မိန်းမရိုင်းကြီး သုဘဒ္ဒါ...

in #esteem-awesome6 years ago

နားလည်​မှုလွဲမှားခြင်းရဲ့ ဆုလဒ်​​တွေ​ကြောင့်
ကျမဟာ မိန်းမရိုင်းကြီး သုဘဒ္ဒါဖြစ်​ခဲ့ရတာပါ
မင်းဆဒ္ဒန်​ရယ်​.....

ရှင့်​အစွယ်​ကို နားဋောင်းပန်​ဆင်​လိုတယ်​လို့ 
သောနုတ္ထိုရ်​ကို ကျမမှာကြားလိုက်​တယ်​ဆို​ပေမယ့်​....

အစွယ်​ကို အာ​ခေါင်​ရင်းက ဖြတ်​ခဲ့ရမယ်​လို့
ကျမမမှာခဲ့မိဘူး...အမိန့်​လည်းမ​ပေးခဲ့ပါဘူး....

နား​ဋောင်းလုပ်​ဝတ်​လို့ရမယ့်
ရှင့်​ရဲ့အစွယ်​အဖျား​လေး​လောက်​ပဲ
ကျမကလိုချင်​ခဲ့မိတာပါ...

ရှင်​အနားမှာ ရှိ​နေမ​ပေးရင်​​တောင်
ရှင့်​ရဲ့အ​သွေးအသား​လေးတစ်​ခု ကျမအနားမှာ
အ​ဖော်​ပြု​နေရုံနဲ့ ကျမနှလုံးသားကို နှစ်​သိမ့်​ချင်​လို့ပါ....

ရှင်​သာ ကျမကိုတကယ်​ချစ်​ရင်​ နား​ဋောင်းတစ်​ဆင်​စာ
အစွယ်​အဖျား​လေး​တော့
ရှင်​ကျမကို ​ပေးနိုင်​မှာပဲမဟုတ်​လား....

ခု​တော့....
မုဆိုး​လျှောက်​တင်​သမျှကို မစဉ်းစားမဆင်​ခြင်​ပဲ
ရှင်​က အာ​ခေါင်​ရင်းကိုလွှနဲ့ထိုး ဆိုးရွားတဲ့​ဝေဒနာကိုအံတုလို့ မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့ တုံး​စေ​တော့ဆိုပြီး လက်​လွတ်​စပယ်​ ကျမ​ကြောင့်​ ရှင်​​သေပွဲဝင်​ရတယ်​တဲ့​လေ...

ကျမက မှားခဲ့တယ်​ဆို​ပေမယ့်​...
ရှင်​က မိုက်​ခဲ့တယ်​ မင်း​ဆဒ္ဒန်​....

နား​ဋောင်းတစ်​ဆင်​စာ ပမာဏဟာ
အာ​ခေါင်​ရင်းက​​နေဖြတ်​ချမှ ရမှာမို့လို့လား...