ညှီစို့စို့အနံ့တို့နောက်ကွယ် (၉)

in #esteem6 years ago

ညှီစို့စို့အနံ့တို့နောက်ကွယ် (၉)
[NSFW Content: Age Restricted Under 13]
(မှတ်ချက် - အသက် ၁၃ နှစ်အောက်မဖတ်ပါရန်)
====================
image
လေပြင်းများက လင်းထက်ယံကို အရှိန်နှင့်သယ်ဆောင်လို့သွားပြီး လင်းထက်ယံရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတော့ လေနဲ့အတူသယ်ဆောင်ခြင်းကိုခံစားလိုက်ရပြီးနောက် လေပွေလှိုင်းတို့က သူ့ကိုယ်ကို ပွေ့ဖက်ကာ မြေကြီးတစ်နေရာမှာ ဘုတ်ခနဲပစ်ချပေးလိုက်သည်။
လင်းထက်ယံက လဲနေရာမှ ထကာ ဖုန်တို့ကို ခါလိုက်ပြီး သူ့ရှေ့တည့်တည့်ကို သူပြန်ကြည့်မိသည်။ သူ့ရှေ့မှာတော့ သူနဲ့သီရိက ပျော်ရွှင်စွာ ချစ်ကြည်နူးနေကြပြီး ထိုပုံရိပ်များသည် အမှန်စင်စစ်အားဖြင့်တော့သူနှင့် သီရိတော့ လွန်ခဲ့သော ကာလအနည်းငယ်က public sex date လုပ်သော
ကာလများဆီက အမှတ်တရများပင်ဖြစ်ပေတော့သည်။ ပုံရိပ်တွေထဲတွင်တော့ လင်းထက်ယံက သီရိနှုတ်ခမ်းလေးများကို စုပ်ယူနမ်းရှိုက်လို့နေပြီး သူတို့ခန္ဓာကိုယ်နှစ်ခုက လေယူရာယိမ်းနွဲ့နေသော စပါးနှံလေးနှစ်ပင်ပမာ လွန့်လူးကာ ခံစားချက်များကြားထဲမှာ စီးမျောကခုန်လျက်ရှိကြသည်။ သေချာသတိထားကြည့်မိတော့ သီရိရဲ့ မျက်နှာက မသာမယာဖြစ်နေသည်။ ထိုအခိုက်က လင်းထက်ယံ၏ မျက်နှာအစုံတို့သည် သီရိ၏ ခန္ဓာကိုယ်အောက်ပိုင်းကိုရောက်နေ၍ သတိမထားမိခြင်းဖြစ်ဟန်တူလိမ့်မည်။ သီရိရဲ့မျက်နှာမှာက ဘာကိုမှန်းမသိ အလိုမကျမှုများစွာတို့ဖြစ်နေသည်။
"သူဘာဖြစ်နေတာလဲ . . . . .ငါ သိချင်တယ် . . . ငါသိချင်တယ် . . ဘယ်လိုလုပ်ရပါ့ . . . "
လင်းထက်ယံက ထိုသို့တွေးလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်တစ်ခုလုံးကို မြူခိုးတို့က လွှမ်းခြုံသွားလိုက်ပြီးနောက် သူတို့နှစ်ဦးရဲ့ အတိတ်က ပုံရိပ်တွေထဲက ခန္ဓာကိုယ်တွေမှာ အနက်ရောင်အငွေ့အသက်ကိုယ်စီမြင်လာရသည်။ ထိုအနက်ရောင်အငွေ့အသက်ဝိညာဉ်များသည် ထိုအခိုက်ကဖြစ်ခဲ့သော သူတို့၏ အမှောင်စိတ်များမှ ပေါ်ထွက်လာခဲ့ခြင်းပင်ဖြစ်သည်။ အတိတ်ပုံရိပ်နှစ်ခုက လုံးထွေးနေသဖြင့် လင်းထက်ယံရှိနေတာကို သတိမထားမိသော်လည်း အမှောင်စိတ်ခန္ဓာတစ်ခုက လင်းထက်ယံရှိရာသို့ ကြည့်နေသည်ကိုတွေ့လိုက်မိသောကြောင့် လင်းထက်ယံကလည်း မထူးဟုဆိုကာ သူရှိရာကို လက်ယပ်ခေါ်လိုက်သည်။ အရိပ်မည်းသည် သူ့ဆီသို့ တဖြည်းဖြည်းချင်းလွင့်မျောလာပြီးနောက် မီးခိုးမည်းတွေကြားမှာ လင်းထက်ယံကို ကြီုးစားပြီးပြုံးပြလိုက်သည်။
ဘာကြောင့်မှန်းတော့ သေချာမသိပေမယ့် လင်းထက်ယံ ဆုံးသွားတဲ့ သီရိကို သတိရမိပြီး မျက်ရည်တို့က ဝဲတက်လာခဲ့သည်။
သေဆုံးသွားသည့် မိမိချစ်ရတဲ့သူကို ရှေ့မှာပြန်မြင်နေရသည်လေ . .။
"သီရိ . . . . "
လင်းထက်ယံက ဖျော့တော့စွာပင်ပြုံးပြလိုက်ရင်းနှင့် ညင်ညင်သာသာလေးပင်မေးလိုက်သည်။
"ယံ . . . နင် . . .လင်းထက်ယံမဟုတ်လား . . ဟုတ်ပါတယ် . . တူလိုက်တာ . . ."
"ဟုတ်တယ် . . . ငါအနာဂတ်ကနေခဏလာခဲ့တာ . . . သီရိ . . နင်သိလား . . . . ဒီဘက်ကာလမှာ နင် သေနေပြီ သီရိရဲ့ . . သိရဲ့လားး . . "
လင်းထက်ယံက ဝမ်းနည်းဒေါသလေးနှင့်ပြောရင်း သီရိ၏ အရိပ်မည်းဝိညာဉ်ကို ပွေ့ဖက်ရန်ကြိုးစားတော့ ဘာကိုမှမထိမိ . . . အငွေတို့က ခဏတာပြန့်ကျဲသွားကြသည်။
အရိပ်မည်းဝိညာဉ်က ခေါင်းလေးကိုသာ ငုံ့ထားလိုက်ပြီး ပြောသည်။
"ငါအခု နင်နဲ့ လိင်ဆက်ဆံနေရတာ feel မလာဘူး . . တစ်ခုခုလိုနေသလို ခံစားနေရတယ် . ."
"ဘာ . . .ဘယ်လို . . ."
"ဟုတ်တယ် . . . ငါ ဘယ်လိုမှ ခံစားလို့မရဘူး . . . ငါ . . .ငါ"
"ငါ ဆက်ဆံတာ မကောင်းလို့လားဟင် . . . "
"မဟုတ်ဘူး . . အဲ့ဒီလိုလည်းမဟုတ်ပြန်ဘူး . . . နင် နဲ့ မယ်ရီကြောင့်ထင်တာပဲ . . ."
"ဘာ . . ဘယ်လို . . ."
"ငါ နင်တစ်ယောက်တည်းကို ချစ်တာထက် . . . နင်နဲ့ မယ်ရီတို့ရဲ့ လိင်ဆက်ဆံမှုကို ငါချစ်မိနေပြီနဲ့တူတယ် . . ."
"ဟာ . . . သီရိ . . .မင်းကွာ . . . ."
ထိုအခိုက်တွင် သူတို့နှစ်ဦးလုံး၏ အတိတ်ပုံရိပ်များထံမှ အသံအချို့ထွက်လာသည် . . .။
"အားး . . ပြီးတော့မယ် . .ပြီးတော့မယ် . .မြန်မြန်လေး . ."
လင်းထက်ယံကထိုနေရာကို ကြည့်လိုက်တော့ အမှန်ပင် အတိတ်ပုံရိပ်ထဲက သူတို့နှစ်ယောက်က ပြီးတော့မည်ဖြစ်သည်။ အရိပ်မည်းက ထိုအခိုက် ထိတ်ထိတ်ပြာပြာနှင့်ပင် .
"ပြီးသွားရင် ကာမ စိတ်တွေကုန်တော့မယ် . . .ကာမစိတ်ကုန်ရင် ငါလည်း ပျောက်ကွယ်သွားရတော့မှာ . . ."
ဟုပြောလိုက်သည်။
"မရဘူး . . . သီရိ . . .နင်မသွားရဘူး . . . ငါမေးစရာတွေရှိသေးတယ် . . ."
ပြောပြောဆိုဆိုနှင့် လင်းထက်ယံက အရိပ်မည်းကို ဆုပ်ကိုင်ရန်ကြိုးစားလိုက်စဉ် အရိပ်မည်းက သက်ဆိုင်ရာကိုယ်ထဲသို့ ပြန်ဝင်သွားပြီးနောက် လင်းထက်ယံကိုယ်လည်း အရှိန်နဲ့ နည်းနည်းယိုင်နဲ့သွားသည်။ ထိုအခိုက် -
"ဟာ . ."
"ဟင် . ."
အတိတ်က လင်းထက်ယံနှင့် ပစ္စုပ္ပန်လင်းထက်ယံတို့ အကြည့်ချင်းဆုံသွားကြပြီးနောက် အတိတ်ပုံရိပ်များက အခိုးအငွေ့များအဖြစ်သို့ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်ကစ ပျောက်ကွယ်သွားလေသည်။ ဘယ်နေရာမှန်းမသိသောနေရာကြီးထဲမှာတော့ လေပြင်းများက အပြင်အထန်တိုက်ခတ်လာပြီး လင်းထက်ယံ ကိုယ်တစ်ခုလုံး အခိုးအငွေ့အမှုန်များကြားထဲမှာ လွင့်မျောနေလျက်ရှိနေသည်။ လွင့်မျောနေသော တစ်လျောက်မှာ ဘာကိုမှမမြင်ရသော်လည်း ထူးဆန်းသော အသံတို့ကိုကြားလို့နေရသည်။
"အားးး . . . ကျွန်မခေါင်းကို မဖြတ်ပါနဲ့ . . .ကယ်ကြပါ . . ."
"ကျွန်တော့်ကို မီးတောက်တွေထဲက ထုတ်ပေးကြပါ . . . ကယ်ပါဦး . . ."
"သေလို့မရဘူး . . . မင်းတို့ ချက်ချင်းသေလို့ကိုမရတာ . . . သေလုနီးပါးတွေ အသက်ငင်ကြ . . . ဟားဟားဟားဟား"
"ဟိတ် . . နေဦး . . မင်းနို့သီးခေါင်းတွေကို ဓားနဲ့ဆွဲဖြတ်လိုက်"
အသံတို့သည် တဖြည်းဖြည်းချင်းပင် ကြောက်မက်ဖွယ်ကောင်းလာသလို အလင်းရောင်တို့ကလည်း မှိန်ကျလာသည်။ လင်းထက်ယံရဲ့ နှာခေါင်းထဲမှာတော့ ညှီစို့စို့အနံ့လိုလို လူသေပုပ်အနံ့လိုလိုတွေက ရတစ်ချက် မရတစ်ချက်နှင့်ပင် . . .။
အော်ဟစ်သံများ . . .ညည်းတွားသံများကလည်း တဖြည်းဖြည်းချင်းကျယ်လောင်လာပြီး ဒုက္ခတရားငရဲကြီးနှင့် အလွန်ပင်နီးကပ်လာသလို သူခံစားလို့နေရသည်။
"မှော်ဆရာ . . . .မှော်ဆရာ . . ."
လင်းထက်ယံက အားကိုးရလိုရငြား မှော်ဆရာဟုထအော်မိသည် . ။ သို့သော်လည်း အခြေနေတို့က ဘာမှထူးမလာ . .။ လေပြင်းများက တိုက်ခတ်ဆဲ . . .။ အော်သံများက ပိုမိုကျယ်လောင်လာဆဲ . . . ။ ပိုဆိုးသည်ကတော့ တစ်ချက်တစ်ချက် ဘယ်ကမှန်းမသိသော သွေးစက်တို့က သူ့ကိုယ်ပေါ်ကို တစ်စက်ပြီး တစ်စက်ဆိုသလိုပင် ကျလို့လာလေတော့သည်။
သူ့အနားမှာ ချောက်ခြားစရာတွေနဲ့ . . .။ အခုဆိုရင် မှော်ဆရာလည်း မရှိတော့ . . ။ ဘယ်သူမှလည်း မရှိတော့ပါချေ။
အချိန်နာရီဝက်လောက်ကြာတော့ အရာများအားလုံးက ပြန်လည်ငြိမ်သက်သွားပါတော့သည်။
မြူတွေ အမှုန်အမွှားတွေအားလုံး ငြိမ်သက်သွားလေတော့ သူ့ရှေ့တည့်တည့်မှာ ကောင်မလေးတစ်ယောက်က ဓားကို ကိုင်လို့ထားသည်။
လင်းထက်ယံက ထိုမြင်ကွင်းကို အံ့သြမင်သက်စွာနှင့်ပင်ကြည့်နေမိပြီး ထိုမိန်းကလေးရှိရာသို့ တစ်လှမ်းချင်းစီပင် လှမ်း၍ သွားနေမိလိုက်သည်။ ထိုမိန်းကလေးက လင်းထက်ယံကို မြင်သော် ပြုံးပြလိုက်သည်။
အပြုံးတို့က သိပ်တော့ အသက်မဝင်လှသလို ကောင်မလေးရဲ့ အသားအရည်များကလည်း ဖြူရော်ကာ နှုတ်ခမ်းသားတို့ကလည်း ခြောက်သွေ့နေသည်။
"အစ်ကို . . အတော်ပဲ . . . ညီမကို တစ်ခုလောက် ကူညီပါလားရှင့် . . ."
ကောင်မလေးအပြောကြောင့် လင်းထက်ယံက သူ့ခေါင်းလေးကို တစ်ချက်ငဲ့စောင်းကြည့်လိုက်ပြီးနောက် -
"ပြောလေ ညီမ ဘာလို့လဲ . . ."
ဟုပြောလိုက်သည်။ ကောင်မလေးက တစ်ချက်ပြုံးလိုက်ပြီး လက်ထဲက ဓားကို လင်းထက်ယံဆီကို ကမ်းလိုက်ပြီးနောက် -
"ညီမလေ . . ညီမလက်ကို လက်ဖျံကနေ ဖြတ်ပစ်ချင်တာ . . အဲဒါလေ ညီမလက်ကို လက်ဖျံအရင်းကနေဖြတ်ပေးလို့ရလားရှင့်"
ဟုပြောလိုက်သည်။ လင်းထက်ယံတစ်ကိုယ်လုံး ကြက်သီးများထသွားပြီးနောက် ဓားကို ကြောင်ကြည့်နေရင်းကမှ ကမ်းထားသောဓားကို ကိုင်လိုက်မိသည်။
ကောင်မလေးကလေး သူ့လက်ကို ဖြတ်ပေးရင် ညာဘက်လက်ကို ဆန့်တန်းပေးလိုက်သည်။
"ဒါတကယ်မဟုတ်ဘူး . . . ဒါတကယ်မဟုတ်ဘူး . . ဒါတကယ်မဟုတ်ဘူး . ."
ဟုပင် တဖွဖွရေရွတ်ပြီးနောက်မှာတော့ ကောင်မလေးရဲ့ လက်ဖျံအရင်းပေါ်ကို ဓားနဲ့တင်ပြီးချိန်ကာ ခုတ်ထစ်ပစ်ရန် ပြင်လိုက်ပါတော့သည်။

အပိုင်း(၁၀)ဆက်ရန် . . . .

Own Feeling @ 2018 by
ကာရှိုင်း (ကြယ်စင်ချစ်သူ)
@AuroKarshine