✍🏻အာဇာနည်အမျိုးသမီးများ

in #esteem6 years ago

ကမ္ဘာပေါ်တွင် သဘာဝ(ကံ)တရား၏
ဖန်တီးပေးမှုကြောင့် အမျိုးသား ၊
အမျိုးသမီး(ကျား,မ - ဖို,မ)ဟူ၍ ကွဲပြား
ခြားနားခြင်း ရှိပါသည် ။

မည်သို့ပင် အမျိုးသား ၊ အမျိုးသမီး
(ကျား,မ)ဟူ၍ ကွဲပြားခြားနားစေကာမှု ၊
အမျိုးသားများမှာ အားအင်စွမ်းပကားနဲ့
ပြည့်စုံသလို အမျိုးသမီးများ၏သန္တာန်၌
လည်း မမြင်နိုင်သည့် ဆူးရှထက်
မြတ်သော အားအင်စွမ်းပကားများ
ရှိပါသည် ။

ယနေ့ခေတ် . . .
ကျမတို့မြန်မာနိုင်ငံတွင် လူအများစုက
အမျိုးသမီးများကို . . . ဘုန်းကံမရှိသူ ၊
ယုတ်နိမ့်သောသူ ၊ ယောက်ျားများ
လောက် မမြင့်မြတ်သောသူဟူ၍ အစ
ရှိသဖြင့် အတ္တလွန်စွဲကာ ဘုရားဟော
မဟုတ်သည်ကို ၊ ဘုရားဟောသယောင်
ယောင်ဖြင့် ရေးသား ၊ ပြောဆိုနေကြ
သည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာအဖြစ်
ကြားသိ မြင်တွေ့နေရပါသည် ။

အမှန်စင်စစ် ဘုရားဟောဒေသနာအား
ပြန်လည်စီစစ်သော် . . . ဘုရားရှင်
လက်ထက်၌ ဧတဒဂ်ဘွဲ့ရ(လူပုဂ္ဂိုလ်)
အာဇာနည် အမျိုးကောင်းသမီးများ
အထင်အရှားရှိသည်ကို ဘုရားဟော
ပိဋကတ်တော်များတွင် ဖတ်ရှု မြင်တွေ့
နိုင်ပါ၏ ။

image

ထိုဧတဒဂ်ဘွဲရ(လူပုဂ္ဂိုလ်)အာဇာနည်
အမျိုးကောင်းသမီးများထဲမှ အထင်ရှား
ဆုံး အာဇာနည်အမျိုးသမီး(၁၀)ဦးကို
ထုတ်နှုတ်၍ တင်ပြအပ်ပါသည် . . . .

           ဗုဒ္ဓလက်ထက်

ဧတဒဂ်ဘွဲ့ရ(လူပုဂ္ဂိုလ်)အာဇာနည်
အမျိုးကောင်းသမီး(၁၀)ဦး

၁။ သေနိယ သူဋ္ဌေးသမီး သုဇာတာ -
သရဏဂုံ ဆောက်တည်ရာ၌"အဂ္ဂ
ပထမ သရဏဂမဏ"ဧတဒဂ်ဘွဲ့
တံဆိပ်တော်ကို ရလေသည် ။

၂။ ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါ -
"အလှူဒါန"အရာ၌ အများဆုံး
ဧတဒဂ်ဘွဲတံဆိပ်တော်ကို ရလေ
သည် ။

၃။ ခုဇ္ဇုတ္တရာ - "အဂ္ဂ ဗဟုသုတ"ဧတဒဂ်
ဘွဲ့တံဆိပ်တော်ကို ရလေသည် ။

၎။ သာမာဝတီ - မေတ္တာဖြင့်နေသော
အရာ၌ "အဂ္ဂ မေတ္တာ ဝိဟာရီ"
ဧတဒဂ် ဘွဲ့တံဆိပ်တော်ကို ရလေ
သည် ။

၅။ နန္ဒမာတာ ဥတ္တရာ - ဈာန်ဝင်စား
ရာ၌ "အဂ္ဂ ဈာယီ"ဧတဒဂ် ဘွဲ့
တံဆိပ်တော်ကို ရလေသည် ။

၆။ ကောလိယမင်းသမီး - အကောင်း
အမြတ်ကို ပေးလှူရာ၌ "အဂ္ဂ ပဏီတ
ဒါယိကာ"ဧတဒဂ် ဘွဲ့တံဆိပ်တော်
ကို ရလေသည် ။

၇။ သုပ္ပိယ - သူနာကို ပြုစုလုပ်ကျွေးရာ၌
အကောင်းဆုံး သူနာပြုတတ်သူ
"အဂ္ဂ ဂိလာနုပဋ္ဌာက"ဧတဒဂ် ဘွဲ့
တံဆိပ်တော်ကို ရလေသည် ။

၈။ ကောတိယာနိ - မတုန်မလှုပ်
ကြည်ညိုရာ၌ "အဂ္ဂ အဝေစ္စ ပသန္န"
ဧတဒဂ် ဘွဲ့တံဆိပ်တော်ကို ရလေ
သည် ။

၉။ နကုလ မာတာ - ဘုရားရှင်နှင့်
အကျွမ်းဝင်ခြင်း၌ "အဂ္ဂ ဝိပဿီက"
ဧတဒဂ် ဘွဲ့တံဆိပ်တောကို ရလေ
သည် ။

၁၀။ ကာလီ(ခေါ်)ဒါယိကာမ - တဆင့်
ကြားအားဖြင့် ဘုရားရှင်ကို
ကြည်ညိုရာ၌ "အဂ္ဂ အနုဿန္န"
ဧတဒဂ် ဘွဲ့တံဆိပ်တော်ကို ရလေ
သည် ။

ယခုပြဆိုခဲ့သော အာဇာနည်
အမျိုးကောင်းသမီးများသည်
ဘုရားရှင်လက်ထက်၌ အထင်အရှား
ရှိခဲ့သော ဧတဒဂ်ဘွဲ့ရ(လူပုဂ္ဂိုလ်)
အားဇာနည် အမျိုးကောင်းသမီးများပင်
ဖြစ်ပေသေည် ။

ထိုကြောင့် . . . ယနေ့ခေတ်လူအများ
စုကို အထူးပြောလိုသည်မှာ မိမိတို့၏
ပစ္စက္ခအမြင်နှင့်ကြည့်၍ အမျိုးသမီးများ
အပေါ် မကောင်းမြင်ဝါဒဖြင့် ရှုမြင်
သုံးသပ်နေမည့်အစား ၊ ကောင်းမြတ်
သော အမျိုးသမီးများလည်း ရှိသေးသည်
ဆိုတာကို လေ့လာမှတ်သားစေချင်
ပါသည် . . . . . .🙏🏻

image

@aungmyo007
Original#nanwaiwaimyint
Photo credit#

image