DAW YIN YIN

in #daw6 years ago

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ၏အကြီးအကဲများကို တင်းမာစွာ ဆက်ဆံပုံမှာ နိုင်ငံတော် ၏ ဂုဏ်သိက္ခာကို စော်ကားရာကျပါသည်၊၊

ကျွန်မကိုယ်တိုင်သည် ကုလသမဂ္ဂ အဖွဲ့စည်းတွင် အကြီးအကဲဖြစ်ဖူးသည့် အလျောက် အောက်ပါတို့ ကို သတိပေးလို ပါသည်၊၊

ကုလသမဂ္ဂ သည်တိုင်းပြည်တပြည် ၏ နိုင်ငံရေးနှင့်ပြည်တွင်း ရေးကိုဝင်ရောက်စွက်ဖက်သည်နှင့် တပြိုင်နက် ထိုတိုင်းပြည်သည် ကောင်းလာနိုင်စရာ မရှိတော့ပေ၊၊ ကုလသမဂ္ဂ ၏ သဘောသဘာဝမှာ၊ တိုင်းပြည်တပြည်က ရှော့ပေးလေ၊ ကုလသမဂ္ဂ က ပိုကဲလာလေ၊ ပို လူပါးဝလာ လေ ဖြစ်သည်၊၊ အနိုင်ကျင့်တတ်သည်၊၊ Bullying mentality ဖြစ်သည်၊၊

နောက်ဆုံး ၌ ရှော့ပေးခဲ့သော တိုင်းပြည်များ အနေ ဖြင့် နယ်မြေပဲ့ပါသွား၍၊ ခါးသီးစွာနောင်တရကြသည်၊၊

အရှေ့တီမော် ပဲ့ထွက်သွား သော အင်ဒိုနီးရှား နိုင်ငံ တွင်၎င်း၊ ကော်စိုဗို ပြည်နယ် ပဲ့ ထွက်သွားသော ယူဂိုစလားဗီးယား နိုင်ငံ တို့တွင် ၄င်း ကျွန်မ ကိုယ်တိုင် အလုပ် လုပ်ဖူး ၊ နေဖူး သည့်အတွက် သတိပေးခြင်းဖြစ်ပါသည်၊

အမှန်တရားကို ရဲရဲတင်းတင်းရှင်းပြရန်လိုအပ်ပါသည်၊၊

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ အကြီးအကဲများကို ဆက်လက် တင်းမာစွာဆက်ဆံနေပါက၊ ၂၀၀၅ ခုနှစ်တွင် ကျွန်မတို့ Tsunami ကယ်ဆယ်ရေးလုပ်နေဆဲ ၊ အင်ဒိုနီးရှား သမ္မတ က UNHCR အဖွဲ့ ကို နှင်ထုတ်သလို ဒီ ကုလသမဂ္ဂ ကိုယ်စားလှယ်များကိုလည်း နှင်ထုတ်သင့်ပါသည်၊၊ တရုတ်ပြည်လည်း ထိုသို့ နှင်ထုတ်ဖူးပါသည်။

ဒေါက်တာ ရင်ရင်နွယ် ★★★