ရေသည်သောက်တတ်လျှင် အသက်ကယ်ဆေး

in #esteem6 years ago (edited)

image
Credit:photo
ရေသည်သောက်တတ်လျှင် အသက်ကယ်ဆေး သို့မဟုတ် အသက်
ရှည်ဆေး ဖြစ်သွားနိုင်ပါ၏။
ဤစာသည် တစ်စုံတစ်ယောက်၏အသက်ကို
ကယ်တင်ကောင်း ကယ်တင်နိုင်ပါသည်။
နေ့စဉ်မနက် အိပ်ရာထထချင်း ရေကိုချက်ချင်းသောက်သောအလေ့အထသည် ယနေ့ဂျပန်ပြည်တွင်ခေတ်စားနေသည်။

သိပ္ပံပညာစမ်းသပ်ချက်များသည်ပင် နံနက်ခင်းရေသောက်ခြင်းအလေ့အထ၏ တန်ဖိုးရှိပုံကို သက်သေပြခဲ့ကြပါသည်။ ကျွန်ုပ်တို့စာဖတ်သူပြည်သူများအတွက် ရေ၏အသုံးဝင်ပုံကို ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါသည်။

ဤရေကုထုံးဖြင့် အသက်ကြီးရောဂါ ပြင်းထန်သောရောဂါများ
နှင့် ခေတ်သစ်ရောဂါများကို တစ်ရာရာခိုင်နှုန်း ပျောက်ကင်း
နိုင်ကြောင်း ဂျပန်ဆေးပညာအဖွဲ့အစည်းတစ်ခုက တွေ့ရှိခဲ့ပါသည်။

ပျောက်ကင်းနိုင်သောရာဂါများမှာ ခေါင်းကိုက်
ခြင်း ၊ဝက်ရူးပြန်ရောဂါ၊ ဦးနှောက်အမြေးရောင်ရောဂါ၊ အန်ခြင်း၊ မျက်စိရောဂါအမျိုးမျိုး၊ နား နှာခေါင်း လည်ချောင်းရောဂါများ၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ တီဘီရောဂါ၊ အဝလွန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်နာရောဂါ၊
ဝမ်းလျှောရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ကင်ဆာရောဂါ နှင့် အမျိုးသမီးများရာသီလာမမှန်ခြင်းတို့
ဖြစ်သည်။

လိုက်နာရန် နည်းလမ်းများ

၁။ မနက်အိပ်ရာနိုးနိုးချင်း သွားမတိုက်ခင်တွင် ရေတစ်လီတာဘူးကြီး
တစ်ဘူးခန့်. သို့မဟုတ် သုံးပုံနှစ်ပုံခန့် သောက်ပါ။
( တစ်လီတာထက် ပို၍မသောက်သင့်ပါ)
၂။ ပြီးနောက် သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်ပါ။ရေ
သောက်ပြီး လေးဆယ့်ငါးမိနစ်အတွင်း မည်သည့်အစာ
နှင့်ရေကိုမျှ မသောက်ပါနှင့်။
၃။ လေးဆယ့်ငါးမိနစ်ကျော်ပြီးလျှင် နဂိုစားနေကျပုံစံ
အတိုင်း မနက်စာကိုစားနိုင်ပါပြီ။
၎။ မနက်စာ၊ နေ့လည်စာ၊ နှင့် ညစာ စားပြီးနောက်ပိုင်း နှစ်နာရီအ
တွင်း မည်သည့်အစာနှင့်ရေကိုမျှ မသောက်ရ မစားရပါ။
၅။ အသက်ကြီးသူများနှင့် မကျန်းမာသူများဆိုလျှင် သောက်
နိုင်သည့်ရေပမာဏမှစ၍ သတ်မှတ်ထားသောရေပမာဏထိ လေ့ကျင့်
သောက်ပေးပါ။
၆။ အထက်ပါနည်းလမ်းသည် သာမန်လူအတွက် ကျန်မာပျော်ရွှင်သော
ဘဝတစ်ခုကိုပိုင်ဆိုင်စေနိုင်ပြီး ရောဂါဖြစ်နေသူကို ပျောက်
ကင်းအောင် ကုသနိုင်ပါ၏။

အောက်တွင် ရောဂါအမျိုးအစားအလိုက် ပျောက်ကင်းသက်သာ
လျှော့နည်းစေနိုင်သော ရက်များကို ဖော်ပြထား၏။
(၁) သွေးတိုးရောဂါ - ရက်ပေါင်း ၃၀ ရက်
(၂) အစာအိမ်ရောဂါ - ၁၀. ရက်
(၃) သွေးချိုဆီးချိုရောဂါ - ၃၀. ရက်
(၄) ဝမ်းချုပ်ခြင်း - ၁၀. ရက်
(၅) ကင်ဆာရောဂါ - ၁၈၀. ရက်
(၆) တီဘီရောဂါ - ၉၀. ရက်
(၇) အဆစ်အမြစ်ရောင်ရောဂါ - ၃ ရက် - ၂ ပတ်

ရေကုထုံးတွင် ဘေးထွက်ဆိုးကျိုး မရှိပါ။ဤရေကုထုံးကို ကျွန်ုပ်တို့၏ ဘဝတစ်လျှောက်လုံး လုပ်ဆောင်သွားနိုင်လျှင် ကောင်းလှပါသည်။ ကျန်းမာပြီး တက်ကြွသောဘဝကို ရေသောက်ပြီးပုံဖော်နိုင်ပါသည်။
ဤစာသည် အင်တာနက် page တစ်ခုမှ ဆေးပညာဆောင်းပါး
တစ်ပုဒ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

စာဖတ်သူသို့မတင်ပြမီ
ကျွန်ုပ်ကိုယ်တိုင် စမ်းသပ်သောက်သုံးခဲ့ပါသည်။ အလွန်သဘောကျလက်ခံမိပါသည်။
ဝမ်းမမှန်သောကျွန်ုပ် ဝမ်းမှန်လာသည်။ တစ်နေ့လုံးလည်း လန်းဆန်းတက်ကြွနေသည်။ ရေသည်ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို ပုံမှန်လည်ပတ်စေခြင်းအားဖြင့်ရောဂါများကို သက်သာပျောက်ကင်းစေနိုင်သည်ဟု ယူဆမိသည်။
ထို့ကြောင့် ဓမ္မတာရာသီလာမမှန်သော မိန်းမများအတွက်
အထူးသင့်လျော်သည်ဟု ယူဆမိသည်။

သို့သော်အတွေ့အကြုံအရ
ရေကုထုံးတွင် ရေနွေးကိုသုံးသင့်သည်။ ညသိပ်ရေနွေးသည် အဆိပ်ထက်ပြင်းသည်ကိုလည်း သိထားရန်လိုအပ်ပါသည်။

စာဖတ်သူအပေါင်း ကျန်းမာချမ်းသာ ဘေးရန်ကင်းကွာကြပါစေ။

Credit - ဦးတိုး

Sort:  

nice post

ကောင်းတယ်ဗျာ

ဖတ်လိုကောင်းပါတယ်

ကျေးဇူးတင်ပါတယ်