Baby

in #esteem6 years ago

ကလေးတစ်ယောက် ကြီးပြင်းလာဖို့ 
ကျန်းမာ ကြံ့ခိုင်နေဖို့ ၂၄နာရီ ပြည့်အောင်မပြုစုဘူးဘဲနဲ့
နေည စက္ကန့် မလပ်ပြုစုတဲ့မိခင်တစ်ယောက်ကို
မဝေဖန်ပါနဲ့

သား သမီးငိုလိုက်တိုင်း အရူးမီးဝိုင်း ဖြစ်တတ်တာ
မေမေတွေအပြင် တခြားမရှိပါဘူး

အရမ်းပင်ပန်းလွန်းတဲ့အခါ
ခဏလောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ခွင့်လေးကို
တောင့်တမိတဲ့မိခင်တွေကို အပြစ်မမြင်ပါနဲ့
ဆန္ဒရှိပေမယ့်ဘယ်သူမှ မလုပ်ဖြစ်ကြပါဘူး
ကိုယ်ကလွဲလို့  ဘယ်သူ့မှစိတ်မချနိုင်အောင်
အသက်ပေးချစ်တာ မိခင်တွေပါ

သူမသည်သူမသာဖြစ်သည်
တခြားမိခင်တွေနဲ့
ဘယ်သောအခါမှမနှိုင်းယှဉ်မိပါစေနှင့်

မိခင်တိုင်းသည်လျှောက်လှမ်းရသော
ဘဝချင်းမတူသလိုသားသမီးအပေါ် ချစ်ပြနိုင်ပုံခြင်းလည်း
ကွာကောင်းကွာနိုင်သည်
ရင်ထဲက အချစ်ကအတူတူပါပဲ

လူတကာအားကျလောက်တဲ့
ခေတ်နဲ့သစ်တို့ မေမေ ချစ်သုဝေလို
မေမေတိုင်းတော့ကိုယ့်သားသမီးအနားမှာ
စက္ကန့်မလက်နေချင်ကြသူတွေချည်းပါပဲ

ဘဝအခြေအနေအရ
ကိုယ့်စားဝတ်နေရေး ရုန်းကန်နေရတဲ့မေမေတွေ
ကိုယ့်သားသမီးအနားမှာ အချိန်ပြည့် မနေနိုင်တာ
မချစ်လို့ မှမဟုတ်ပဲလေ

ကမ္ဘာပေါ်မှာရှိသမျှမေမေတိုင်း
မေမေ ချစ်သုဝေလို့  မတောင့်မတ မကြောင့်မကြရဘဲ
ဘေးနားမှာ အထိန်းတော် အချီတော်
အပြည့်ထားပေးမည်ဆိုပါက
အမွှာပူးဆယ်ခါပြန်မွေးပြီး
စက္ကန့်မလပ် စောင့်ရှောက်မယ့်
့်မေမေတွေချည်းပါပဲ

မေမေတိုင်းက ကိုယ်တတ်စွမ်းသမျှ ဘယ်လောက်ပဲ
ဖြည့်ဆည်းပေးနေရပါစေ
မတင်းတိမ်နိုင်တဲ့သူတွေမို့ 
သူတို့ မရတဲ့ တခြားမေမေတွေကို လှမ်းငေးရင်း
သိမ်ငယ်နေတတ်တဲ့သူတွေပါ

ဒါကြောင့်သူများနှင့် နှိုင်းယှဉ်ပြီး
သူတို့ စိတ်ကို ဒဏ်ရာမပေးမိစေနှင့်

ကိုယ်ပြောမိတဲ့စကားတစ်ခွန်းက
မေမေတစ်ယောက်ရဲ့ စိတ်ကိုဘယ်သောအခါမှ
မထိခိုက်ပါစေနဲ့
ထိခိုက်မိစေခဲ့လျှင်လည်း ထို မေမေရဲ့စိတ်ဒဏ်ရာပျောက်ဖို့  ဘယ်သောအခါမှ မမျှော်လင့်နဲ့

ကမ္ကာပေါ်မှာရှိရှိသမျှမေမေတိုင်းသည်
သူတို သားသမီးတိုင်းအတွက်
အကောင်းဆုံး မေမေဖြစ်သည်
မေမေတိုင်း မေမေတိုင်း စိတ်ဒဏ်ရာ ကင်းဝေးကြပါစေ
#crd

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by lwutlatt from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.