Bitcoin

in #esteem-awesome6 years ago

Bitcoin ဆိုတာဘာလဲ သိချင်ပါက:

(BITCOIN အကြောင်း)

Bitcoin ဆိုတာ ဒီဂျစ်တယ်ငွေကြေးတစ်ခုဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ ထိန်းချုပ်ထားခြင်းမရှိဘဲ ဒေါ်လာတို့လို ယူရိုငွေကြေးတို့လို ရိုက်နှိပ်ထုတ်ဝေထားသည့် ငွေစက္ကူမျိုးမဟုတ်ပါ. Bitcoin ကို ကမ္ဘာတစ်ဝှမ်းရှိ ကုမ္ပဏီများ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီမှ သုံးစွဲနေကြပြီး ငွေဖောင်းပွမှု မဖြစ်ပေါ်စေရန်အတွက် နည်းပညာဖြင့်ထိန်းချုပ်ထားသည့် ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုဖြစ်ပါသည်.

2008

Bitcoin ကို ဆာတိုရှီ နာကာမိုတိုဆိုသူက ၂၀၀၈ခုနှစ်တွင် စတင်ဖန်တီးခဲ့သည်
သြဂုတ်လ ၁၈ရက်နေ့တွင် bitcoin.org ဒိုမိန်းကို မှတ်ပုံတင်ခဲ့သည်

2009

ဇန်န၀ါရီ ၂၁ရက်တွင် ပထမဦးဆုံးအကြိမ် Bitcoin လွှဲပြောင်းပေးပို့မှုကို လုပ်ဆောင်ခဲ့သည်

2010

ဖေဖော်ဝါရီ ၆ရက်တွင် တရားဝင် Bitcoin ဈေးကွက်ကို စတင်ဖွင့်လှစ်ခဲ့သည်
မေ ၂၂ရက်တွင် Bitcoin ကို အွန်လိုင်းမှ ပထမဦးဆုံးအကြိမ်ဝယ်ယူမှု ပြုလုပ်ခဲ့သည်. ထိုအချိန်က လူအချို့သည် Bitcoin၁သောင်းဖြင့် ပီဇာနှစ်ချပ်ဝယ်ယူခဲ့ကြသည်. ယခုအခါတွင်တော့ သူတို့ပီဇာဝယ်လိုက်သော Bitcoin ၁သောင်းသည် အမေရိကန်ဒေါ်လာ ၄၈သန်းခန့်တန်ကြေးရှိနေပြီဖြစ်သည်
အောက်တိုဘာ ၁၆တွင် Bitcoin ကိုဝယ်ယူပြီး ငွေကြေးတစ်မျိုးအဖြစ်အသိအမှတ်ပြုကာ စတင်ရောင်းဝယ်မှုပြုလုပ်ခဲ့ကြသည်
နိုဝင်ဘာ ၆ရက်တွင် Bitcoin အားလုံး၏ တန်ကြေးသည် ဒေါ်လာ ၁သန်းဖိုးအထိရှိလာခဲ့သည်

2011

ဖေဖော်ဝါရီ ၉ရက်နေ့တွင် Bitcoin တန်ကြေးသည် အမေရိကန်ဒေါ်လာတန်ဖိုးနှင့် တန်ဖိုးတူညီလာခဲ့သည်.
ဧပြီလ ၁၆ရက်နေ့တွင် Bitcoin အကြောင်းကို နိုင်ငံတကာမီဒီယာများက စတင်အသိအမှတ်ပြုရေးသားလာခဲ့သည်. TIMEမဂ္ဂဇင်းက ဒီဂျစ်တယ်ငွေကြေးအကြောင်း ဆောင်းပါးတစ်ပုဒ်ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်
ဧပြီလ ၂၃ရက်နေ့တွင် BTC/USDဈေးနှုန်းသည် MtGoxမားကတ်တွင် USD/EURနှင့် USD/GBPတို့ထက် တန်ဖိုးမြင့်တက်လာခဲ့သည်. Bitcoin အားလုံး၏ စုစုပေါင်းတန်ကြေးသည်လည်း ဒေါ်လာ ၁၀သန်းဖိုးအထိရှိလာခဲ့သည်

2012

၂၀၁၂တွင် Bitcoin ရောင်းဝယ်ရန်အတွက် ဗဟိုဘဏ်များလိုင်စင်ရရှိခဲ့ပြီး ယခင်အွန်လိုင်းပေါ်မှ သာမန်ဒီဂျစ်တယ်ငွေကြေးအဆင့်မှ ငွေကြေးအစစ်တစ်ခုအဖြစ် စတင်အသိအမှတ်ပြုလာခဲ့ကြသည်

2013

ဧပြီလတွင် Bitcoin ဈေးများ ရုတ်တရက် ၂၄နာရီအတွင်း ၈၀%အထိ အဆိုဝါးဆုံးကျဆင်းသွားခဲ့သည်
နိုဝင်ဘာလတွင် Bitcoin တန်ဖိုးသည် ရွှေဈေးထက် တန်ဖိုးမြင့်တက်လာခဲ့သည်

2014

ဇန်န၀ါရီလတွင် ပထမဦးဆုံးသော အာမခံBitcoin လွှဲပြောင်းဝန်ဆောင်မှု Elliptic Vaultကို လန်ဒန်တွင် စတင်ဖွင့်လှစ်ခဲ့သည်
ဒီဇင်ဘာလတွင် Bitcoin တန်ဖိုးသည် $310အထိရောက်ရှိခဲ့သည်. ၂၀၁၄ခုနှစ်သည် Bitcoin ရှေ့ဆက်ဈေးတက်လာမည့် နိမိတ်ပြအနေဖြင့် ဈေးကွက် "တည်ငြိမ်"လာခဲ့သည်

2015

အောက်တိုဘာတွင် Bitcoin ဈေးနှုန်းသည် $500အထိရောက်ရှိလာပြီး - သမိုင်းတလျှောက် ဒီဂျစ်တယ်ငွေကြေးများ၏ အခန်းကဏ္ဍပိုမိုမြင့်တက် အရေးပါလာခဲ့သည်

2016

၂၀၁၆နှစ်အစောပိုင်းကာလကတည်းက Bitcoin ဈေးသည် ၁၂၀%အထိရောက်အောင် တက်လာခဲ့ပြီး BTCလဲနှုန်းမှာလဲ $350မှ - 400ကြား တက်လိုက် ကျလိုက်အခြေအနေဖြစ်နေခဲ့သည်
ဇွန်လ အလယ်ပိုင်းတွင် Bitcoin တန်ဖိုးမှာ နှစ်ဆအထိတက်လာပြီး $ 720ပေါက်ဈေးရှိလာခဲ့သည်
ဒီဇင်ဘာလတွင် တစ်လတာအတွင်း $ 200ဖိုးအထိ ထပ်မံမြင့်တက်လာခဲ့ပြီး ဈေးကွက်အတွင်းလည်ပတ်နေသော Bitcoin အားလုံး၏ တန်ကြေးမှာ ဒေါ်လာ ၁၅ဘီလျှံဖိုးအထိရှိလာခဲ့သည်

2017

၂၀၁၇ နှစ်တွင်Bitcoin တန်ဖိုးသည် ၄၈၀၀ ဒေါ်လာကနေ ၂၀၀၀၀ဒေါ်လာအထိ တဖြေးဖြေးတန်ဖိုးမြင့်တက်လာခဲ့ပါသည်

2018

၂၀၁၈ July လဖြစ်သည့် ယနေ့အချိန်တွင်တော့ Bitcoin တန်ဖိုးသည် ဒေါ်လာ ၆၀၀၀ အထက်မှာ ရပ်တည်လျက်ရှိပါသည်

သင်ဆရာ မြင်ဆရာများအားလေးစားလျက်
အတက်နိုင်ဆုံး မှီငြမ်းရေးသားထားပါသည်

image

Sort:  

Congratulations @waihinoo! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @waihinoo! You received a personal award!

1 Year on Steemit

Click here to view your Board of Honor

Support SteemitBoard's project! Vote for its witness and get one more award!