ကမ္ဘာ့ကြွေးမြီပျက်ကပ်သစ် အစပျိုးခဲ့လေပြီလား

in #esteem6 years ago

*** ကမ္ဘာ့ကြွေးမြီပျက်ကပ်သစ် အစပျိုးခဲ့လေပြီလား ***

  ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ စီးပွားရေး တိုးတက်မှု နုန်းမြင့်တက်လာပြီးနောက် အလင်းရှိရာ အရိပ်ပါ ဆိုသလို ကြွေးမြီ အရိပ်မည်းကြီး ကပ်လိုက်လာလေသည်။ ဤသို့သော အခြေအနေသည် ၁၅ နှစ် နှင့် ၂၀ နှစ်အတောအတွင်း ပြောင်းလဲ ဖြစ်ပေါ်လေ့ရှိသည်။ လွန်ခဲ့ပြီးသော ကာလ ၁၉၈၂ - ၈၅ ခုနှစ်တွင် ပထမဦးဆုံး ကြွေးမြီပျက်ကပ် ဖြစ်သည့် လက်တင်အမေရိကန်ပျက်ကပ် ဖြစ်ပေါ်ခဲ့ဖူးသည်။

 ၁၉၇၀ ခုနှစ်နောက်ပိုင်းတွင် ဘရာဇီး ၊ အာဂျင်တီးနား ၊ ချီလီ ၊ မက္ကဆီကိုနှင့် အာဖရိက အပါအဝင် နိုင်ငံများတွင်  ကုန်စည်ဈေးနုန်းများမြင့် တက်လာခြင်းနှင့် ငွေဖောင်းပွ မှု နုန်း မြင့်တက်လာခြင်း တို့ က စီးပွားရေး တိုးတက်မှုကို ရှိနေသယောင်ဖြစ်စေခဲ့သည်။ စီးပွားရေးတိုးတက်မှုရှိနေခြင်းသည် တင်ပို့ကုန်များတိုးတက်လာခြင်းမှ ဒေါ်လာများကို သိုမှီးရရှိရန် အခွင့်အလမ်းဖြစ်စေသည်။ ထိုကဲ့သို့ ဒေါ်လာ သိုမှီးရရှိစေခြင်းသည် အမေရိကန်ဘဏ်များမှ ဒေါ်လာငွေ ချေးယူခြင်းကို ကွင်းဆက်ဖြစ်စေနိုင်သည်။ အဘယ့်ကြောင့် ဆိုသော် ရေနံထွက်ရှိရာ OPEC နိုင်ငံများတွင် ရေနံကို ကမ္ဘာသုံးရေနံငွေကြေး (Petrodollar) ဖြင့် ပြန်လည်ဝယ်ယူလာကြတော့မည်ဖြစ်သောကြောင့် ပက်ထရိုဒေါ်လာပြန်လည် သုံးစွဲမှု (Petrodollar Recycling) ကို ဖြစ်လာစေမည်။

    Petrodollar ကို ၁၉၇၄ ခုနှစ် အမေရိကန် သမ္မတ နစ်ဆင် လက်ထက်တွင် ဟင်နရီကစ်ဆင်းဂျာနှင့် ဝီလျံဆိုင်မွန်တို့က ဖန်တီးခဲ့ကြသည်။ Petrodollar စတင်ကျင့်သုံးသောနေ့ တွင် အမေရိကန်ဘဏ်များ ဒေါ်လာဘီလီယံနှင့် ချီသောငွေများ ဖန်တီးနိုင်ခဲ့ပြီး စတော့ဈေးကွက်လည်း အတက်ပြခဲ့သည်။ နိုင်ငံတကာမှ ဘဏ်လုပ်ငန်းရှင်များအားလုံးလည်း ဝမ်းသာလုံးဆို့ရသော နေ့ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ကြွေးမြီများပြားမှု ဖြစ်လာစေပြီး အတိုးပေါ် အတိုးဆင့်ကာ ပြိုလဲ ပျက်ဆီးကိန်းဆိုက်လာပြီ ဖြစ်သည်။ အာဖရိက နိုင်ငံ များမှာ ဆိုလျှင် တောကြီးမြက်မည်း အတွင်းမိုးမျှော်တိုက်ကြီးများ ဝင့်ကြွားဆောက်လုပ် ကြပြီး အတုအယောင် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာစေခဲ့သည်။ ဆွစ် ဘဏ်များမှ ငွေစာရင်းများမှာ အကြောင်းမဲ့ ခိုးယူခြင်းခံ လာကြရသည်။ 

    Citi ဘဏ်ကတော့ ကြွေးမြီယူခြင်းကို မတားဆီးနိုင်ခဲ့သော်လည်း  ဈေးကွက်စာရင်းအရ ကြွေးမြီ အတိုးများ၏ စာရင်းများရှင်းထုတ်ပစ်ခြင်းကို လုပ်ဆောင်ခဲ့ရသည်။ စာရင်းဟောင်းများကို ရှင်းထုတ်ပေးပြီး စာရင်းအသစ် ပြန်လည် ထားရှိခြင်း (Roll over) ပြု လုပ်ခဲ့သည်။ Citibank သည် စာရင်းရှင်းထုတ်ခြင်း အစီအစဉ်ကို ၁၉၃၀ မှ ၂၀၁၀ ခုနှစ်ထိ နှစ်ပေါင်းရှည်ကြာစွာ ပြု လုပ်ခဲ့ရသည်။ ထိုကဲ့သို့ အကြွေးဆုံးစာရင်းများ ကို ရှင်းထုတ်ပြီးနောက်  စီးပွားရေးထွန်းသစ်စလမ်းကြောင်း (EM) ပေါ် ရှိနေသော နိုင်ငံများသည် အသုံးစရိတ်များ ၊ သွင်းကုန် တင်သွင်းမှု များ လျော့ချရတော့မည် ဖြစ်ပြီး ၄င်းတို့ ၏ကြွေးမြီများကို တဖြည်းဖြည်းချင်း ဆပ်ရတော့မည် ဖြစ်သည်။ ၁၉၉၄ ခုနှစ်တုန်းက မက္ကဆီကိုနိုင်ငံတွင်ဖြစ်ခဲ့သော ကြွေးမြီ ပျက်ကပ် သည် ကျော်ကြားခဲ့ပြီး 'Tequila Crisis'ဟု အမည်တွင်သည်။

  ယခုအခါ လက်တင်အမေရိက နိုင်ငံများမှ ဘဏ်များထက် အာရှကျားများဖြစ်ကြသော စင်္ကာပူ ၊ ထိုင်ဝမ် ၊ တောင်ကိုရီးယား နှင့် ဟောင်ကောင်တို့ရှိ ဘဏ်ကြီးများကို ပစ်မှတ်ထားလာကြသည်။ ၁၉၈၂ ခုနှစ် လက်တင်အမေရိကန် ကြွေးမြီပျက်ကပ်ဖြစ်ပြီးနောက် ၁၅ နှစ်အကြာတွင် ၄င်းကဲ့သို့ ကြွေးမြီပျက်ကပ်အကြီးစားဖြစ်ခဲ့သေးသည်။ ၁၉၉၇ခုနှစ် ဇွန်လ၌ ထိုင်းနိုင်ငံတွင်ဖြစ်သည်။ ၄င်းပျက်ကပ်ဖြစ်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင်းသို့ ငွေသားစီးဝင်မှု များလာခဲ့သည်။ ထိုင်းနိုင်ငံအတွင်းများစွာသော အိမ်ရာ တည်ဆောက်မှု စီမံကိန်းများ ၊ အပန်းဖြေလုပ်ငန်းများ ၊ ဂေါက်ကွင်းစီမံကိန်းများနှင့် စီးပွားရေးလုပ်ငန်းအဆောက်အအုံများတို့ အတွက် ငွေလိုအပ်မှု များခဲ့သည်။ ထိုင်းဘတ်ငွေနှင့် ဒေါ်လာ တို့ ယှဉ်တွဲချိတ်ဆက်(Pegged)ထားသောကြောင့် ဒေါ်လာအခြေခံသော ဒေါ်လာဘတ်ငွေကြေးအတွဲ ပေါ် ရင်းနှီးမြုပ်နှံ သော သူများအတွက် ဆုံးရှုံးနိုင်ချေ အန္တရာယ်ကင်းပြီး အကျိုးအမြတ်ဖြစ်ထွန်းမှု များခဲ့သည်။ ရုတ်တရက် ဘတ်ငွေ ဈေးနုန်းတက်ခဲ့ပြီး ရင်းနှီးမြုပ်နှံသူများက အမြတ်ပိုင်းထုတ်ကြပြီး ဒေါ်လာတွင် ပြန်လည်ရင်းနှီးထားကြသည်။ ထိုအခါ ထိုင်းဘဏ်များမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ၏ ဈေးကစားမှုကြောင့် ဘတ်ငွေ တန်ဖိုးကျဆင်းကာ ဆုံးရှုံးမှု ကြီးမားခဲ့သည်။ 

  ထိုကဲ့သို့ ဖြစ်ရပ်မျိုး အခြားသော အာရှနိုင်ငံများတွင်လည်းဖြစ်ဖူးသည်။ နာမည်ကျော်Hedge Fund ကြီးဖြစ်သည့် LTCM (Long Term Capital Management) ဘဏ္ဍာရေးအကြပ်အတည်းကြီး မဖြစ်ခင် မလေးရှား ၊ အင်ဒိုနီးရှား ၊ တောက်ကိုရီးယား နှင့် နောက်ဆုံး ရုရှား ထိ ကူးစက်ပျံ့ နှံ့ ခဲ့ဖူးသည်။ LTCM ကြီး အား ဝေါစထရိမှ ဘဏ်ပေါင်း ၁၄ ခုတို့က ဒေါ်လာ ၄ ဘီလီယံပမာဏခန့် ထောက်ပံ့ပြီး ဝိုင်းဝန်းကယ်ဆယ်ကြ၍ ဒေဝါလီခံရခါနီး အခြေအနေမှ လွတ်မြောက်လာခဲ့သည်။ ဤ သည်မှာ လွန်ခဲ့သော ဆယ်စုနှစ်များက EM ဖြစ်ပေါ်ခြင်းမှ သင်ခန်းစာယူစရာများ ဖြစ်သည်။ အဓိကကတော့ ငွေကြေးအရန်သိုမှီးမှု ကို ပမာဏအဆမတန်ချဲ့ ထားကြလျှင် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သော နိုင်ငံတကာ ငွေသားစီးဆင်းမှု ကြပ်တည်းလာပြီး ဘဏ္ဍာရေး ပျက်ကပ်ဖြစ်ပေါ် ခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။ 

   ထို့အပြင် EM ဖြစ်လာလျှင် ငွေလဲလှယ်နုန်းသည်လည်း ပုံမမှန်သော လဲလှယ်နုန်း ဖြစ်ပေါ်လာစေပြီး အဖျက်သမား ဈေးကစားသူကြီး ဂျော့ဆိုးရောစ့်တို့ အကြိုက်ဖြစ်လာစေမည်။ ၁၉၉၇ ခုနှစ် ထိုင်း ပျက်ကပ်တုန်းကဆိုလျှင် ဂျော့ဆိုးရောစ့်မှ ဘတ်ငွေများကို (Short position) အရောင်း ဘက်မှ လောင်းကြေးထပ် ဈေးကစားသွားခဲ့ရာ ငွေလဲလှယ်နုန်းများ ရုတ်တရက် ကျဆင်းလာပြီး အရန်ငွေ ထားရှိမှု ပြတ်လပ်သွားခဲ့ရသည်။ ယခုအခါ အမေရိကန် ၊ ဥရောပနိုင်ငံများနှင့် အထူးသဖြင့် BRICS (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက) နိုင်ငံများတို့တွင် EM model အတိုင်း ရှိနေကြသည်။

   အာဂျင်တီးနားနိုင်ငံတွင်လည်း EM model အတိုင်းရှိနေပြီး နိုင်ငံ၏ ကြွေးမြီလိုငွေပြမှု နှင့် အရန်ငွေထားရှိမှု အချိုး ၁၂၀ % ကျော်လာသည်။ ရေနံ အဓိက ထွက်ရှိရာ ဗင်နီဇွဲလားနိုင်ငံသည်လည်း အချိုး ၁၀၀ % ခန့်ရှိလာသည်။ ထိုလက္ခဏာသည် EM model ကြွေးမြီ ပျက်ကပ် ဖြစ်ပေါ်လာတော့မည်ကို ညွှန်ပြနေခြင်းသာမက ပျက်ကပ်စတင်နေသည့် လက္ခဏာလည်းဖြစ်သည်။ နိုင်ငံတကာတွင် ကြွေးမြီ ထူပြောလာပြီး တရုတ်ကတော့ ပြင်ပ ကြွေးမြီ ထူနေသော်လည်း ဒေါ်လာ အရန်ငွေ ထားရှိမှု ဒေါ်လာ ၃ ထရီလီယံ ကျော်ရှိထားသောကြောင့် ပျက်ကပ်မှ ကျော်လွှားနိုင်ချေရှိနေသည်။ ပြဿ     နာမှာ ၄င်းပျက်ကပ်မျိုးသည် နိုင်ငံတစ်နိုင်တွင်း ဖြစ်ပေါ် ရုံမျှ မက တခြားနိုင်ငံများသို့ပါ ကူးစက်ပျံ့ မနှံ့ တတ်သည့်သဘောရှိလေသည်။ သမိုင်းတွင်လည်း ထိုသို့ ကူးစက်ပျံ့ နှံ့ခြင်းဖြစ်ခဲ့သည်။ 

 IMF ကတော့ မကြာမီ ချေးငှားခြင်း ကို ရပ်တန့် လိုက်ဖို့ရှိနေပြီး အင်အားတောင့်တင်းသော အဖွဲ့ဝင်များဖြင့် ၄င်းအခြေအနေကို ကျော်လွှားသွားဖို့ရှိလေသည်။ သို့သော် IMF ၏ အင်အားတောင့်သည်ဟု ဆိုသော ဥရောပနိုင်ငံများ သည်လည်း ၄င်းတို့ကိုယ်တိုင် ပြဿ     နာများဖြင့်တိုင်ပတ်နေသည်။ အမေရိကန်ကတော့ သမ္မတ ထရမ့် လက်အောက်တွင် တစ်ကိုယ်ကောင်းဆန်စွာ 'America First' လုပ်မည်ဖြစ်သည်။ ထိုသို့ အတိုင်အဖောက် မညီခြင်းက (EMs )ထွန်းသစ်စဈေးကွက်များ၏ ပြိုလဲ ယိမ်းယိုင်မှုအနေအထားကို ကူညီထောက်ပံ့ပေးတော့မည် မဟုတ်နိုင်တော့ပေ။ ထို့ကြောင့် ထွန်းသစ်စဈေးကွက်များ၏ ထိန်းမနိုင်သိမ်းမနိုင်အနေအထားသည် မကြာမီ ပြိုလဲ ပျက်ဆီးအနေအထားဖြစ်လာနိုင်တော့မည်။

  ယခုအခါ IMF မှ ကမ္ဘာ့အရန်ငွေထားရှိမှု နေရာတွင် ထိပ်ဆုံးနေရာမှ ဦးတည်နေသော ဒေါ်လာအစား ၄င်းတို့ ဖန်တီးထားသော SDR ငွေ ကို အစားထိုးတော့မည်ဖြစ်သည်။ ထိုအခါ SDR (Special drawing rights) သည် ကမ္ဘာပေါ်တွင် မရှိမဖြစ် ဗဟိုဘဏ်များ၏ အရန်ငွေကြေးတစ်ရပ်ဖြစ်လာမည်။ SDR ကို ဒေါ်လာအစားထိုးကမ္ဘာ့အရန်ငွေကြေးအဖြစ်အသုံးပြုလာစေဖို့ရန် နောက်ကွယ်မှ လူ့မလိုင်များကလည်း ကြိုးစားနေကြသည်။ ထို့ ကြောင့် ကမ္ဘာ့ကြေးမြီပျက်ကပ်ကြီးဖြစ်လာဖို့ ခြေတစ်လှမ်းအလို၌သာ ရှိနေပါတော့သည်။

Credit#Nang_Kham_Thiri_Oo
image

Sort:  

Congratulations @cd851! You have completed the following achievement on Steemit and have been rewarded with new badge(s) :

You published your First Post
You got a First Vote
Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @cd851! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!