Ghost

in #esteem6 years ago

သရဲရှိတယ်လို့ နာမည်ကြီးတဲ့နေရာများ
IMG_20180721_093009.jpg
တကယ်တော့သရဲဆိုတာမမြင်ဖူးခင်အသံ
ကြားရုံနဲ့တင် ဖိန့်ဖိန့်တုန်အောင်ကြောက်တတ်တာ။ ရုပ်ရှင်ရုံမှာ သရဲကားသွားကြည့်ပြီဆို ကိုယ့်အသံချည်းပဲ လန့််တာကိုး အော်မှာပေါ့လေနော်…

ပရိသတ်တွေကို ကမ္ဘာ့အနှံ့က သရဲခြောက်တဲ့နေရာတွေကို ပြောပြပေးလိုက်ပါတယ်။ သရဲခြောက်တာ ခံဖူးချင်တယ်ဆိုရင်တော့ သွားလည်လို့ရနိုင်ပါတယ်။

(၁) လစ်ဇီဘော်ဒန်အိမ်

ဒီအိမ်ကြီးဟာဆိုရင်တော့ လစ်ဇီနဲ့သူမရဲ့ မိသားစုတွေနေထိုင်ခဲ့ကြတဲ့ အိမ်ကြီးဖြစ်ပါတယ်။ မန်ဆက်ချူးဆက်ပြည်နယ်၊ ဖောလ်ရေးဗားမြို့မှာ တည်ရှိပါတယ်။ ၁၈၉၂ ခုနှစ်မှာ လစ်ဇီဟာ သူမရဲ့ဖခင်နဲ့ မိထွေးကို ပုဆိန်နဲ့သတ်ခဲ့ပါတယ်။ သူမထောင်ကထွက်လာပြီးနောက်ပိုင်းမှာ အဲဒီအိမ်မှာနေထိုင်ခြင်းမရှိတော့ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ ဘေးပတ်ဝန်းကျင်က လူတွေက ဒီအိမ်ကြီးမှာ ညဘက်ခြောက်လှန့်တယ်ဆိုပြီး ပြောစမတ်တွင်လာကြပါတယ်။

(၂) ရေလ်ဟမ်ဟော

ရေလ်ဟမ်ဟော ကဆိုရင်တော့ အင်္ဂလန်နိုင်ငံ၊ ကျေးလက်ဒေသတစ်ခုမှာ တည်ဆောက်ခဲ့တဲ့အိမ်ကြီး ဖြစ်ပါတယ်။ ဒီအိမ်ကြီးဟာဆိုရင်လည်း သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ အိမ်ကြီးတဲ့အိမ်ကြီးဖြစ်ပါတယ်။ မဂ္ဂဇင်းတစ်ခုအတွက် ဓာတ်ပုံဆရာတစ်ဦးက အိမ်ထဲကိုဓာတ်ပုံဝင်ရိုက်တဲ့အခါ အိမ်ကြီးမှာ မင်းမျိုးမင်းနွယ် အမျိုးသမီးတစ်ဦး ဖြစ်တဲ့ ဒေါ်ရသီဝေလ်ပိုးလ်ရဲ့ အရိပ်ကိုပုံထဲမှာ ဖမ်းမိခဲ့ပါတယ်။

(၃) ပိုဗက်လီယာကျွန်း

အီတလီနိုင်ငံရဲ့ ဗင်းနစ်မြို့လေးကို အလည်သွားမယ်ဆိုရင်တော့ ပိုဗက်လီယာကျွန်းလေးက ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတစ်ခုဖြစ်လာပေမယ့်လည်း အရင်တစ်ချိန်က အဲဒီကျွန်းမှာ ကပ်ရောဂါသည်တွေကို သီးသန့်ခွဲခြားထားတဲ့ နေရာတစ်ခုဖြစ်ခဲ့ဖူးပါတယ်။ ၂၀ရာစုအစောပိုင်းကတည်းက ဒီကျွန်းမှာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိသူတွေကိုလည်း ခိုလှုံခွင့်ပေးခဲ့ပါတယ်။ ရောဂါသည်တော်တော်များများ သေဆုံးခဲ့တာကြောင့် ဒီကျွန်းက သရဲခြောက်တဲ့နေရာအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

Written..@lwutlatt
Photo..Google