Knowledge

in #esteem8 years ago

ဆရာကြီးဦးအောင်သင်းရဲ့
ကျွန်တော်အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကား

လူနဲ့တိရစ္ဆာန်ဘယ်သူသာလဲမေးရင်
လူကသာတယ်လိုပဲဖြေကြတယ်
စဉ်းစားကြည့်ရအောင်
မြင်းလောက်အပြေးသန်သလား?
ဆင်လောက်ခွန်အားကြီးသလား?
ငါးလောက်ရေကူးကျွမ်းသလား?
ကျီးကန်တို့လဒတို့လောက်မျက်စိလျှင် လား?
အယ်ဇေးရှင်းခွေးလောက်အနံ့ခံကောင်းလား?
ကျွန်တော်တို့က အဖွဲ့အစည်းနဲ့ဘာနဲ့ညာနဲ့
စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့
ပျားတွေလောက်မစည်းလုံးဘူးနော်
ပျားတွေဟာသိပ်ဝီရိယကောင်းတယ်

ပန်းပွင့်မညိုးခင်
မနက်စောစောကတည်းက လုံ့လစိုက်ပြီး
အလုပ်လုပ်တယ်
ပျားတစ်ကောင်ဟာ
ပန်းဝတ်ရည်ကိုတွေ့လာရင်သတင်းလာပို့တယ်

သူကဦးဆောင်ခေါ်သွားတယ်
နောက်ကပျားတွေကလည်းထပ်ကြပ်မကွာလိုက်တယ်
သူတို့ယူလာတဲ့ဝတ်ရည်ကို
သိုလှောင်တဲ့နေရာမှ အတိတကျထားတယ်
ဘယ်ပျားကမှမခိုးဘူး ။ မှောင်ခိုမချဘူး
ကောင်းလိုက်တဲ့ဗီဇ

ရှဥ့်လျှောက်လို့ရအောင် လမ်းချန်ပေးထားတယ်
သူများသွားလမ်းပိတ်မထားဘူး
လူတွေလိုဘယ်သူသေသေပြီးပြီးရောဆိုတဲ့
စိတ်ယုတ်မရှိဘူး
ပျားအုံကိုထိရင် အသေခံကာကွယ်တယ်
ကြည့်စမ်း

ပျားတွေနိုင်ငံတော်သည်
ဘယ်လောက်အားကျဖို့ကောင်းလဲ
ဘယ်လောက်အတုယူဖို့ကောင်းလဲ
ကောင်းပြီး ဆက်စဉ်းစားကြရအောင်
လူတွေဟာတိရစ္ဆာန်တွေထက်
ဘယ်နေရာသာသလဲ
အဖြေထုတ်ကြည့်ရင်သုံးမျိုးပဲရှိတယ်

၁.အလှအပကိုခံစားတတ်ခြင်း ဖန်တီးတတ်ခြင်း

၂.ကိုယ့်ကျင့်တရားရှိခြင်း

၃.ကျိုးကြောင်းဆင်ခြင်နိုင်ခြင်း ဥာဏ်ပညာရှိခြင်း

လူတွေဟာအလှအပကိုခံစားတတ်တယ် ဖန်တီးတတ်တယ်
တိရစ္ဆာန်တွေမှာကိုယ်ကျင့်တရားမရှိဘူး
ကြီးနိုင်ငယ်ညှင်းတယ်

မကောင်းတာကောင်းတာသူတို့မသိဘူး
ကိုယ့်ကျင့်တရားဆိုတာလည်းမရှိဘူး
လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင်
တိရစ္ဆာန်နဲ့မခြားနားဘူး
ကျိုးကြောင်းဆင်ခြင်ဥာဏ်ပညာကြီးတယ်
ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်
ကိုယ့်ထက်အားကြီးတဲ့ဆင်ကို
ချွန်ပေါက်ပြီးသစ်ဆွဲခိုင်းတယ်
မြင်းကိုပါးချုပ်တက်ပြီးခွစီးတယ်
လှည်းတပ်ဆွဲခိုင်းတယ်
ရေကူးကျွမ်းတဲ့ငါးကို ငါးမျှားချိတ်နဲ့များတယ်

ပိုက်နဲ့ဖမ်းတယ်
ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို ဖွတ် စားတယ်
ဒါဘာလို့လဲ
လူတွေကတိရစ္ဆာန်တွေထက်အကျိုးအကြောင်းဆင်ခြင်နိုင်လို့
ဥာဏ်ပညာကြီးလို့ပေါ့
လူတွေကတိရစ္ဆာန်တွေအပေါ်လွှမ်းမိုးနိုင်တာဟာ
ဥာဏ်ပိုကြီးလို့

ဒါဆိုရင်လူအချင်းချင်းရော
စဉ်းစားနော်သေချာစဉ်းစား
လူတွေမှာလည်း
ပညာကြီးတဲ့လူက ပညာနည်းတဲ့သူကို
လွှမ်းမိုးနိုင်မှာပေါ့
သူများနိုင်ငံမှာသွားပြီးပညာသင်ရတယ်
သူများနိုင်ငံမှာသွားပြီး အောက်ကျို့ခံအလုပ်လုပ်ရတယ်
သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ
ဒါကိုတို့နိုင်ငံကလူတွေကအခုချိန်ထိပညာကို
တန်ဖိုးထားရကောင်းမှန်းမသိဘူး
အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို
လွှမ်းမိုးနိုင်မှာပေါ့

အဲ့ဒီတော့ သူများလွှမ်းမိုးတာမခံရအောင်
သူများခေါင်းပုံဖြတ်တာမခံရအောင်
သူများလူလည်ကျတာမခံရအောင်
သူများအနိုင်ကျင့်တာမခံရအောင်
ပညာတတ်ဖို့ အမြင်ကျယ်ဖို့
အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ်
ဘာလုပ်ရမလဲ ။

စာဖတ်ရမှာပေါ့
စာဖတ်တယ်ဆိုတာ
သူများအမှား ကိုယ်ဆက်မမှားအောင်လုပ်တာ
သူများအတွေအကြုံ ကိုယ့်အတွေအကြုံအဖြစ်ရယူတာ
စာဖတ်တဲ့နေရာမှာ
ဦးနှောက်ကိုခွန်အားဖြစ်စေမယ်စာမျိုး
များများဖတ်ပါ ။

ဘဝကိုဦးနှောက်ကဦးဆောင်တာ
အသိပညာရစေမယ်စာတွေ
များများဖတ်စေချင်တယ်
ဆရာကြီးအားလေးစားလျှက်..........

@chitchit

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by chitchit from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျေးဇူးတင်ပါတယ်