ကူညီနိုင်ကြပါစေ

in #esteem6 years ago

fpdrqbuebm.png

စာရေးပို့စ်တင် ရေးကြမယ်
အားလုံးအားလုံး လာပါကွယ်
ဓာတ်ပုံလေးတွေ ရိုက်ကာပြ
လှလှပပ ရှုခင်းလှ။ ။
အင်္ဂလိပ်လိုလည်း ရေးနိုင်တယ်
ကျွမ်းကျင်မှုတွေ ရနိုင်မယ်
ကာတွန်းတွေလည်း ဆွဲကာထား
စတီးမစ်မှာ ရေးစို့လား။ ။
စတီးမစ်မှာ ဆုံတွေ့ရင်
သူ့ပို့စ် ကိုယ့်စ်ပို့ မန့်စေချင်
ကြားမြင်သုတ စာတွေဖတ်
ဗဟုသုတတွေမှတ်။ ။
အားလပ်ချိန်မယ် ၀င်ရေးမယ်
စတီးမစ်မှာကွယ်
စာတွေဖတ်ရင်း မိတ်ဆွေပွား
တို့မြန်မာတွေ ကြိုးစားထား။ ။
မြန်မာချင်းချင်း ရိုင်းပင်းရင်
အောင်မြင်တိုးတက် လာမှာပင်
သို့သော်ရန်ဖြစ် နေပါက
နောက်ကျနေမှာ အမှန်ပ
စည်းလုံးကြပါ မြန်မာများ
နေရာတကာ ကူညီဗျား။ ။
ကဗျာဆရာမဟုတ် ဖြစ်ချင်တာကို ရေးချင်သလိုရေးထားတာပါ………….


@kingorcasteem

Sort:  

စတီးမစ်မှာမိတ်ဆွေဖွဲ့