LOVE

in #esteem6 years ago

image
အကြောင်းပြချက်မဲ့တဲ့ချစ်ခြင်းက
အလှဆုံးသောအရာတစ်ခုဖြစ်ခဲ့သလို....
မမျှော်လင့်ခဲ့ဖူးတဲ့နွေးထွေးခြင်းတွေနဲ့
ရှင်သန်ရာအချိန်တွေကကိုယ့်အတွက်
တိုတောင်းလွန်းခဲ့တယ်လို့ထင်ခဲ့ဖူးတယ်။

အကြောင်းပြချက်မရှိတဲ့လမ်းခွဲရခြင်းကလည်း
အနာကျင်ဆုံးသောအရာတစ်ခုပါ
လက်ခံနိုင်စွမ်းမရှိတဲ့ကံကြမ္မာရဲ့အဆုံးအဖြတ်အတွက်
ကိုယ့်ရဲ့မျက်ရည်တွေကနာရီတွေနဲ့အတူစီးမျှောခဲ့ရတယ်..
ဒါပေမဲ့ချစ်ခဲ့မိတဲ့အတွက်နောင်တဆိုတာကတော့
ဘယ်တော့မှဖြစိမလာခဲ့သလို
အချစ်ဆိုတာပိုင်ဆိုင်ခွင့်ရခဲ့သည်ဖြစ်စေ
ကွေကွဲခြင်းနဲ့ပဲအဆုံးသတ်ရသည်ဖြစ်စေ
တကယ်ချစ်ခဲ့ကြဖို့ပဲလိုတယ်ထင်ပါတယ်။