အတုယူခြင်း

in #clouds5 years ago

အတုယူမှု ဘာတွေကို အတုယူရမှာလဲ ? စာအုပ်စာပေတွေ ဖတ်ပြီး ကောင်းတာကို အတုယူပါ ။ စာမဖတ်တတ်ပါက စာတတ်သော သူတစ်ပါးထံမှ ၊ အောင်မြင်နေသော စီးပွားရေးရှင်တွေမှ ကောင်းတာလေးတွေကို အတုယူပါ ။ တစ်ခါတလေမှာလည်း ဆင်းရဲနွမ်းပါးတဲ့ သူတွေမှာ အတု ယူသင့်တာတွေ ရှိကောင်းရှိနိုင်ပါတယ် ။ ကောင်းတာ ဟူသမျှ အတုယူနိုင်အောင် ကြိုးစားပါ ။ ကိုယ် မသိတာ ဟုသမျှကို မှတ်ယူပါ ။ မကောင်းတာကို ဘေးဖယ်၍ ကောင်းတာကို စိတ်နှလုံးတွင် စွဲမှတ်ပါ ။