ဝီရိယ

in #esteem6 years ago

"ဝီရိယ"

ဝီရိယ က အားစိုက်တဲ့ ဝီရိယ မသုံးဘူး။
ကိုယ်ပင်ပန်း စိတ်ပင်ပန်းနဲ့ တရားမရဘူး။

ကိုယ်ချမ်းသာ စိတ်ချမ်းသာနဲ့မှ ဖြစ်မယ်။

အဲဒီတော့ …
စိတ်ညစ်အောင် စိတ်ပျက်လောက်အောင်
အားမထုတ်ပါနဲ့။

အေးအေးဆေးဆေးနဲ့ စိတ်ဝင်စားဖို့ပဲ လိုတယ်။

အားစိုက်တဲ့ ဝီရိယကို မသုံးဘူး။
စွဲမြဲတဲ့ ဝီရိယကို သုံးမယ်။

ဒီမှာ တစ်နေကုန် လုပ်ရမှာ က
မနက်အိပ်ရာ နိုးကတည်း က
ညအိပ်ရာဝင်တဲ့ အထိ
"တရားအားထုတ် ချိန်" ပဲ။

အဲဒီတော့ အားစိုက်နေရင်
တစ်နေကုန် လုပ်နိုင်မှာလား ?

ပင်ပန်းပြီးတော့ စိတ်ညစ်လာမယ်
သဒ္ဓါတွေ ကျကုန်မယ်။
ဒါကြောင့် အားစိုက်တဲ့ ဝီရိယကို မသုံးဘူး
စွဲမြဲတဲ့ ဝီရိယကို သုံးမယ်။

ဝီရိယ ဆိုတာ စိတ်ရှည်တာ ရယ်
ဇွဲရှိတာရယ် ကို ခေါ်တယ် …။

လက်မ လျှော့တာနဲ့ အားစိုက်တာ နဲ့
ဘာမှ မဆိုင်ဘူး …
ထပ်ကာထပ်ကာ လုပ်နိုင်သလောက် လုပ်မယ်
ဒါပေမယ့် လျော့မသွား ဘူး …။

ဘာနဲ့တူလဲဆိုရင် မာရသွန် ပြေးတာနဲ့ တူတယ်။
ပြေးတဲ့သူက စပြေးတာနဲ့ အသားကုန် ပြေးသလား
မပြေးဘူး …။ မှန်မှန်လေး ပဲ …

ကြာလေ အရှိန် ရလေပဲ
အဲဒီအရှိန်ကို လိုချင်လို့။ ဟုတ်ပြီလား …

သဘာဝ အတိုင်း ရလာတဲ့ အရှိန်ကို မှ
ဓမ္မ သဘာဝ လို့ ခေါ်တယ်။
လူက အတင်းလုပ်ထားတဲ့ အရှိန် က
ဓမ္မ သဘာဝ မဖြစ်ဘူး …
အားကုန်ပြီး အကြာကြီး မလုပ်နိုင်ဘူး။

မီတာ ၁၀၀ ပြေးသလို မဟုတ်ဘူး။
မာရသွန် ပြေးသလို ပြေးမှာ …

အဲဒါကြောင့် လုပ်နိုင်သလောက်ပဲ လုပ်ပါ
ဒါပေမဲ့ မလျှော့ပါနဲ့ …။

ဘယ်အချိန် က စရမှာလဲ။
မနက် အိပ်ရာနိုးကတည်း က နေ
ည အိပ်ရာဝင်တဲ့ အထိ လုပ်ရမယ်။

လုပ်ရမှာ က ခက်ခက်ခဲခဲ
ပင်ပင်ပန်းပန်း လုပ်ရမှာ လား ?
မမေ့ရုံပဲ …။
ကိုယ့်ကိုယ်ကို ပြန်ကြည့်ရုံပဲ
ဟုတ်ပြီနော် …။

သဒ္ဓါ တရား ရှိ ရမယ်၊ ယုံကြည်မှု ရှိရမယ်
ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ ယုံကြည်ရမယ်။
တရားအားထုတ်တဲ့ အပေါ်မှာ ယုံကြည်မှုရှိရမယ်။

ကိုယ့်ကိုယ်ကို ယုံကြည်ရမယ်။
ဒါထက် ပိုအရေးကြီးတာ က
ကိုယ်လုပ်တဲ့ အလုပ်ကို ယုံဖို့ဆိုတာ
ကိုယ်လုပ်တဲ့ အလုပ်ရဲ့ အကျိုးကို သိမှ
တကယ်ယုံတာ …
နားလည်မှ သဒ္ဓါအား ကောင်းတယ်။

တရားအားထုတ် ရင်…
ချမ်းသာမှာ လား ? ဆင်းရဲမှာ လား ?

တရားသဖြင့် သာ အားထုတ်ရင်
ဘယ်တော့မှ မဆင်းရဲဘူး …။
မတရားကြီး အားထုတ်နေလို့ ဆင်းရဲတာ
ဟုတ်တယ် နော် …

တရားသဖြင့် အားမထုတ်တတ်သေး လို့
မတရားအားထုတ်မိလျက်သား ဖြစ်သွားပြီး
ပင်ပန်းဆင်းရဲနေရတယ် …။
တရားသဖြင့်သာ အားထုတ်တတ်ရင် …

၁။ ရုပ်လည်းချမ်းသာတယ် စိတ်လည်းချမ်းသာတယ်။
၂။ သောကပရိဒေဝ ငြိမ်းမယ်။
၃။ ဝိပ္ပဿနာ ဥာဏ်ဖြစ်မယ်။
၎။ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရမယ်။
၅။ နိဗ္ဗာန် အာရုံပြုရမယ်။

လို့ မြတ်စွာဘုရားက သတိပဋ္ဌာနသုတ်မှာ
ဟောထားတယ် …။
တရားသဖြင့် အားမထုတ်တတ်သေးလို့ပါ။
အဲဒါကို လေ့လာရမယ် …။

တရားရအောင် လုပ်ရမှာ လား ?
အားထုတ်တတ်အောင် လုပ်ရမှာ လား ?

ရဖို့ မစဉ်းစားပါနဲ့ဦး …။

ကိုယ်လုပ်တဲ့ အလုပ်ကို ယုံရမယ်။
ဒါလုပ်တော့ ဘာအကျိုး ရှိလဲ ?

လုပ်တဲ့ဘက်ကို စိတ်ဝင်စားဖို့ ပြောတာ။
ရဖို့ သိပ်မမျှော်နဲ့ …။

လုပ်တဲ့ဘက်ကို ကျွမ်းကျင်ရမယ်။
ကိုယ့်ကိုယ်ကို ယုံရမယ်။

နောက်တစ်ခုက ‘ဥာဏ် ‘လိုတယ်။
ဝိပ္ပဿနာ ဥာဏ်၊ မဂ်ဥာဏ်
ဖိုလ်ဥာဏ် က နေပါဦး …။

အားထုတ်တတ်တဲ့ ဥာဏ် က အရင်လာရမယ်။
အားထုတ်တတ်တဲ့ ဥာဏ် မလာဘဲနဲ့ …
သဘောပေါက်တဲ့ ဥာဏ် လာမလား။

အားထုတ်တတ်အောင် အရင်လေ့လာရမယ်။

အရှင်တေဇနိယ(ရွှေဥမင်)

image
@blay

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-03T23:59:39
Account Level: 1
Total XP: 135.05/200.00
Total Photos: 21
Total comments: 0
Total contest wins: 0
And have also received a 0.09 percent upvote.

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank