Financial Crisis

in #esteem6 years ago

*** ဘဏ္ဍာရေးပျက်ကပ် သိမှတ်ဖွယ်ရာ ***

 ဘဏ္ဍာရေး ပျက်ကပ် (Financial Crisis) ဖြစ်ရပ်သည် စီးပွားရေးလုပ်ငန်းကြီးများ ငွေကြေးလည်ပတ်မှု ကြပ်တည်းဆိုးရွားလာပြီး တစတစနှင့် အခြားစီးပွားရေးလုပ်ငန်းများသို့ ကူးစက်လာတတ်သည်။ ဘဏ်များတွင် တကမ္ဘာလုံးက လူများအားလုံးသည် တစ်ချိန်တည်းတွင် ၄င်းတို့ ငွေများကို တစ်ပြိုင်နက်တည်း ထုတ်ယူချင်သည့် အချိန်မျိုးတွင် ဘဏ်ကြီးများ အခက်ခဲကြုံ လာပြီး ဘဏ္ဍာရေးပျက်ကပ်ဖြစ်လာခြင်းဖြစ်သည်။ ထိုသို့ crisis ဖြစ်ပုံခြင်း သည် အချိန်ခါခြင်း မတူညီနိုင်တောင် အခြေနေခြင်းတော့ တူညီပြီး ဖြစ်တတ်သည်။ 

 1994 ခုနှစ်တုန်းက Mexico တွင် အာမခံချက်မရှိသော ကာလတို ငွေချေးစာချုပ်များ roll over လုပ်ရင်းက မတတ်နိုင်တော့သည့် အဆုံး Tequila Crisis ဆိုပြီး ဖြစ်ခဲ့သည်။ 1998 ခုနှစ်တွင် ဖြစ်ခဲ့သော Russia - LTCM Crisis ကတော့ 1997 Thailand devaluation ပြုလုပ်ခဲ့ရာမှ စခဲ့ခြင်းဖြစ်သည်။ ထိုစိုးရိမ်စရာ အခြေအနေသည် Indonesia , South Korea , Malaysia နှင့် Russia တို့မှ တစ်ဆင့် တကမ္ဘာလုံးပြန့် ခဲ့သည်။ နောက်ဆုံးတွင် နိုဘယ်လ်ဆုရ စီးပွားရေးပညာရှင်ကြီးများ ဦးဆောင်ပြီး နာမည်ကျော် Wall Street မှ trader များပါဝင်ရင်းနှီးမြုပ်နှံမှု ပြုလုပ်ကြသော Hedge Fund ကြီးဖြစ်သည့် LTCM (Long Term Capital Management) ထိ ကူးစက်လာခဲ့သည်။ ထိုအချိန်ကသာ LTCM ကို အခြားသော ဘဏ်ကြီးများမှ မကူညီခဲ့လျှင် ထို crisis အခြေအနေသည် Wall Street ထိကူးစက်လာနိုင်ဖွယ်ရှိနေခဲ့သည်။ 

 အားလုံးသိထားသည့် 2008 Financial Crisis ကတော့ အိမ်ရာ ပေါင်နှံ ချေးငှားရာမှ စခဲ့သည်။ အိမ်ရာချေးငှားရောင်းဝယ်သော ငွေချေးစာချုပ်များ မှ ကြွေးလျော်များ တစတစပြန့်နှံ့ လာပြီး အလွန်ကြီးမားသော Crisis ဖြစ်သွားခဲ့ရသည်။ အထူးသဖြင့် Money market funds များနှင့် ဥရောပ ဘဏ်ကြီးများ၏ စီးပွားရေးလုပ်ငန်းများထိခိုက်ခဲ့ရသည်။ 

  2008 Financial Crisis ကတော့ 1929 ခုနှစ်တုန်းကဖြစ်ခဲ့ဖူးသည့် Great Depression နောက်ပိုင်း စီးပွားရေးပျက်ကပ်များထဲမှ အဆိုးရွားဆုံး ပျက်ကပ်တစ်ခုဖြစ်ခဲ့သည်။ Federal Reserve နှင့် Treasury Department တို့က အတတ်နိုင်ဆုံး ကာကွယ်နိုင်ဖို့ ကြိုးစားခဲ့ကြသော်လည်း အိမ်ရာ ဈေးနုန်းများသည် Great Depression ဖြစ်တုန်းကထက် 31.8%  တောင်ကျဆင်းခဲ့သည်။ 2008 Crisis အပြီး 2 နှစ်ကြာသည်အထိ အမေရိကန် အလုပ်လက်မဲ့နုန်း 9% အထက်တွင်သာ ရှိနေခဲ့သေးသည်။ 

        2008 Crisis ဖြစ်စဉ်ကတော့ -

  2006 ခုနှစ်ထဲက စီးပွားရေးကမောက်ကမဖြစ်ခဲ့ပြီး ပျက်ကပ်လက္ခဏာ ပြခဲ့ပြီး အိမ်ရာဈေးနုန်းများ စတင်ကျဆင်းခဲ့သည်။ ထိုအချိန်က အိမ်ရာမြေ အကျိုးဆောင်ကုမ္ပဏီများအားတက်သရော ဖြစ်နေခဲ့ကြပြီး အိမ်ရာဈေးကွက်သည် အလွန်တရာ ခိုင်ခံ့ကြောင်း ယုံကြည်ထားကြကာ ဈေးနုန်းကျဆင်းခြင်းသည် ခတ္တမျှ ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာမည်ဟု မှတ်ယူထားခဲ့ကြသည်။ အိမ်ရာပိုင်ဆိုင်ထားသူတွေမှာ မေးခွန်းထုတ်စရာ ကြွေးလျော်အပြည့်ဖြစ်နေသည်ကို မယုံနိုင်ခဲ့ကြပေ။ ဘဏ်များကလည်း အများပြည်သူတွေကို 100% (သို့) အိမ်ရာ တန်ဖိုးထက်ပိုသော ပမာဏကို ထုတ်ချေးပေးကြသည်။ ထိုစဉ်က လူအများ အပြစ်တင်ပြောဆိုခဲ့ကြသော The Community Act ဥပဒေသည် ဘဏ်များကို အာမခံချက်နည်းပါးသော နေရာများမှာ ရင်းနှီးမြုပ်နှံမှု ပြုလုပ်ဖို့ တွန်းအားဖြစ်စေခဲ့သည်။

 Crisis ဖြစ်စေသည့် တကယ့်ဗီလိန်ကတော့ The Gramm - Rudman Act ဥပဒေဖြစ်ပြီး ဘဏ်များကို  Derivative Trading ပြုလုပ်ခွင့်ပေးထားသည်။ ဘဏ်များမှာ Investor များဆီသို့ Derivatives များထုတ်ရောင်းခြင်းဖြင့် အမြတ်အစွန်းများစွာရရှိသည်။ ထို့ အပြင် အပေါင်ပစ္စည်းကျောထောက်နောက်ခံထားသော ငွေချေးစာချုပ်များ ( Mortgage - backed - securities) ထုတ်ရောင်းသည်။ Derivative များက အိမ်ရာတွေကို အပေါင်ထားပြီး ငွေချေးစာချုပ်ဝယ်လိုအားဖြစ်စေမှု ကို အားပေးအားမြောက်ပြု စေသည်။ 

  Fed မှ တာဝန်ရှိသူများက အဆင့်နိမ့်သော အိမ်ရာ အပေါင်ချေးငှားစာချုပ် အရောင်းအဝယ်ဈေးကွက် ပြိုကွဲမှုသည် အိမ်ရာဈေးကွက်ကြီးထိ ကူးစက်သွားနိုင်လိမ့်မည်ဟု မထင်ခဲ့ကြပေ။ အာမခံချက်လျော့နည်းသော အဆင့်နိမ့်ငွေချေးစာချုပ်ဈေးကွက်ပြိုလဲ မှု မှသည် ကမ္ဘာတစ်ဝန်း ကြီးမားသောပျက်ကပ်ကြီးဖြစ်စေနိုင်လိမ့်မည်ဟု နားမလည်ခဲ့၍ မယုံကြည်ထားခဲ့ကြခြင်းဖြစ်သည်။ 

 ထိုအချိန်က Hedge Fund များနှင့် ကမ္ဘာတစ်ဝန်းမှ အခြားသော Financial Institutions များအားလုံး mortgage - backed - securities များပိုင်ဆိုင်ထားကြသည်။ Mutual Fund များအားလုံးနီးပါးနှင့် Pension Fund များပါမကျန် လက်ဝယ်ထားရှိကြသည်။ ဘဏ်များက နဂိုမူလ အပေါင်စာချုပ်များကို ရှယ်ယာများအဖြစ်ပြန်လည်ထုတ်ရောင်းကြသောကြောင့် ထိုလုပ်ရပ်သည် Derivative များကို မဖြစ်နိုင်သော ဈေးနုန်းများအဖြစ်သို့ ဆွဲတင်သွားစေခဲ့သည်။ 

  သို့သော် သက်ကြီးရွယ်အိုရန်ပုံငွေအဖွဲ့များဖြစ်သော Pension Funds များက အဘယ့်ကြောင့် ထိုသို့ risky assets တွေဝယ်သနည်း ? 

  အာမခံပစ္စည်းဟု ခေါ်သည့် Credit default swaps များက ၄င်းတို့၏ ရန်ပုံငွေများကို အကာအကွယ်ပေးနိုင်လိမ့်မည်ထင်မှတ်ထားကြခြင်းကြောင့်ပင်ဖြစ်သည်။ အာမခံကုမ္ပဏီဖြစ်သော AIG company မှ ထို swaps များကို ရောင်းချပေးသည်။ Derivative များတန်ဖိုးမဲ့သွားချိန်တွင် AIG မှ ရောင်းချပေးသော Swap များအားလုံးကို ကယ်ဆယ်နိုင်ဖို့ရန် ငွေသားစီးဆင်းမှု မလုံလောက်တော့ပေ။ ထိုစဉ် ဘဏ်များတွင်လည်း အကြပ်အတည်းဖြစ်လာပြီး ဘဏ်အချင်းချင်း ငွေချေးပေးမှုကို ရပ်တန့်ပစ်လိုက်ကြသည်။ မည်သည့်ဘဏ်မှ တန်ဖိုးမဲ့သော ကျောထောက်နောက်ခံပစ္စည်းများကို အပေါင်ခံပြီး ငွေထုတ်ချေးခြင်းမပြု လုပ်လိုကြပေ။ ထိုအခါ ဘဏ်အဖွဲ့အစည်းကြီးများ အချင်းချင်း ယုံကြည်မှု များပျောက်ဆုံးလာပြီး တစ်ကမ္ဘာလုံး ဘဏ္ဍာရေး အကြပ်အတည်းဖြစ်ကာ 2008 Financial Crisis ဖြစ်သွားခဲ့ရခြင်းဖြစ်သည်။

    လာမည့် Crisis ဘယ်ကလာမည်နည်း?

 မကြာသေးမီက Bloomberg မှဆောင်းပါးတစ်ပုဒ်တွင် လာမည့် Financial Crisis ကတော့ ပုဂ္ဂလိက ဘဏ်ကြီးများ၏ ငွေချေးစာချုပ်ဈေးကွက်ကနေ စပြီးဖြစ်နိုင်ချေရှိသည်ဟု ရေးသားခဲ့သည်။ အသေးစိတ်ပြောရမည်ဆိုလျှင် အဆိုပါ ငွေချေးစာချူ ပ်မျိုးမှာ ' Contingent Convertible Bond' (or) 'CoCos' ဟုခေါ်သော ငွေချေးစာချုပ် (bond) အမျိုးအစားဖြစ်သည်။ ဘဏ်များမှ အခက်အခဲ ဖြစ်သည့်အခါ ၄င်းတို့၏ ပိုင်ဆိုင်မှု (Equity) ကို တိုးမြင့်စေနိုင်ဖို့ တစ်နည်းအားဖြင့် Capital ratio ကို မြင့်တင်စေဖို့ အကြွေးများ ငွေချေးစာချုပ်များဖြင့် အလဲအထပ်လုပ်ကြသည်။ 

 ထိုအခြေနေတွင် ပြဿ     နာမှာ ဘွန်းကိုင်ဆောင်ထားသူများမှ စသည်။ Bondholder များမှာ ဘွန်းဈေးကျတော့မှာကို ခန့်မှန်းမိသည်နှင့် ဘွန်းများကို ရောင်းထုတ်ကြသောအခါ ဘဏ်များမှ အလဲထပ်လုပ်ပြီး Equity တောင့်ခံထားရန် အခြေနေမရတော့ပဲ အခက်ခဲ ဖြစ်စေနိုင်သည်။ CoCos သည် ဘဏ်များကို စိုးရိမ်ဖွယ်ရာ အခြေနေဖြစ်စေပြီး ဘဏ်များ၏ တည်တံ့ခိုင်မြဲမှု ကို လျော့ပါးစေသည်။ 

  ဤသည်မှာ ငွေကြေးဈေးကွက်  ရှုပ်ထွေးသော ပြိုကွဲမှု စနစ်ကို ထပ်မံသာဓကပြခြင်းဖြစ်ပြီး အဆိုပါလက္ခဏာသည် လာမည့် Crisis တွင် ပြီးခဲ့သော Crisis များထက်ပိုပြီး ဆိုးရွားစေနိုင်မည်ကို ပြခြင်းဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ဆိုသည်။

 ငွေကြေးဈေးကွက်၏ ပြိုလဲမှု စနစ်တွင် ဈေးကွက်၏ အရွယ်အစားနှင့် အကြပ်အတည်းဖြစ်စေနိုင်မှု အခြေအနေ မညီမျှ နိုင်တော့လျှင် Crisis ဖြစ်သည်။ ဆိုလိုသည်မှာ ဈေးကွက်၏ ငွေဖြစ်လွယ်စွမ်းစနစ် မြင့်မားလေလေ ပြိုလဲ နိုင်ချေ များလေလေဖြစ်သည်။ ထို့နောက်ပို၍ ကျယ်ပြန့်လာပြီး Global Crisis ဖြစ်လာနိုင်သည်ကို 2008 Crisis က သာဓကပြခဲ့ပြီးဖြစ်သည်။

 ထို့ကြောင့် ရင်းနှီးမြုပ်နှံသူကြီးများကတော့ ဘဏ္ဍာရေးဈေးကွက်တွင်း ရှေ့ပြေး နမိတ်ဖြစ်သော စတော့ဈေးကွက် အခြေနေပေါ် မူတည်ပြီး ရွှေ  ငွေ ကဲ့သို့ အဖိုးတန် သတ္တု များနှင့် ငွေတိုက်စာချုပ်များ၊ အိမ်ရာများစသည့် Asset များတွင် ခွဲခြမ်း၍ ရင်းနှီးမြုပ်နှံကြသည်။

 စတော့ဈေးကွက်သည် ပုံမှန်အခြေနေတွင် နည်းပညာမြင့်မားပြီး အရောင်းအဝယ်ပြုလုပ်ရလွယ်ကူမြန်ဆန်စေကာ ငွေဖြစ်လွယ်စွမ်းမြင့်မားသည်မှန်သော်လည်း ဈေးကွက်တွင်း ကြပ်တည်းသောဖိစီးမှု များဖြစ်ပေါ်လာသည့် အခါ မည်သည့် သီအိုရီနှင့်မှ မခန့်မှန်းနိုင်သော သွေးပျက်ဖွယ်ပြိုလဲမှု ကြီး ရုတ်တရက်ဖြစ်ပေါ်တတ်သည်။ ထိုအချိန်မှ ဈေးကွက်ထဲမှ ထွက်လျှင် အလွန်တရာနောက်ကျနိုင်သည်။ မဖြစ်ခင်ကြိုတင်ပြင်ဆင်ထားသင့်သည်။ ယခုနှစ်တွင် စတော့ဈေးကွက်၌ ထိုသို့ထိပ်​လန့်​စရာ အတက်​အကျကြမ်းမှု မျိုး ရှိခဲ့ပြီး ​နောက်​ထပ်​လည်း ၎င်းထက်​ဆိုး​သော အနေအထားမျိုးလည်း ဆက်၍ ရှိလာနိုင်ပါကြောင်း ပညာရှင်များကသုံးသပ်ထားပါသည်။

 2008 ခုနှစ်​ဘဏ္ဍာ​ရေးပျက်​ကပ်​သည်​ အ​မေရိကန်​နိုင်​ငံက စတင်​ခဲ့ပြီး ဥ​ရောပနိုင်​ငံများနှင့်​ အာရှနိုင်​ငံတို့အားရိုတ်​ခတ်​ခဲ့ပြီး မြန်​မာနိုင်​ငံသည်​ပင်​  ပျက်​ကပ်​ဒဏ်​ကို အထိုက်​အ​လျောက်​ခံခဲ့ရ​သော​ကြောင့်​ အထူးပင်​သတိထား ​စောင့်​ကြည့်​သင့်​ပါ​ကြောင်း မျှ​ဝေ ​ရေးသားလိုက်​ရပါသည်​။

Credit#Nang_Kham_Thiri_Oo
image

Sort:  

This post has received a 1.25 % upvote from @drotto thanks to: @bawa91.

Congratulations @bawa91! You have completed the following achievement on Steemit and have been rewarded with new badge(s) :

You published your First Post
You got a First Vote
Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes

Do you like SteemitBoard's project? Then Vote for its witness and get one more award!

This post has received a 9.21% upvote from thanks to: @bawa91!!!
For more information, click here!!!!

If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

Congratulations @bawa91! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!