Essay

in #esteem6 years ago

image"နင့်​ကိုကို ​ကောင်​မ​လေးတစ်​​ယောက်​နဲ့ ငြိ​နေတာ နင်​သိလား "

ဖြူရဲ့အ​ပြော​ကြောင့်​ လက်​ဖက်​ဇွန်းကို လှမ်းလက်​စ လက်​က​လေး ​လေထဲမှာတင်​ ရပ်တန့်​သွားခဲ့တယ်​။
ဝဲတက်​လာတဲ့ မျက်​ရည်​စကို မနည်းထိန်းပြီး မျက်​နှာကို တစ်​ဖက်​လှည့်​​နေလိုက်​တယ်​။

" နင်​....သိ​နေခဲ့တာလား..."

" အင်း..."

ဖြူ့ ရဲ့လက်​တစ်​ဖက်​က ကျွန်​မရဲ့လက်​ကို လာဆုပ်​ကိုင်​တယ်​။ ဖြူ့ ရဲ့ သက်​ပြင်းချသံလား...ကျွန်​မရဲ့ သက်​ပြင်းချသံလား ဆိုတာ​တောင်​ ကျွန်​မ ​ဝေခွဲမရ​တော့တဲ့အထိ ချာချာလည်​​နေခဲ့တယ်​။

" ငါသိတဲ့ ​မေ ဟာ ဆုံးဖြတ်​ချက်​ ပြတ်​သားတဲ့သူပါ။ နင်​ ဆုံးဖြတ်​ချက်​​ မှန်​မှန်​ချနိုင်​မယ်​လို့ ငါ ယုံကြည်​တယ်​ ​​မေ....။ အရာအားလုံး အဆင်​​ပြေသွားမှာပါ။ "

အိမ်​ပြန်​လမ်းဟာ ကျွန်​မအတွက်​ ​ခြောက်​ကပ်​လွန်းလှတယ်​။ လက်​ထဲမှာ ကိုင်​ထားတဲ့ ဖုန်းကို ငုံ့ကြည့်​ပြီး ကားမှတ်​တိုင်​မှာ ကျွန်​မ ကားမှတ်​တိုင်​မှာ ခဏထိုင်​​နေခဲ့တယ်​။ အချိန်​ခဏ​လောက်​ကြာ​တော့ ကျွန်​မ အလွတ်​ရ​နေတဲ့ ဖုန်းနံပါတ်​တစ်​ခုဆီ ဆက်​လိုက်​တယ်​။

" ကိုကို "

" ​မေ...​ပြော​လေ "

" မနက်​ဖြန်​ ကိုကို အားလားဟင်​ "

" ခဏ​နော်​...ကို timetable ကြည့်​လိုက်​ဦးမယ်​ "

ဖုန်းကိုင်​ထားတဲ့လက်​​တွေက မသိမသာ တုန်​​နေတယ်​။ အသံမတုန်​​အောင်​ ထိန်းပြီး ​ပြော​နေရတယ်​။

" အားတယ်​...​မေ။ ​မေ ဘယ်​သွားချင်​လို့လဲ ။ "

" ​မေ....ရုပ်​ရှင်​ကြည့်​ချင်​လို့ပါ။ "

" ဘာလဲ. .မြန်​မာကားပဲမလား "

ကိုကို့ရဲ့အ​မေးကို ကျွန်​မ ပြန်​မ​ဖြေနိုင်​​လောက်​​အောင်​ ကိုကို့အသံကို တမက်​တ​မော နား​ထောင်​​နေမိခဲ့တယ်​။

" ​အေးပါကွာ....မနက်​ဖြန်​ ​မေ့ကို အချိန်​​ပေးပါတယ်​။ ကိုကို အိမ်​​ရှေ့လာကြိုမယ်​​နော်​..."

" ဟုတ်​...."

ဖုန်းချသွားတာနဲ့တစ်​ပြိုင်​နက်​ ကျွန်​မ ကားငှါးပြီး city mark ကို သွားတယ်​။ ကိုကို ကြိုက်​မယ်​ထင်​တဲ့အရာ​လေး​​တွေဝယ်​တယ်​။

မနက်​​စော​စောထပြီး sandwich လုပ်​တယ်​။ ​နောက်​ အခြားမုန့်​​လေး​တွေ အနည်းငယ်​လုပ်​တယ်​။ အသည်းပုံဘူး​လေး သုံးဘူးထဲမှာ မုန့်​ထည့်​ပြီး ကိုကို့ကို ​စောင့်​​နေခဲ့တယ်​။

" ဘာ​တွေလဲ....​မေ "

" ကိုကို့အတွက်​ ​မေ မုန့်​လုပ်​လာတာပါ "

ကိုကိုက​တော့ ထုံးစံအတိုင်း ပြုံး​နေတယ်​။ ကျွန်​မကလည်း ထုံးစံအတိုင်း ရှက်​​နေခဲ့တယ်​။

ကိုကိုနဲ့ ချစ်​သူ​တွေသာ ​ပြောပါတယ်​။ ကျွန်​မက ကိုကို့ကို အထင်​ကြီး​လေးစားတယ်​။ တရိုတ​သေ ဆက်​ဆံတယ်​။ ကိုကို နူးညံသလို ကျွန်​မကလည်း သိမ်​​မွေ့လွန်းလှတယ်​။ ကျွန်​မတို့ရဲ့ အချစ်​လမ်း ​ဖြောင့်​တန်းမှာပါ လို့ ပုံ​သေသတ်​မှတ်​ထားခဲ့တာ မှားခဲ့မိလား....။

" ကဲ....အငိုမင်းသမီး​လေး..မြန်​မာကားလည်း ပြီးသွားပြီ။ မျက်​ရည်​​တွေလည်းကုန်​ပြီ။ ဘယ်​သွားချင်​​သေးလဲ... ​ပြော "

ရုပ်​ရှင်​ရုံထဲက​နေ နှပ်​​ချေးရှုံ့ပြီး ထွက်​လာတဲ့ကျွန်​မကို ကြည့်​ပြီး ကိုကိုက ရယ်​တယ်​။ ကိုကို့ရဲ့ လက်​ဖဝါးနုနု​လေးက ကျွန်​မရဲ့ ပါးမို့မို့ထက်​က မျက်​ရည်​​တွေကို တယုတယ သုတ်​​ပေးတယ်​။ ဒီ​လောက်​နူးညံတဲ့ကိုကိုမှာ အခြား​ကောင်​မ​လေး ရှိ​နေပြီလို့ ကျွန်​မ ဘယ်​လိုယုံရမလဲ...။

" ​မေ....ဟိုးဘက်​ကမ်းကို သ​ဘောင်္စီးချင်​တယ်​ ကိုကို "

" ဒီ​နေ့ ​မေ ထူးဆန်း​နေတယ်​။ မ​တောင်းဆိုစဖူး ​တောင်းဆို​နေပါလား ။ "

" ကိုကို..မအားလို့လားဟင်​ "

ကျွန်​မရဲ မဝံမရဲအသံ​ကြောင့်​ ကိုကိုက ကျွန်​မကို ငုံ့ကြည့်​တယ်​။ ပြီး​တော့ ​ခေါင်းခါပြတယ်​။ ကျွန်​မရဲ့လက်​ကိုဆွဲပီး သ​ဘောင်္ဆိပ်​ဆီ လှမ်းသွားခဲ့တယ်​။

နေဝင်​ချိန်​​ကို ကိုကို့ပုခုံး​ပေါ်မှီပြီး ကြည့်​ခဲ့ရတဲ့ ည​နေခင်းကို ကျွန်​မ ​မေ့နိုင်​မယ်​လို့မထင်​ဘူး။ ​လေ​ပြေညင်း​တွေက ကျွန်​မနဲ့ကိုကိုကြား ​နေရာဝင်​ယူမှာ​တောင်​ စိုးရိမ်​လှတယ်​။ ဆံပင်​ရှည်​​တွေ နဲ့ ​လေနု​အေး​တွေ ရန်​ဖြစ်​ကြ​တော့ ကိုကိုက ​ဖြေရှင်း​ပေး​နေ​သေး။

သ​ဘောင်္ကမ်းပြမ်​ကပ်​ခါနီး​တော့ ကိုကိုက ကျွန်​မရဲ့နှဖူးကို အနမ်းတစ်​ပွင့်​ ဖွဖွ​လေး ​ခြွေချတယ်​။

" အရာအားလုံးအတွက်​ ​sorry ပါ ​မေ "

ကိုကို့ကို ​မော့မကြည့်​မိ​အောင်​ စိတ်​တင်းထားလိုက်​တယ်​။ ကိုကို့ကို ​မေးခွန်း​တွေလည်း ပြန်​မ​မေးရက်​ဘူး။

" အိမ်​ပြန်​ချင်​ပြီ...ကိုကို "

အသံတိုးတိုးနဲ့ ​ခေါင်း​လေးငုံ့ပြီး ​ပြောတဲ့ ကျွန်​မကို ကြည့်​ပြီး ကိုကို သက်​ပြင်းချတယ်​။ အပြန်​လမ်းဟာ ကျွန်​မတို့ နှစ်​​ယောက်​အတွက်​ တိတ်​ဆိတ်​လွန်းလှတယ်​။

ကျွန်​မရဲ့အိမ်​​ရှေ့ကို ​ရောက်​​တော့ ကျွန်​မ ကိုကို့ကို စကားစ​ပြောလိုက်​တယ်​။

" ကိုကို "

" ဟင်​..."

" ​မေ...ကိုကို့ကို ချစ်​တာ ကိုကို သိတယ်​မလားဟင်​ "

နားမလည်​နိုင်​တဲ့မျက်​လုံး​တွေက ကိုကိုက ကျွန်​မကို ​ငေးကြည့်​​နေတယ်​။

" ကိုကို....သူ့ကို ချစ်​လားဟင်​.."

ကျွန်​မရဲ့မျက်​လုံးကို မကြည့်​ဘဲ ချက်​ချင်း ​ဘေးဘက်​ကို လှည့်​သွားတယ်​။

" ​မေ...သိပါတယ်​ ကိုကို ။ ကိုကိုက စိတ်​မပါရင်​ ဘာမှမလုပ်​တဲ့လူမျိုးပါ။ ကိုကို စိတ်​ပါ​နေတာ​ရော ကိုကို သူ့ကို ချစ်​​နေတာပါ ​မေ...သိပါတယ်​။ "

စိတ်​ရှုပ်​သွားဟန်​ ရှိ​ပေမယ့်​ ကိုကို တစ်​ခွန်းမျှ ပြန်​မ​ပြောဘူး။

" တစ်​ခု​လောက်​​မေးပါရ​စေ ကိုကို "

" ​မေးပါ ​မေ... ။ကို အရိုးသားဆုံး ​ဖြေမှာပါ။ "

" ​မေ...ကိုကို့ကို စိတ်​ညစ်​​အောင်​ လုပ်​ခဲ့မိဖူးလား။ "

" တစ်​ခါမှ မလုပ်​ခဲ့ဖူးပါဘူး။ "

" ​မေ​လေ..ကိုကို့ကို အထင်​ကြီး​လေးစားတယ်​။ ပြီး​တော့ ကိုကို့ကိုလည်း ချစ်​တယ်​။ ကိုကို မျက်​နှာတစ်​ချက်​ ပျက်​မယ့်​ကိစ္စမျိုး ​မေ တစ်​ခါမှ မလုပ်​ခဲ့ဖူးပါဘူး။ ပြီး​တော့ ကိုကို့ကို ​လေသံမာမာနဲ့​တောင်​ မ​ပြောခဲ့ဖူးဘူး။ စိတ်​ဆိုးစိတ်​​ကောက်​ဖြစ်​ဖို့မ​ပြောနဲ့ ကိုကို ​သေဆို​သေ ရှင်​ဆိုရှင်​ ​နေခဲ့တာပါ။ "

အသံက တိုးတထက်​တိုးဝင်​သွားပြီး မျက်​ရည်​က အလိုလို ကျလာတယ်​။

"​မေ...ကို ဘာမှ မဆုံးဖြတ်​ရ​သေးဘူး။ ​မေ...ကို့ကို ​စောင့်​​နေ​ပေးပါ ။ ကို...​မေ့ဆီ လှမ်းလာခဲ့မှာပါ။ "

" ​မေ...ဆုံးဖြတ်​တာကို​ရော ကိုကို လက်​ခံနိုင်​မလားဟင်​ ။ ​မေ...အရင်​ထွက်​သွားမယ်​ ကိုကို ။ ကိုကို့ကိုလည်း ဘယ်​ကြိုးနဲ့မှ မချည်​​နှောင်​ထားချင်​ဘူး။ ​မေ့ကို အရင်​ထွက်​သွားခွင့်​ပြုပါ။ "

" ​မေ...."

တလန့်​တကြား ​အော်​သံက ကျွန်​မကို တုန်​ယင်​​စေတယ်​။

" ဘာလို့လဲ...ကို့ကို​ပြောပါ။ "

မျက်​ရည်​​တွေ သုတ်​လိုက်​ပြီး ​ခေါင်းကို ​မော့လိုက်​ပြီး​ ကိုကို့ကို ကြည့်​တယ်​။

" ချစ်​သူဘဝဆိုတာ ဘဝမှာ အကြည်​နူးဆုံးအချိန်​ပါ။ ​မေတို့ကြားမှာ ဘာအခက်​အခဲမှ မရှိခဲ့ဘူး။ ကိုကိုလည်း ​မေ့ကို အ​ကောင်းဆုံး ဆက်​ဆံခဲ့သလို ​မေလည်း ကိုကို့ကို အ​ကောင်းဆုံး​သော ချစ်​ခြင်း​မေတ္တာ​တွေနဲ့ ချစ်​ခဲ့တယ်​။

ပြီး​တော့ အိမ်​​ထောင်​သည်​ ဘဝဆိုတာ ဘဝမှာ အခက်​ခဲဆုံးထဲက တစ်​ခုပါ။ အဲ့ဒီအခက်​အခဲ​တွေကို ချစ်​ခြင်း​မေတ္တာ​တွေရယ်​ သစ္စာတရား​တွေရယ်​ ပြီး​တော့ နားလည်​မှု​တွေနဲ့ ​ကျော်​ဖြတ်​ရမှာ။

အဲ့ဒီအချိန်​ထိ ​မေ့လက်​ကို မြဲမြဲကိုင်​ထား​ပေးမယ့်​သူကို ​မေ လိုချင်​တယ်​။ ချစ်​သူရည်းစားဘဝမှာ​တောင်​ ကိုယ့်​အတွက်​ 100 % မဟုတ်​တဲ့ သူတစ်​​ယောက်​ကို ​မေ ဘယ်​လို အိမ်​​ထောင်​သည်​ဘဝအထိ ရည်​ရွယ်​ရမလဲ။ အဲ့ဒါ ​မေ့ရဲ့ ဆုံးဖြတ်​ချက်​ပါ..ကိုကို။ "

ဘဝမှာ ပထမဆုံး ကိုကို့ကို စိတ်​အ​နှောက်​အယှက်​​ပေးခဲ့မိပုံ​ပေါ်တယ်​။ ကိုကို စိတ်​တို​နေတာလား...စိတ်​ရှုပ်​​နေတာလား....ကျွန်​မ ​ဝေမခွဲတတ်​။

" ကိုကို...အဆင်​​ပြေပါ​စေ​နော်​...​မေ့ကို သွားခွင့်​ပြုပါ။ "

ကား​ပေါ်မှာ ကိုကို ဘယ်​လို ကျန်​ခဲ့သလဲ ကျွန်​မမသိ။ ပြင်​ပ​လေထုနဲ့ ထိ​တွေ့လိုက်​တာနဲ့ တစ်​ပြိုင်​နက်​ ​ပေါ့ပါးလွတ်​လပ်​မှုကို ခံစားရတယ်

ဒီ​နေ့ တစ်​ရက်​​တော့ အဝငိုပါရ​စေ။

မနက်​ဖြန်​ များစွာမှာ ကျွန်​မဟာ ရဲရင့်​တဲ့ မိန်းမတစ်​​ယောက်​အဖြစ်​ ​လောကကြီးထဲကို ဝင်​​ရောက်​​တော့မှာပါ။

အဲ့ဒီမနက်​ဖြန်​​တွေမှာ ဘယ်​သူမှမပါ​တော့ဘူး။ စိတ်​ကူးယဉ်​အိပ်​မက်​​လေးအစား လက်​​တွေ့ဘဝကြီးတည်​​ဆောက်​ဖို့ ကြိုးစား​တော့မယ်​။

အရာအားလုံးအတွက်​ ​ကျေးဇူးအများကြီး တင်​ပါတယ်​ ကိုကို...။

ကျွန်​မရဲ့ မနက်​ဖြန်​အတွက်​ ကျွန်​မ ပြင်​ဆင်​လိုက်​ပါဦးမယ်​။ ကိုကိုက​တော့ ကျွန်​မရဲ့ မနက်​ဖြန်​မှာ မပါ​တော့ဘူး​ပေါ့။

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-30T08:49:21
Account Level: 0
Total XP: 6.50/100.00
Total Photos: 1
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

@lwutlatt, I gave you an upvote on your first post! Please give me a follow and I will give you a follow in return!

Please also take a moment to read this post regarding bad behavior on Steemit.