေါင်းတခါခါ လည်တခါခါ စုတ်တသတ်သတ်နဲ့ပေါ့။ သူဟာလူတွေကြားထဲမှာထူးထူးခြားခြား မွေးဖွားလာတဲ့ နှလုံးသားပါလာတဲ့သူ။ ဝဲဘက်ရင်အုံမှာ နှလုံးသားမပါတဲ့ စက်ရုပ်တွေကြားမှာ သူဟာလူပျော့လူညံ့တစ်ယောက်ပေါ့ ခံစားချက်ဆိုတာဘာမှန်းမသိတဲ့သူတွေက သူ့ကိုဝိုင်းပြောကြတယ်။ ဘာတွေဒီလောက်ခံစားနေတာလဲတဲ့။ သူပြန်ပြုံးပြတဲ့ အပြုံးထဲကစကားလုံးတွေကို သူတို့တွေဘယ်နားလည်နိုင်မှာတဲ့လဲ။ အဲ့ဒီတော့သူ့ကို ဝိုင်းပြီး တံစိပ်တုံးထုပေးလိုက်ကြတယ်။ အရူး တဲ့။
ကျေနပ်ပါတယ်။ အရူး ။အချစ်ရူး။ သူဟာပညာရှင်တွေပေးတဲ့ ဘွဲ့လက်မှတ်တခုကို တရားဝင်ပိုင်ဆိုင်ခွင့် ရခဲ့ပြီ။ လောကကြီးကပျော်စရာကောင်းလိုက်တာ။ ခုဆိုသူမကိုလွတ်လွတ်လပ်လပ် အကြာကြီး စိတ်ရှိလက်ရှိ လွမ်းလို့ရပြီလေ။ ဒီကမ္ဘာမှာ သူကံတွေဒီလောက်ကောင်းလာလိမ့်မယ်လို့ထင်ကိုမထင်ထားတာ။ ခုတော့သူ့ ကံကောင်းပုံကို သူတောင်မယုံနိုင်။ သူမအကြောင်းတွေးနေရတဲ့အချိန်ဟာ သူ့အတွက် လောကနိဗ္ဗာန်ထဲကို ရောက်နေတဲ့အချိန်ပေါ့။ သူမရဲ့မျက်နှာလေးကို တစိမ့်စိမ့်မြင်ယောင်နေရတဲ့အချိန်ဟာလဲ သူ့အတွက်သိကြားမင်းစည်းစိမ်နဲ့တောင်မလဲနိုင်တဲ့အချိန်။ ဒါကိုသူတို့တွေဘာလို့နားမလည်ကြလဲမသိ။
မောင်လေး ဆေးလေးနဲနဲသောက်လိုက်နော်။
ရုတ်တရက်ထွက်ပေါ်လာတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ငှက်ဆိုးထိုးသံကြောင့် သူ့အကြည်ဓါတ်ကလေး နဲနဲတော့ပဲ့သွားသည်။ ဒါပေမယ့် သူစိတ်မဆိုးမိ။ သူကျေနပ်နေသည်လေ။ သူတို့တွေကြောင့် သူခုလိုပျော်နေရတာမဟုတ်လား။ သူ့ကိုအရူးပျောက်ဆေးတွေလာတိုက်တာဆိုတာမပြောလဲသိနေသည်။ ကိစ္စမရှိ။ ဒီဆေးတွေက သူ့ထံမှသူမကိုခေါ်ဆောင်သွားနိုင်မှာမဟုတ်။ သူနဲ့သူမဆိုတာ နှစ်ယောက်မှမဟုတ်ဘဲလေနော့။ ဒါကိုသူတို့မသိကြတာကို သူရီချင်မိသည်။ တကယ်ဆို သူတို့ဘာလုပ်နေကြတယ် ဆိုတာကို သိနေတဲ့သူနဲ့ သူဘာလုပ်နေသည်ကို မသိကြသည့် သူတို့မှာ ဘယ်သူက ရူးနေတာလဲဆိုတာတော့ ဘုရားမှဘဲသိမည်။ သူ့အတွေးနဲ့သူ ရီလိုက်မိသည်။ ဒါကိုငှက်ဆိုးကလန့်သွားသည်ထင် ချက်ခြင်း အဖြူရောင် ၀မ်းဆက်ဝတ်ထားသည့် ဖိုးသူတော် တစ်ယောက်ကို လှမ်းခေါ်လိုက်သည်။ အော်လူတွေဟာ တယ်ခက်ပါလား။ သူတို့တွေမရီတက်ကြဘူးလားမသိ။ အေးလေ သူတို့ ကခံစားချက်ဆိုတာဘာမှန်းမသိတဲ့ရင်ဘတ်ထဲမှာအဆံချောင်နေတဲ့လူတွေဆိုတော့လဲ။ အဟက်။ ထားလိုက်ပါတော့ သူကပဲ လူလူချင်း အမုန်းမပွားချင်တာမို့ ခွင့်လွှတ်ပေးလိုက်တော့တယ်။
အတွေးနဲ့အတူ ငှက်ဆိုး လက်ထဲမှဆေးနှင့်ရေကို ယူသောက်လိုက်သည်။ ထိုငှက်ဆိုးကတော့တခြား တစ်ယောက်ကိုလဲသွားတိုက်နေပြန်သည်။ ထိုမြင်ကွင်းကိုကြည့်နေရင်း သူ့စိတ်ထဲ ဒီငှက်ဆိုးမကို ဆေးပြန်တိုက်ချင်သည့် ဆန္နတွေ တဖွားဖွားဖြစ်ပေါ်လာသည်။ သူထထိုင်လိုက်သည်။ ခြေထောက်ကို အောက်ကိုဖြေးဖြေးချသည်။
အသံကြားလို့မဖြစ် တော်ကြာငှက်ဆိုးမ မြင်သွားလို့ ဖိုးသူတော်ကိုလှမ်း ခေါ်နေဦးမည်။ သူဖြေးဖြေးချင်း အသံမကြားအောင်အသာအယာလှမ်းလိုက်သည်။ ဟင် သူလမ်းလျှောက် လို့မရတော့ဘူး။ အထိတ်တလန့်နှင့် သူအော်မိသည်။ သူ့ခြေထောက်ကိုအားကုန်သုံး၍ ရှေ့သို့လှမ်းနေသည်။ ခြေထောက်တွေကမရွေ့။ အသံတွေဆူညံကုန်သည်။ သူငိုမိသည်လားမသိ။ ခြေထောက် ခြေထောက် ငါ့ခြေထောက်တွေ လမ်းမလျှောက်တော့ဘူး။ လုပ်ပါဦး။ ကယ်ကြပါဦး။ အားးးးးးး။အမေရေ။ အမေရေ သားခြေထောက်တွေ လမ်းမလျှောက်တော့ဘူးဗျ။ သားကိုကယ်ပါဦး အမေ..အမေ…..အမေ…..။
40 40သတိထားလေ။ ဘယ်သူလဲ..ဘယ်သူလဲ ။ ဟင် သူမ…။ချစ်လှစွာသောသူမ။ သူမသူ့ရှေ့မှာမတ်တပ်ရပ်နေသည်။ ဒါဟုတ်ရဲ့လား။ သူမသူ့ဆီပြန်လာတာလား။ ရုတ်တရတ် သူ့ဘယ်ဘက်လက်မောင်းမှာ ဆူးကနဲ။ မှောင်သွားသည်။ သူဘာမှမမြင်ရတော့။ သူမကိုလဲမတွေ့ရတော့။ ဘာကိုမှလဲမသိတော့။ သူမနှင့်တွေ့ချင်သည်။ သဲရေ….သဲ။ ကိုကို့ဆီလာပါသဲရယ်။ လွမ်းလှပြီခလေးရယ်။ သဲရေ…..။ရင်တွေပူလာသည်။ ရေသောက်ချင်သည်။ ရေ..ရေ…ရေသောက်ချင်သည်။ အာခေါင်မှာ မီးနဲ့မြှိုက်နေသလို ပူနေသည်။ ရေ….သူရေတစ်စက်လောက်သောက်ချင်သည်။ သူ့လည်ပင်းမှာငရဲအိုး ရောက်နေသည် ထင်သည်။ အမေ …သားရေဆာတယ်။ ရဲရဲတောက်လောင်နေသည့် မီးပုံကြီးကို မီးသတ်ပိုက်နှင့် ညှိမ်းသတ်လိုက်သလိုပင်။ သူ့လည်ပင်းတလျောက် ရင်ထဲထိအောင် အေးဆင်းသွားသည်။
ထို့နောက်….
နေရောင်ခြည်သည် သူ့ကိုအခစားဝင်နေသည်။ ဆက်သလာသော ဗီတာမင် ဒီ ဓါတ်ကိုအပြည့်အ၀ စားသုံးရန် သူတစ်ကိုယ်လုံးဆန့်လိုက်သည်။ မျက်လုံးများအားဖြေးဖြေးခြင်းဖွင့်လိုက်သည်။ နံနက်ခင်းရဲ့ သံချိုတေးလေးများမှာ ချိုမြနေသည်။ အရာရာဟာ လှပလျက်။ ကြည်နူးစရာကောင်းလိုက်တဲ့နံနက်ခင်း။ နေရောင်ထဲမှာ သူတစ်ခုခုကိုတွေ့ချင်နေသည်။ ဘာကိုတွေ့ချင်နေသည်လဲတော့မသိ။ မျက်နှာမှာရေတွေ စိုနေတဲ့တစ်ယောက်ကိုရီပြလိုက်ပြီးပြတင်းတံခါးဆီသို့လျှောက်သွားလိုက်သည်။ ပြတင်းပေါက်အပြင်မှာ ငှက်ကလေးတစ်ကောင်ပျံဝဲနေသည်။ သူလိုပဲတစ်ကောင်ထဲ။ ဘာရယ်မဟုတ် ကြည့်နေရင်း ငှက်ကလေးကို သနားမိသည်။ သူ့မှာတခုခုလိုအပ်နေတာသိသည်။ အဒါဘာဖြစ်မလဲ။ သူအသဲအသန် မဟုတ်ပေမယ့်စူးစူးစိုက်စိုက် စဉ်းစားနေသည်။ ဒီငှက်ကလေးကဘာလို့သနားစရာကောင်းနေတာလဲ။ ဒီအဖြေကိုသိချင်သည်။ ထပ်ကာထပ်ကာစဉ်းစားနေသည်။ ဘာလိုနေတာလဲ။ စဉ်းစားစမ်း။ တွေးကြည့်စမ်း။ သူအစာမစားရလို့လား။ မဖြစ်နိုင်သစ်ပင်ကအကိုင်းမှာ စပါးတွဲချိတ်ထားတာတွေ့သည်။ ရေ ..ရေ မသောက်ရလို့များလား။ ခေါင်းခါမိသည်။ ပတ်ဝန်းကျင်မှာရေအိုင်ငယ်လေးတွေတွေ့နေရသည်။ ဘာလို့ပါလိမ့်။ ငှက်ကလေးကိုကြည့် ရတာဘာလို့ဝမ်းနဲစရာကောင်းနေတာပါလိမ့်။ ကြည့်နေရင်း မွန်းကျပ်ကျပ်ကြီးဖြစ်လာသည်။ အသက်ရှုရတာမဝသလိုပင်။ ငိုချလိုက်ချင်သည်။ ငိုတယ်။ ငိုတယ်ဆိုတာဘာပါလိမ့်။ သူရင်ထဲမှာတမျိုးကြီး ဖြစ်လာသည်။ ချောင်နေသလိုပင်။ ဟာလာဟင်းလင်းကြီး။ ဗိုက်ဆာသလို။ လဟာပြင်ကြီးထဲမှာ တိမ်တိုက်တွေ ရွေ့လျားနေသလို။ သူမောလာသည် လှိုင်းတွေ ရေလှိုင်းတွေ သူ့ရင်ထဲမှာအထက်အောက် စုန်ဆန် စီးဆင်းနေကြသည်။ သူ့တကိုယ်လုံးဘာမှမရှိတော့သလိုပင်။ ငှက်ကလေးကိုပြန်သတိရလာသည်။ ပြတင်းပေါက်ဆီသို့တုန်ယင်နေတဲ့ ခြေထောက်တွေကိုထိန်းရင်းအသာလျှောက်လာသည်။ ဟင်….ငှက်ကလေး။ သူအသည်းအသန်လိုက်ရှာကြည့်သည်။ ဟင်း….တော်သေးတာပေါ့ ငှက်ကလေးရယ်။ မောဟိုက်နေသည့်ကြားမှ ပြုံးမိသည်။ သစ်ကိုင်းပေါ်မှာ ငှက်ကလေး တစ်ကောင် နှစ်ကောင် သုံးကောင်….။ တီတီတာတာ တို့ကာစိတ်ကာနှင့်။ ငှက်ကလေးကို ကြည့်နေရင်း သူ အသက်ရှုလို့ပြန်ကောင်းလာသည်။ အဖော်။ အဖော်ပါလား။ သူ့နှလုံးသားထဲကအသံကိုပြန်လည်ကြားယောင်လာသည်။ သဲ..။ သူ့ရဲ့အဖော်။
မနက်ကနေရောင်ထဲမှာသူတွေ့ချင်နေသောအရာ။ မျက်ရည်တွေကျနေတဲ့မျက်ဝန်းပိုင်ရှင်။ သူ့ခြေထောက်က သံခြေခြင်းတွေကိုဖြုတ်ပေးခဲ့သူ။ ငှက်ကလေးနဲ့တွေ့စေခဲ့သူ။ အိုရ် သူဘာလို့များခုမှ သိတာပါလိမ့်။ သူမလေ။ သူ့ရဲ့သူမ မနက်ကငိုနေခဲ့တာပါလား။ သူမကိုငိုအောင်လုပ်မိပြန်ပြီလား။ အတွေးတွေနဲ့အတူပြန်လည် မွန်းကျပ်လာသည်။ သူနှလုံးတွေတအားခုန်လာသည်။ သူ့ရင်ထဲမှတခုခု ပေါက်ကွဲထွက်သွားတော့မလို။ အကျိံတွေကိုဆွဲချွတ်လိုက်သည်။ အသက်ရှုလို့မရတော့။ ပါးစပ်ကိုဟထားရင်း လေကိုလုရှုနေသည်။ လေတွေမရှိတော့ဘူးလား။ သူသေရတော့မှာလား။ဟင့်အင်း ။ သူခုမသေချင်သေး။ သဲ သဲကိုတွေ့ချင်သေးသည်။ အသိစိတ်နဲ့အတူ တံခါးဆီသို့ တရွတ်တိုက်သွားပြီး လက်ကိုအားကုန် လွှဲလိုက်သည်။ သူမသေချင်သေး။ ကယ်ပါ။ သူ့ကိုကယ်ပေးကြပါ။
ကိုကို
သဲ..
သဲလေး
ကို……………………………..အသူတရာထက်နက်သောအမှောင်ဆီသို့။
I did vote
@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!
Congratulations! This post has been upvoted from the communal account, @minnowsupport, by maythzinkyaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.