စိတ်ဝင်စားလား အင်အားလိုနေလို့

အခုတော်တော်များများ အလုပ်ကိုင်တွေမကောင်းကြဘူး ကျနော်လဲ မကောင်းဘူးဒီတော့ ထိုင်အော်နေလို့ ဘာမှ ဖြစ်မလာဘူး ဒီတော့ကျနော် အခွင့်လမ်းတွေသွားရှာတယ်
ကျနော်တရုတ်သွားတော့ အလုပ်ဖြစ်နိင်တဲ့ ဂွင်လေးတွေ တွေ့လာတယ် တချို့ ပရောဂျက်တွေက ကိုယ့်နယ်ပယ်မဟုတ်တော့ လုပ်ရခက်တာနဲ့ ငွေအရင်းနှီးနဲ့ လုပ်ငန်းပြန်ထူထောင်ရမယ့်အနေထားနဲ့ တော်တော်လေး မလွယ်ဘူးဖြစ်နိင်ရင် လက်ရှိလုပ်ငန်းထဲက လူတွေနဲ့ ပူးပေါင်းချင်တာလေးတွေရှိနေတယ် ကျနော် ကျွမ်းကျင်တာကတော့ အများကြီးပဲ အခုတွေ့ခဲ့တာက Sourcing Market နဲ့ Supply Chain အပိုင်းဆိုတော့ လုပ်ငန်း ငယ်ကနေ လုပ်ငယ်ကြီးနယ်ပယ်ကို တက်လှမ်းဖို့ ကျနော် အထောက်ကူအများကြီးပေးနိင်တယ် နည်းနည်းပြောပြမယ်ဗျာ
တရုတ်မှာ ဘာကုန်စည် ဘာပစ္စည်းမဆိုထုတ်လုပ်နိင် Supply လုပ်ပေးနိင်တယ်ဆိုတာ သိကြမှာပါ သူတို့အတွက်က distribution လုပ်နိင်တဲ့သူတွေကို စိတ်ဝင်စားတယ် Market တွေကို Credit ဖွင့်ပြီး Supply လုပ်ပေးချင်တယ် Project Supply တွေလဲ လုပ်ပေးနိင်တယ် နောက်အမျာြးီးပဲဗျာ ကျနော် ကူညီပေးနိင်တယ်
မြန်မာဈေးကွက်မှာ ဦးဆောင်နေတဲ့လုပ်ငန်းရှင်တွေ အနေနဲ့ ဈေးကွက်ကို ထိန်းနိင်ဖို့ Market ရှိတယ်ဆိုရင်တောင် အရင်းနှီးလိုတယ် အရင်းနှီးမရရင် Credit ရဖို့လိုတယ် ဒီလို နောက်ကွယ်က Supply လက်တံတခု ရဖို့က ဘယ်လိုခက်တယ်ဆိုတာသိမှာပါ အဲလိုလက်တံ ရဖို့ဘာတွေလိုလဲဘာတွေ ချိတ်ရမလဲ ဘာတွေလုပ်ထားရမလဲ ကျနော်သိတယ် တဖက် နိင်ငံကနေ ကျနော်ကို Supply ပေးနိင်တာတွေကိုပြောပြပေမယ့် ဒီဘက်လုပ်ငန်းရှင်တွေက စိတ်ဝင်တစားမရှိကြဘူး Float ဈေးကွက်ပေါ်မှာပဲထိုင်နေကြတယ် Project ပဲထိုင်စောင့်နေတယ် အဲတာနည်းနည်းမှားနေတယ်
ကျနော်ချိတ်ဆက်ဆောင်ရွက်ပေးချင်တယ် ကျနော် Via ကိုလည်း ထပ်ပြီး အဆင့်မြင့်ချင်တယ် ဒါပေမယ့် ပူးပေါင်းချင်သူတွေရှိလားမရှိလား ကျနော်မသိဘူး Fair ဖြစ်တဲ့ Win Win အနေထားနဲ့ ကျနော်လုပ်ပေးနိင်ပါတယ် ကျနော်အနေထားလဲ သိပြီးဖြစ်မှာပါ အခုလဲ အနေထားတရပ်ရောက်နေတဲ့ လုပ်ငန်းရှင် တချို့ နဲ့ သေချာစကားပြော
ကြည့်ချင်တယ် ကျနော် သိတဲ့အသိတဲ့ နဲ့လုပ်နိင်စွမ်းက အခု လုပ်ငန်းရှင်တွေအနေနဲ့ သေချာပေါက်လိုမယ့်အရာတွေပါ သေချာတာကတော့ တယောက်ထဲ လမ်းလျှောက်ထွက်ရင် ပျင်းဖို့ကောင်းတယ် အဖွဲ့နဲ့ ထွက်ရင်တော့ စကားပြောဖော်တိုင်ပင်ဖော်ရတယ်လေ
ဒီတော့စိတ်ဝင်စားသူများကို အရင်ကလို ကျနော့ရုံးခန်း ကျနော့ Company ကိုအလည်မခေါ်တော့ဘူး ကျနော်ပဲလာတော့မယ် ကျနော့်ဆီလာချင်လဲရတယ်ဗျာ ပိုကောင်းတယ် ဒီတော့ ကျနော့ကို Dinner တို့ Lunch တို့ ကျွေးတာဖြစ်ဖြစ် KTV တို့ ဖြစ်ဖြစ် Tea Shop တို့ကို ဖိတ်ခေါ်ဗျာ ကျနော် လာခဲ့မယ်လွတ်လွတ်လပ်လပ် သိချင်တာမေး စကားပြောကြည့်ပေါ့ဗျာ ကျနော်လဲပြောချင်တယ် အခု Future အတွက် ကျနော် အင်အားလိုနေပြီဗျ
Massenger ကနေ Call တောင်းလိုက်ဗျာ လာခဲ့မယ်
Thiha #@ Via Myanmar
