နွေ
in #esteem6 years ago
ဟေမာန်​ ​နောက်​ဆုံး
image ဆန်းစ​ သစ်​​နွေ
ဝေလီ နံနက်
နှင်းမြူ ထပ်​၏။
       ညဉ်​နက်​    ခြမ်းဝယ်
           ချမ်းတုံ   ​သေ့၏။
             ဧရာ    မြစ်​တို့
     သဲ​သောင်​    ထွန်း​ပေါ်
        ကိုတံငါ     ဖို့
          ပိုက်​ချ     ​ပျော်​၏။
        ကိုင်းထဲ    ကျွန်း​ပေါ်
            ပဲခင်း    တစ်​​မျှော်
               ဖရဲ    သခွား
      စိုက်​လျှက်​    များ၏။
             မုရင်း    စိမ်းလဲ့
           မြစ်​ကျိုးး   အင်းပြတ်
           ကျွဲနက်​   ဗျိင်းဖြူ
       လိုက်​ဖက်​    ထူ၏။
          ပွင့်​ကြ     မြိုင်​၏။
           ရိုးပြတ်​    လယ်​ကွင်း
         ငှက်​​တွေ    ပျံ၏။
             ရွှံ့ဗွက်​    ​ရောယှက်
          ပက်​ကြား   အပ်​၏။
         အဇာဋာ     ထက်
      တိမ်​ကင်းပ   လျှက်
        ယဲ့ယဲ့ပြာ     ထဲ
         သိန်းစွန်​     ၀ဲ၏။
          ထန်းပင်​    ထန်းလက်
       ရင်း​ထောင်​   ထူဆွဲ
        ချိတ်​လျှက်​    အိုးမြူ
          ထန်းရည်​   ချ၏။
              သရဖီ     က
       လနှင့်​လည်း    ညီ
                ရာသီ    ညို၏။
                 ပင်​ရိုး    ပြိုင်​လည်း
              လက်​ပံ    ပွင့်​ရဲ
             ဆရက်​     နင်း​ခြေ
            ပြုတ်​ပြုတ်​   ​ကြွေ၏။
                ဥဩ      ငှက်​ကွဲ
               တွန်​သံ    တွဲ့နွဲ့
        ဖိုး​ခေါင်​ငှက်​     အီ
             စိတ်​​ထွေ    လီ၏။
               ရွက်​ရဲဝါ     ​ကြွေ
            မြင်းကွင်း       အုံ့ဆိုင်း
                      အူ       မရိုင်းလည်း
                 လွမ်းရ       ဘယ်​ဆီ
                   မတမ်း      တတ်​ပြီး။
                  Author:kyaw kyaw
                  Follow me smt68@mumushein
                  Photo from gallery
Sort:  
Hey @mumushein, gotta love Steemit! Still awesome platform and community and it's nice having great people contribute so we all benefit. Keep up the good work! Cheers!