မြောက်ကိုရီးယားတောင် ဘလော့ချိန်ကွန်ဖရင့်လုပ်တော့မယ်

in #engrave6 years ago (edited)

တကယ်လို့ သင်ဟာဘလော့ချိန်းဝါသနာရှင်တစ်ယောက်၊ စွန့်စားသူတစ်ယောက်၊ ပြီးတော့ ၂၀၁၉ ဧပြီမှာဘာပလန်မှမရှိဘူးဆိုရင် သင့်ဝါသနာနှစ်ခုလုံးအတွက်သင့်တော်တဲ့လှုပ်ရှားမှုတစ်ခုရှိနေပါပြီ။ မြောက်ကိုရီးယားဟာ ပထမဆုံး အပြည်ပြည်ဆိုင်ရာဘလော့ချိန်းကွန်ဖရန့်တစ်ခုကို ကျင်းပပါတော့မယ်

တကယ်ကမြောက်ကိုရီးယားနဲ့ ဘလော့ချိန်းနဲ့ကသိပ်စိမ်းတယ်ရယ်တော့မဟုတ်ဘူး။ တကမ္ဘာလုံးကသူ့ကိုဝိုင်းပိတ်ဆို့ထားချိန်မှာ သူ့ရဲ့အာဏာရှင်အစိုးရအသက်ဆက်ဖို့အတွက် Bitcoin mining လုပ်ဖို့ကြိုးစားခဲ့ဖူးတယ်လို့ သတင်းတွေထွက်ဖူးတယ်။ အခုလိုတရားဝင်ခိုင်မာတဲ့သတင်းတော့ မဟုတ်ခဲ့ဘူး။

အခုလိုမြောက်ကိုရီးယားတောင် တံခါးဖွင့်လာပြီး နည်းပညာအသစ်ကို national level အားပေးလာချိန်မှာ ကျနော်တို့တိုင်းပြည်က လူကြီးတွေအနေနဲ့လည်း (အနည်းဆုံး) “ဟဲ့ ဒါဟာ ဘာပါလိမ့်။ ဘယ်လိုလုပ်ပါလိမ့်။ ဘာတွေအကျိုးရှိပါလိမ့်။” ဆိုပြီး research လေးဘာလေးလုပ်သင့်ကြတယ်ထင်တာပဲ။ ဒီမှာကတခုခက်တာ နယ်ပယ်တိုင်းလိုလိုမှာ R&Dအတွက်လုံးဝစိတ်ကူးမရှိကြတာပဲ။ အရင် မဆလခေတ်တုန်းကတော့ အမျိုးသားသုတေသနဌာန ဆိုပြီးအစိုးရဌာနရှိခဲ့ဖူးတယ်။ အဲ့ဒီမှာ သိပ္ပံနည်းပညာပိုင်းကော၊ စာပေယဉ်ကျေးမှုပါမကျန် သုတေသနလုပ်၊ စာတမ်းတွေထုတ်ခဲ့ကြဖူးတယ်လို့ဆိုတယ်။ ခုခေတ်လိုမျိုးမှာ သုတေသနအရေးကြီးတဲ့ခေတ်မှာ ပိုတောင်လုပ်သင့်ကြသေးတယ်။

မြောက်ကိုရီးယားဘလော့ချိန်းကွန်ဖရင့်သတင်းကို အောက်ပါလင့်ခ်မှာဖတ်နိုင်ပါတယ်။

https://ethereumworldnews.com/north-korea-international-blockchain-cryptocurrency-summit/


Originally posted on AP's Journal. Steem blog powered by ENGRAVE.